အသီးနံ့လေးတွေနဲ့ ရွေးချယ်စရာ Harmony Naturals Lip Balm

အခုလို ဆောင်းတွင်းအချိန် ရောက်လာတဲ့အခါမှာ ဆောင်းလေးအေးတွေ တိုက်ခတ်မှုကြောင့် နှုတ်ခမ်းသားတွေက တခြားရာသီတွေထက်စာရင် ပိုပြီး ကွဲအက် ခြောက်သွေ့လာတာမျိုး ဖြစ်ပေါ်လာပါတယ်။ ဒီလိုအချိန်တွေမှာ ဆောင်းလေး ဘယ်လောက် အေးအေး၊ ရာသီဥတုကြောင့် နှုတ်ခမ်းသားတွေ ခြောက်သွေ့တာမျိုး မဖြစ်ရလေအောင် Cosmetic Myanmar ကနေ Lip Balm တစ်မျိုးကို မိတ်ဆက်ပေးချင်ပါတယ်။

ဒီ Lip Balm ကတော့  အသီးနံ့လေးတွေနဲ့ ရွေးချယ်စရာ Harmony Naturals Lip Balm လေးပဲ ဖြစ်ပါတယ်။ ရွေးချယ်စရာ အမျိုးအစား အနေနဲ့က လေးမျိုး ရှိပါတယ်။

(၁) Grapefruit

(၂) Lemon Lime

(၃) Pina Colada နဲ့

(၄) Peppermint တို့ပဲ ဖြစ်ပါတယ်။

ပါဝင်တဲ့အရာတွေကတော့ Shea ထောပတ်၊ ထောပတ်သီးအဆီနဲ့ ဗီတာမင် အီတို့ အဓိက ပါဝင်ပြီး အဓိက နှုတ်ခမ်းသားလေးကို ရေဓါတ်ဖြည့်ပေးနိုင်တဲ့အတွက် နှုတ်ခမ်းသားလေးက စိုစိုလေးနဲ့ အိအိလေး ဖြစ်နေမှာပါ။ အနံ့အားဖြင့်ကလည်း အသီးအနံ့လေးတွေကို အခြေခံပြီး ထုတ်လုပ်ထားတာ ဖြစ်လို့ လန်းဆန်းတဲ့အငွေ့အသက်ကို ခံစားစေနိုင်ပါတယ်။

Harmony Naturals Lip Balm လေး တစ်ချောင်းကို အိတ်ထဲ ဆောင်ထားပြီး နှုတ်ခမ်းခြောက်တဲ့အချိန်တိုင်း ထုတ်ထုတ် ဆိုးပေးလိုက်မယ် ဆိုရင်တော့ ဆောင်းတွင်းမှာ ဘယ်လောက်ပဲ ရေဓါတ် ခမ်းခြောက်နေပါစေ နှုတ်ခမ်းခြောက်တာမျိုးကို ဖြစ်စေတော့မှာ မဟုတ်ပါဘူးနော်။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password