
အခုလိုခေတ်မှီတိုးတက်တဲ့ ခေတ်အချိန်အခါမျိုးမှာ ကျွန်မတို့အနေနဲ့ အသားအရေကို နေရောင်ဒဏ်မှကာကွယ်နိုင်ဖို့ရန်အတွက် သတိရကြပေမဲ့ အထူးသဖြင့် Cell phone, Computer, Tablets, TV နဲ့ LED မီးသီးတွေကနေထွက်တဲ့ Blue light ကိုကာကွယ်ဖို့ရန်အတွက်မေ့လျော့နေတတ်ကြပါတယ်။ High Energy Visible ( HEV ) light တွေဟာ ဖော်ပြပါ ပစ္စည်းတွေကနေအထွက်များပြီး UV Rays တွေထက် အသားအရေအတွင်းဆုံးပိုင်းအထိ ဝင်ရောက်နိုင်ပြီး တစ်ရှူးတွေကို ဖျက်ဆီးပစ်နိုင်ပါတယ်။
ဒီ Product လေးဟာ UV Rays၊ Electric Light တွေကို ကာကွယ်ပေးနိုင်ရုံသာမဟုတ်ဘဲ အရေးအကြောင်းလေးတွေကို သက်သာပျောက်ကင်းစေလို့ သုံးရအရမ်းအဆင်ပြေမှာပါ။ ပတ်ဝန်းကျင်မှ ထွက်ပေါ်လာတတ်တဲ့ အဆိပ်အတောက်တွေကို အလွှာတစ်လွှာအနေနဲ့ ကာကွယ်ပေးနိုင်စွမ်းလည်းရှိပါတယ်။ SPF 30 ပါဝင်ပြီး 360 ဒီဂရီတိုင်ကာကွယ်ပေးနိုင်ပါတယ်။
မျက်နှာသန့်စင်ပြီးတိုင်းအသုံးပြုနိုင်ပြီး အသုံးပြုတဲ့အခါ လိုအပ်သလောက် အစက်လေးတွေချပြီး မျက်နှာအနှံ့ ပုတ်ပြီးလိမ်းပေးပါ။ Serum အနေနဲ့ Skincare series မှာ အသုံးပြုလို့ရပါတယ်။ တမျိုးတည်းအသုံးပြုလို့ရနိုင်သလို Moisturizer ဒါမှမဟုတ် Foundation တမျိုးမျိုးနဲ့ရောစပ်အသုံးပြုနိုင်ပါသေးတယ်။ သဘာဝ ထွက်ကုန်ပစ္စည်းများကိုသာအသုံးပြုထားကြောင်း ထောက်ခံမှုရရှိထားပြီး မျက်နှာအသားအရေကို Hyaluronic Acid အသုံးပြုပြီး ပြန်လည်အားဖြည့်ပေးပါတယ်။ အသားအရေကို ကာကွယ်ပေးနိုင်ပြီး ပြန်လည်အားဖြည့်ပေးနိုင်တာကြောင့် အရမ်းအသုံးဝင်တဲ့ Product လေးဖြစ်ပါတယ်။ ဈေးနှုန်းအားဖြင့် ၄၈ ဒေါ်လာဖြစ်ပြီး အနည်းငယ်အပြောင်းအလဲဖြစ်နိုင်ပါတယ်။
Image Source: coolasuncare.com