ဆယ်စုနှစ်တစ်ခုစီရဲ့ ဟောလိဝုဒ်အလှဘုရင်မများ (အပိုင်း ၁)

အချိန်တွေကပြောင်းလဲနေတာနဲ့အညီ ဆယ်စုနှစ်တစ်ခုစီမှာခေတ်စားတဲ့အလှပြင်ဆင်ပုံတွေကလည်းပြောင်းလဲခဲ့တာအမှန်ပါ။ ဒါကြောင့် နာမည်ကြီး magazine တစ်ခုဖြစ်တဲ့ Allure ကနေရွေးချယ်ထားတဲ့ ဆယ်စုနှစ်တစ်ခုစီကိုကြီးစိုးခဲ့တဲ့ ဟောလိဝုဒ်အလှဘုရင်မတွေကိုဖော်ပြပေးရင်း အချိန်နဲ့အတူပြောင်းလဲလာတဲ့ ဒီဇိုင်းကာလာအနေအထားကို ကြည့်လိုက်ရအောင်။

၁၉၂၀ခုနှစ်များ – Josephine Baker

၁၉၂၀ခုနှစ်တွေရဲ့အလှဘုရင်မကတော့ ပြင်သစ်လူမျိုး အကပညာရှင် Josephine Baker ပါ။ သူ့ရဲ့ဆံပင်ကိုအနောက်လှန်သိမ်းပြီးထုံးထားတဲ့ပုံစံနဲ့ အရောင်ရင့်ရင့်နှတ်ခမ်းနီအရောင်လေးတွေက အဲဒီခေတ်ကပျိုမေတွေကြားမှာခေတ်စားခဲ့ပါတယ်။

၁၉၃၀ခုနှစ်များ – Katherine Hepburn

ဆံပင်နီနီလေးနဲ့ အရမ်းကိုထက်ထက်မြတ်မြတ်ရှိတဲ့ Katherine Hepburn ကတော့ ဟောလိဝုဒ်ကို ၁၉၃၀ခုနှစ်များဆီက သိမ်းပိုက်ခဲ့သူပါ။ သရုပ်ဆောင်တဲ့နေရာမှာတင်မကဘဲ ဖက်ရှင်ပိုင်းမှာလည်းလွှမ်းမိုးခဲ့တဲ့ Katherine Hepburn က အခုခေတ်မှာမိန်းကလေးတွေ suit တွေ အမျိုးသားဝတ် tshirt လိုမျိုးတွေဝတ်တဲ့ဖက်ရှင်ကို စပြီးခေတ်စားစေခဲ့သူလို့ဆိုရင်လည်းမမှားပါဘူး။ သူ့ရဲ့ပုံစံဖြစ်တဲ့ ပြေပြေလေးကောက်နေတဲ့ ပခုံးထိရောက်တဲ့ဆံပင်နီနီရယ် နီရဲနေတဲ့နှုတ်ခမ်းနီရယ်ကလည်း စတိုင်တစ်မျိုးဖြစ်ခဲ့တာပါ။

၁၉၄၀ခုနှစ်များ – Ava Gardner

သူ့ကိုတော့ ညှို့အားပြင်းတဲ့ အလှဘုရင်မတစ်ပါးအနေနဲ့လူသိများခဲ့ကြပြီး သူ့ရဲ့ ပင့်တင်ထားသလို ကွေးညွှတ်နေတဲ့ arched eyebrow မျက်ခုံးပုံစံနဲ့ အညိုရောင်ဆံနွယ်ပုံစံကလည်း ၁၉၄၀ခုနှစ်တွေကိုလွှမ်းမိုးခဲ့ပါတယ်။

၁၉၅၀ခုနှစ်များ- Marilyn Monroe

Monroe ဆိုရင် အခုချိန်ထိ မသိသူမရှိအောင်ကိုကျော်ကြားလွန်းတဲ့ အလှဘုရင်မတစ်ဦးပဲဖြစ်ပါတယ်။ သူ့ရဲ့ ရွှေရောင်ဆံပင်ကောက်ကောက်လေးနဲ့ ထင်းနေအောင်ပြင်ထားတဲ့မျက်လုံး မျက်ခုံးတွေဟာ Marilyn Monroe ရဲ့ပြယုဂ်တစ်ခုလို့လည်းဆိုရမှာပါ။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password