ဆယ်စုနှစ်တစ်ခုစီရဲ့ ဟောလိဝုဒ်အလှဘုရင်မများ (အပိုင်း ၂)

အပိုင်း ၁ မှာ ၁၉၅၀ခုနှစ်တွေအထိ ဖော်ပြပေးခဲ့ပြီဆိုတော့ ၁၉၆၀ခုနှစ်နောက်ပိုင်းကစပြီး ဆက်ဖော်ပြပေးမယ်နော်။

၁၉၆၀ခုနှစ်များ – Elizabeth Taylor

ကလီယိုပါထရာမင်းသမီးလို့ နာမည်ကြီးတဲ့ Elizabeth Taylor က ၁၉၆၀ခုနှစ်များရဲ့အလှဘုရင်မဖြစ်ခဲ့သူပါ။ ရုပ်ရှင်ထဲက သူ့ရဲ့မိတ်ကပ်ပုံစံနဲ့ဆံပင်အတိပုံစံတွေက အခုချိန်ထိ ရှေ့ဆံပင်အတိညှပ်ထားတဲ့ပျိုလေးတွေဆို ကလီယိုပါထရာကေညှပ်ထားတယ်လို့ ပြောတဲ့အထိ ခေတ်စားနေတုန်းပါ။

၁၉၇၀ခုနှစ်များ – Diana Ross နဲ့ Cher

 

 

 

အဆိုတော် Diana Ross ကအသံကောင်းတယ်လို့တင်နာမည်ကြီးတာမဟုတ်ပါဘူး။ သူ့ရဲ့ ပွယောင်းယောင်း Afro ဆံပင်နဲ့ မျက်တောင်တုတွေကလည်း ၁၉၇၀ခုနှစ်တွေရဲ့ trend တစ်ခုဖြစ်ခဲ့တာပါ။ သူနဲ့အတူအလှဘုရင်မတစ်ပါးအဖြစ်ခေတ်စားခဲ့တဲ့ အဆိုတော် Cher ရဲ့ ဖြောင့်စင်းနေတဲ့ ဆံပင်အရှည်ပုံစံကလည်း ၁၉၇၀ခုနှစ်တွေရဲ့ စတိုင်တွေထဲကတစ်ခုပါ။

၁၉၈၀ခုနစ်များ- Madonna

၁၉၈၀ခုနှစ်တွေဆီက ပျိုတိုင်းအားကျအတုယူခဲ့ရတဲ့ beauty icon ကတော့ အဆိုတော် Madonna ပါ။ သူ့ရဲ့ ဆံပင်ပုံစံကအစ smudged eye မိတ်ကပ်နဲ့ ချယ်ရီရောင်နှုတ်ခမ်းလေးတွေအဆုံး ပျိုတိုင်းအတွက်တော့ အတုယူပြီးလိုက်လုပ်ချင်စရာဖြစ်ခဲ့ရပါတယ်။

၁၉၉၀ခုနှစ်များ – Janet Jackson

Michael Jackson ရဲ့ညီမဖြစ်တဲ့ Janet Jackson ရဲ့ပုံစံကတော့ ၁၉၉၀ခုနှစ်တွေရဲ့ trend တွေထဲကတစ်ခုပါ။ ဆံပင်ကောက်ကောက်နဲ့ နားကွင်းကြီးကြီးတွေ ဒါမှမဟုတ် နားပေါက်အများကြီးဖောက်တဲ့ ဒီဇိုင်းက ၁၉၉၀ခုနှစ်ကို အတော်လေးလွှမ်းမိုးခဲ့ပါသေးတယ်။

၂၀၀၀ခုနှစ်များ – Jennifer Lopez

J.Lo လို့ဆိုရင် ကလေးရောလူကြီးပါသိတဲ့အထိ အောင်မြင်ခဲ့တဲ့ အခုလည်းအောင်မြင်နေတုန်းပဲဖြစ်တဲ့ Jennifer Lopez ကတော့ ၂၀၀၀ခုနှစ်အစောပိုင်းတွေရဲ့ beauty icon ပါ။ ဆံပင်ကို ထိပ်မှာမြင့်မြင့်စီးထားပြီး nude color lip-gloss တွေဆိုးတဲ့သူ့ရဲ့စတိုင်က ခေတ်စားခဲ့သလို အခုချိန်ထိလည်းသူ့ရဲ့စတိုင်တွေက လန်းနေတုန်းပါပဲ။

 

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password