အိမ်မှာပဲ မိတ်ကပ်ဖျက်ဆေးကို ပြုလုပ်ချင်တယ်ဆိုရင်

မိန်းကလေးတွေနဲ့ မိတ်ကပ်ပြင်ဆင်ခြင်းဆိုတာကတော့ အမြဲ ဒွန်တွဲနေတဲ့အရာလေးပဲ ဖြစ်ပါတယ်။ မနက်မိုးလင်းလို့ အပြင်သွားဖို့ မိတ်ကပ်ပြင်ဆင်ထားတာတွေက ညရောက်လို့ အိပ်တော့မယ်ဆိုရင်တော့ ပြောင်စင်အောင် ပြန်လည် သန့်စင်ပေးဖို့ အရေးကြီးပါတယ်။ ချွေးပေါက်လေးတွေမှာ မိတ်ကပ်တွေ ကျန်နေမယ်ဆိုရင်တော့ အသားအရေကို ညစ်ပတ်လာစေနိုင်ပြီး ဝက်ခြံတွေ အဖု အပိန့်တွေ ဖြစ်ပေါ်လာတတ်ပါတယ်။ တကယ်လို့ မိတ်ကပ်ဖျက်ဆေးကို အိမ်မှာပဲ ကိုယ်တိုင် ပြုလုပ်ချင်တဲ့မိန်းကလေးတွေ အတွက် အခုတစ်ခါတော့ ဘယ်လိုအရာလေးတွေကို သုံးပြီး ပြုလုပ်လို့ ရမလဲ ဆိုတာကို ပြောပြပေးလိုက်ရပါတယ်။

လိုအပ်တဲ့အရာများ

• အလယ်က အပေါက်ပါတဲ့ တစ်ရှုး တစ်လိပ်
• တစ်ရှုးတစ်လိပ်လုံး ဆန့်မယ့် ဘူးအလွတ်တစ်လုံး
• အုန်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• ရှားစောင်းလက်ပပ် အနှစ် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
• Essential Oil လက်ဖက်ရည်ဇွန်း တစ်ဇွန်း
• ရေနွေး ၄ ခွက် တို့ပဲ ဖြစ်ပါတယ်။

 . 

ပြုလုပ်နည်း

• အရင်ဆုံး တစ်ရှုးလိပ် အလယ်က စက္ကူလိပ်ကို ဖယ်လိုက်ပါ။ အလယ်က အပေါက်ပုံစံဖြစ်သွားတဲ့တစ်ရှုးလိပ်ကို ဘူးအလွတ်ထဲ ထည့်လိုက်ပါ။
• ကျန်တဲ့ အုန်းဆီ၊ ရှားစောင်းလက်ပပ်၊ Essential Oil နဲ့က ရေနွေးကို ရောပြီး တစ်ရှုးထည့်ထားတဲ့ဗူးထဲ လောင်းထည့်လိုက်ပါ။ တစ်ရှုးတွေမှာ အရည်တွေ ရွှဲသွားရင် လိုအပ်သလောက် ဖြတ်ဖြတ်ပြီး အသုံးပြုလို့ ရပါပြီ။
• တစ်ရှုးအစား ဝါဂွမ်းလုံးလေးတို့ မိတ်ကပ်ဖျက်တဲ့အချိန်မှာ အသုံးပြုတဲ့ ဝါဂွမ်းပြားလေးတွေကိုလည်း အသုံးပြုလို့ ရပါတယ်။ ပျိုမေတို့ အဆင်ပြေမယ့်အရာမျိုးကို ရွေးချယ်ပြီး အသုံးပြုပေးလို့ ရပါတယ်နော်။

မိတ်ကပ်ဖျက်ဆေးဆိုတာကတော့ နေ့တိုင်းစာ လိုအပ်တဲ့အရာပဲ ဖြစ်ပါတယ်။ ကိုယ်တိုင် အိမ်မှာ ပြုလုပ်ပြီး အသုံးပြုပေးတာကတော့ ဓါတုပစ္စည်းတွေ ပါဝင်မှုကို အများကြီး လျော့နည်းစေနိုင်ပါတယ်။ သဘာဝ ပစ္စည်းတွေကိုပဲ အခြေခံပြီး ပြုလုပ်လိုက်တာမို့လည်း ဘေးထွက်ဆိုးကျိုးတွေကို အများကြီး လျော့နည်းစေနိုင်ပါသေးတယ်။ အခု ပြုလုပ်ပြထားတဲ့မိတ်ကပ်ဖျက်ဆေးလေးကို အသုံးပြုပြီး သဘာဝအတိုင်း ကြည်လင် လှပနေမယ့်မျက်နှာလေးကို ပိုင်ဆိုင်လိုက်ဖို့ ဖော်ပြလိုက်ရပါတယ်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password