စျေးကြီးကြီးတွေပေးစရာမလိုဘဲ body scrub လေးကို ကိုယ်တိုင်လုပ်နည်းလေး

အချစ်တို့ရေ မိုးလေးကလည်း အေးနေတာဆိုတော့လေ အပြင်ကလည်းမထွက်ချင်ဘူး အိမ်ထဲမှာပဲ အိမ်တွင်းပုန်းနေရင်း အကျိုးရှိသွားအောင် homemade body scrub လေး လုပ်ကြည့်လိုက်ရအောင်။ ကိုယ်ကိုယ်တိုင်လုပ်ရတာလေးဆိုတော့ chemical တွေလည်း မပါ စစ်မှစစ်။ ပြီးတော့ လိုတဲ့အချိန်လည်း ထုတ်သုံးနိုင်တော့ အဆင်ပြေပြီလေ။ ဘာလိုသေးလဲ?

ကဲ ဒီတော့ ပါဝင်ပစ္စည်းလေးတွေကို ကြည့်ကြမယ်နော်။

သကြားညို, ကော်ဖီအကြမ်းမှုန့်, သံလွင်ဆီ, အနံ့တစ်မျိူးမျိုးရယ်ပါ။ အနံ့အကြောင်းကို အောက်မှာ ထပ်ရှင်းပြမယ်နော်။

သကြားအဖြူမသုံးဘဲ သကြားအညိုကို သုံးပေးပါ။ ပြီးတော့ အမှုန့်ကို ပိုနုတာလေးကို သုံးပေးပါ။ အမှုန့်ကြမ်းတာကို သုံးလိုက်ရင် အသားတွေကို နီမြန်းစေပြီးတော့ စပ်ဖျင်းဖျင်းဖြစ်နိုင်လို့ပါ၊

ကော်ဖီအကြမ်းမှုန့်ကတော့ အလွယ်တကူရနိုင်ပါတယ်။ ဖျော်လိုက်ရင် အမှုန့်မည်းမည်းကြီးတွေ ထွက်တဲ့အကြမ်းမှုန့်ကို ဝယ်ပါ။

ပြီးရင် သံလွင်ဆီ, သံလွင်ဆီကို ဟင်းချက်လို့ရတဲ့ ဆီတွေထက် အလှအပရေးရာအတွက် သုံးတဲ့သံလွင်ဆီ အမျိုးအစားကိုသုံးပေးပါ။

ပြီးရင်တော့ အနံ့လာပါပြီ။ Vanilla extract တို့ rose oil လေးတွေ ကို city mart တွေမှာ အလွယ်တကူရနိုင်ပါတယ်နော်။

ပြုလုပ်ပုံလေးကတော့-

သကြားညို ထမင်းစားဇွန်းနဲ့ ၂ ဇွန်း

ကော်ဖီအကြမ်းမှုန့် ထမင်းစားဇွန်း နဲ့ ၃ ဇွန်း

သံလွင်ဆီထမင်းစားဇွန်း နဲ့ ၃ ဇွန်း

vanilla extract နှစ်စက်လောက်ကို ထည့်မွှေပါ၊

  

  

သမအောင် မွှေပြီးသွားရင်တော့ ဘူးအလွတ်ထဲကို ထည့်ထားပြီး အလုံပိတ်ထားပေးပါ။ ပြီးရင်တော့ စိတ်ကြိုက်သုံးနိုင်ပြီလေ။ သဘာဝပစ္စည်းတွေနဲ့ပဲမို့စိတ်ချရတယ်လေ။

Scrub သုံးတာကတော့ တကယ့်ကို နှစ်ပါတ်တစ်ခါလောက် လုပ်ပေးသင့်ပါတယ်နော်။ အသားရေညစ်နွမ်းနေတာတွေ, ညိုညစ်ညစ်ဖြစ်နေတာတွေကို သက်သာစေနိုင်တာ ခန္ဓာကိုယ်ကို ကြေးချွတ်ပေးခြင်းပါ။ တစ်နေ့တစ်နေ့ အပြင်တွေသွားတော့ ဖုန်တွေ, ချွေးတွေနဲ့ ခန္ဓာကိုယ်ရဲ့ ချွေးပေါက်တွေပိတ်နေတာတွေက အသားရေကို ညစ်နွမ်းစေတဲ့ တရားခံပါ။ နေ့တိုင်းရေတွေချိူးနေတာပဲ, lotion တွေလည်း လိမ်းနေတာပဲ လို့ပြောမှာပေါ့။ ဒါပေမယ့် အသားရေကို လိမ်းသလောက်မထိရောက်သလိုဖြစ်နေတာပေါ့လေ။ အဲ့တော့ အပေါ်ယံအရေပြားကို ကြေးချွတ်ပေးမှ ပျိုမေတို့အရေပြားကို လိမ်းတာတွေအကုန် စိမ့်ဝင်ပြီးတော့ အသားရေကကြည်လင်လာမှာပါ၊

❌❌ ရှောင်ရန်တွေကဘာတွေလဲ?

scrub လုပ်ပြီးပြီးချင်း နေပူထဲမထွက်ပါနဲ့။

ပြီးတော့ scrub လုပ်ပြီးသွားရင် moisturizer ဒါမှမဟုတ် lotion ကိုမဖြစ်မနေ လိမ်းပေးပါ။

ရေစိုနေတဲ့ အရေပြားပေါ်မှာ scrub ကိုလုပ်ပေးပါ။ ရေမစိုထားရင် အရေပြားကို နာကျင်စေနိုင်ပါတယ်။

ပွတ်တိုက်တဲ့အခါမှာလည်း စက်ဝိုင်းပုံစံပွတ်တိုက်ပေးရမှာပါ။ အကြမ်းကြီးတွေတိုက်စရာမလိုပါဘူး။

ကဲ အခုတလော နေရောင်ကလည်း သိပ်မထွက်တော့ အိမ်တွင်းမှာနေပြီး အသားတွေ ဖြူလာရင်တော့ မင်မင်ကြောင့်ပဲနော်။

 

 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password