တောက်ပတဲ့အလှအပကိုဆောင်တဲ့ Vanish Flash Highlighting Stick လေးများနဲ့ Highlight လုပ်ကြပါစို့

မိတ်ကပ်လိမ်းခြယ်ရာမှာ Highlight လေးသုံးပြီး ပိုမိုထင်သာမြင်သာလှပမှုရှိနေအောင် လိမ်းခြယ်ရတာ နှစ်သက်တတ်တဲ့ပျိုမေတို့အတွက် ဒီတစ်ခေါက်တော့ Highlighter product လေးအကြောင်း ပြောပြပေးချင်ပါတယ်။ အဲဒီ Highlighter product လေးကို Hourglass Cosmetics အမှတ်တံဆိပ်ကနေ ထုတ်လုပ်ထားတဲ့ Vanish Flash Highlighting Stick ပဲဖြစ်ပါတယ်။

Hourglass Cosmetics ရဲ့ Vanish Flash Highlighting Stick လေးများကို လှပကြွရွပြီး တောက်ပထင်ရှားတဲ့ အရောင်များနဲ့ ထုတ်လုပ်ထားတာဖြစ်လို့ မိတ်ကပ်လိမ်းခြယ်ရာမှာ အသုံးပြုတဲ့အခါ ထင်သာမြင်သာ ရှိနေစေမှာဖြစ်ပါတယ်။ လိမ်းခြယ်ရာမှာလည်း ပေါ့ပေါ့ပါးပါးရှိတဲ့အထိအတွေ့ကို ခံစားရမှာဖြစ်ပြီး မျက်နှာပြင်ပေါ်မှာ blend လုပ်ရတာလည်း အခက်အခဲမရှိဘဲ အဆင်ပြေလွယ်ကူစေမှာဖြစ်ပါတယ်။

Longwearing ဖြစ်လို့ တစ်နေကုန်လှပမှုကို ထိန်းသိမ်းထားနိုင်စေမှာဖြစ်ပြီး သုံးမြှောင်တြိဂံပုံ အတောင့်လေးက ကိုယ်လိုအပ်သလောက် တိတိကျကျ ဆွဲပေးနိုင်၊ လိမ်းခြယ်နိုင်မှာဖြစ်ပါတယ်။ Shade တွေကိုလည်း အရောင်၅မျိုးထုတ်လုပ်ထားပါတယ်။ အမည်အားဖြင့်တော့ Champagne Flash, Pink Flash, Gold Flash, Rose Gold Flash နဲ့ Bronze Flash တို့ပဲဖြစ်ပါတယ်။ ဒီတော့ ပျိုမေတို့မျက်နှာပြင်ထက်မှာ ခြယ်သနိုင်ဖို့ ကိုယ်ကြိုက်နှစ်သက်တဲ့အရောင်ကို ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

ပါးရိုးများ၊ မျက်လုံးအတွင်းဘက်များနဲ့ မျက်ခုံးရိုးများမှာ Highlight ပြုလုပ်ပေးနိုင်ပါတယ်။ မျက်ခွံများပေါ်မှာ ဖိတ်ဖိတ်လက်တဲ့ အရောင်လေးရရှိစေဖို့အတွက်လည်း အသုံးပြုနိုင်ပါသေးတယ်။ ဒါ့အပြင် နှုတ်ခမ်းသားအပေါ် metallic ဆန်တဲ့အလှအပလေး ရရှိနိုင်ဖို့အတွက်လည်း နှုတ်ခမ်းနီဆိုးပြီးချိန်မှာ အပေါ်ကနေထပ်ပြီး အသုံးပြုပေးနိုင်ပါတယ်။

 

 

Image Source – www.hourglasscosmetics.com

www.facebook.com/pages/Hourglass-Cosmetics

instagram.com/hourglasscosmetics

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password