Skin Types နဲ့ အဆင်ပြေဆုံး Skin Care ရွေးချယ်နည်း ( Part-I)

Skin Care တွေက အမျိုးအစားရော Brand တွေကရော စုံလင်တယ်ဆိုတာ အကုန်လုံး သိကြမှာပါ။ Makeup လိမ်းလို့ကိုယ့်ရဲ့ ပျက်စီးသွားတဲ့ အသားအရေကို skin care နဲ့ ပြန်ပြီး care လုပ်ပေးဖို့က အဓိကကျပါတယ်။ ကိုယ့်ရဲ့အသားအရေ ကောင်းမှ make up လိမ်းတဲ့အခါလဲ ပိုပြီးလှနိုင်မှာပေါ့။အရင်တခေါက်က ကိုယ့် Skin Type အကြောင်း သိစေမယ့် စမ်းသပ်နည်းလေးတွေကို
ဖော်ပြပေးခဲ့တာဆိုတော့ အခု ပြောပြပေးမဲ့အကြောင်းအရာကတော့ ကိုယ့်ရဲ့ Skin Type နဲ့အဆင်ပြေဆုံးဖြစ်မဲ့ Skin Care ရွေးချယ်နည်းလေးပါ။ ကဲ……စလိုက်ကြရအောင်နော်။

ပုံမှန်အသားအရေပိုင်ရှင်များအတွက်Normal skin type ကို ပိုင်ဆိုင်တဲ့သူတွေကတော့ လုံးဝကို ကံကောင်းတဲ့သူတွေပါ။ သူတို့တွေရဲ့ မျက်နှာကအဆီထုတ်ပေးတဲ့ဂလင်းတွေက ပုံမှန်အလုပ်လုပ်တဲ့အတွက်ကြောင့်မို့လို့ လိုအပ်သလောက်ပဲအဆီပြန်တာပါ။ ရေနဲ့ အဆီဓာတ်က လိုအပ်သလောက်ပဲ ရှိတာဖြစ်တဲ့အတွက်အရမ်းကိုကောင်းမွန်ပါတယ်။ မျက်နှာသစ်ပြီးသွားတဲ့အချိန်မှာတော့ ခြောက်နေတယ်လို့ခံစားရကောင်းခံစားရနိုင်ပေမဲ့ နည်းနည်းလောက်ကြာသွားတဲ့အခါမှာတော့ ပုံမှန်အတိုင်းပြန်ဖြစ်သွားတာကို တွေ့ရမှာပါ။
ဒါပေမဲ့ သတိထားရမဲ့အရာတစ်ခုကတော့ skin type တွေက ပြောင်းလဲတတ်တယ်ဆိုတာပါပဲ။ ဒီတော့ကိုယ်ပုံမှန်လုပ်နေကျ skin care routine လေးကို လုပ်သွားပေးရုံပါပဲ။ Cleansing လုပ်မယ်။ ပြီးရင် Tonerသုံးမယ်။ ပြီးသွားရင်တော့ moisturizer လေးကို သုံးမယ်။ ဒီလောက်ဆိုရင်ပဲ လုံလောက်ပါတယ်။ ဒီ stepလေးတွေကို နေ့တိုင်းလုပ်ဆောင်သွားမယ်ဆိုရင်ကိုပဲ တော်တော်အဆင်ပြေပါတယ်။ Normal skin typeတွေက skin care တော်တော်များများကို သုံးလို့အဆင်ပြေတဲ့အတွက် skin care ရွေးတဲ့နေရာမှာအခက်အခဲအများကြီးရှိမှာမဟုတ်ပါဘူး။

ခြောက်သွေ့သောအသားအရေပိုင်ရှင်များ

မျက်နှာမှာရှိတဲ့ချွေးပေါက်တွေက လိုတာထက်ပိုပြီးသေးနေတယ်။ ပြီးတော့ရေဓာတ်နဲ့အဆီဓာတ်ကနည်းပါးတဲ့အတွက် မျက်နှာရဲ့ elasticity က နည်းပြီးတော့ မျက်နှာအသားအရေကခြောက်လာတာပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ မျက်လုံး ပါးစပ်နဲ့ လည်ပင်းနားလေးတွေမှာအရေးအကြောင်းသေးသေးလေးတွေကို တွေ့ရတတ်တာပဲဖြစ်ပါတယ်။ Dry Skin တွေဟာ တခြား skintype တွေထက် ပိုပြီးတော့လဲ အိုမင်းရင့်ရော်တာ မြန်ဆန်ပါတယ်။ Make-up လဲ ကြာရှည်မခံပဲနဲ့ကွာကျတာမျိုးတွေလဲ ဖြစ်တတ်ပါသေးတယ်။ Cleansing ရွေးတဲ့နေရာမှာဆိုရင်တော့ Cleansing oil နဲ့foaming cleanser ကိုရွေးချယ်တာ ပိုပြီးသင့်တော်ပါတယ်။ Cleansing oil ကတော့ မျက်နှာရဲ့အဆီဓာတ်ကို ဖြည့်တင်းပေးနိုင်ပြီးတော့ foaming cleanser ကိုတော့ မျက်နှာရဲ့အဆီဓာတ်နဲ့ရေဓာတ်ညီစေဖို့အတွက် သုံးပေးသင့်ပါတယ်။ အကယ်၍ ကိုယ်ဝယ်ထားတာက cream typeဖြစ်နေမယ်ဆိုရင်လည်း သုံးနေကျပမာဏကို ရေနဲ့ရောပြီးအမြှုပ်တွေအများကြီးရလာတဲ့အထိပွတ်ပေးပါ။ ပြီးရင် အဲ့အမြှုပ်နဲ့ သစ်ပေးပါ။

အဲ့ဒါဆိုလဲအဆင်ပြေပါတယ်။ အလွန်အမင်း exfoliating လုပ်တာကလည်း မျက်နှာအသားအရေကိုပိုပြီးခြောက်သွေ့စေပါတယ်။ Dry skin တွေက တခြား skin type တွေထက် ပိုပြီးပါးတဲ့အတွက် strongဖြစ်တဲ့ဟာတွေကို သုံးမဲ့အစား cream type ဒါမှမဟုတ် toner type တွေကိုသုံးပေးသင့်ပါတယ်။ Dry skinသမားတွေအတွက် cleansing လုပ်ပြီးသွားတဲ့အချိန်မှာ မျက်နှာအသားရေခြောက်သွားတာကိုကာကွယ်ပေးဖို့အတွက် toner ကောင်းကောင်းလေးလဲ လိုပါတယ်။ မျက်နှာအတွင်းသားခြောက်သွေ့ခြင်းနဲ့ မာမာကြီးဖြစ်နေတာကို ကာကွယ်ပေးဖို့အတွက် ၂ခေါက်ကနေ၃ခေါက်အထိသုံးပေးသင့်ပါတယ်။ serum တို့ moisturizer တို့ကိုလဲ သုံးပေးသင့်ပါတယ်။
ရေဓာတ်ကြွယ်ဝတဲ့ serum နဲ့ moisturizer တို့က မျက်နှာရဲ့ oil-water balance ကိုထိန်းပေးနိုင်မှာပဲဖြစ်ပါတယ်။

ဒီထဲမှာပြောပြထားတဲ့အတိုင်း skin care လေးတွေ သေချာရွေးချယ်ပြီး နေ့တိုင်း skin careလုပ်ပေးသွားမယ်ဆိုရင်တော့ ဘယ်လို skin type ပဲ ဖြစ်ဖြစ် ကောင်းမွန်တဲ့ အသားအရေကိုပိုင်ဆိုင်နိုင်မှာပါ။ မျက်နှာအသားအရေလေးက လှပပြီး ကျန်းမာနေတယ်ဆိုရင် make-upလိမ်းတဲ့အခါမှာလည်း ပိုပြီးအဆင်ပြေတာကိုတွေ့ရမှာပါ။ဒုတိယအပိုင်းမှာတော့oily skin type ရယ်combination skin type ရယ် sensitive skin type တွေအတွက်ရေးပေးသွားမှာဖြစ်ပါတယ်။ အားလုံးပဲလှပနိုင်ကြပါစေနော်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password