Skin Types နဲ့ အဆင်ပြေဆုံး Skin Care ရွေးချယ်နည်း ( Part-2 )

အရင်တခေါက်က ပုံမှန်အသားအရေပိုင်ရှင် ( Normal skin type ) နဲ့ခြောက်သွေ့သောအသားအရေပိုင်ရှင် ( Dry Skin Type ) တွေအတွက် ပြောပြခဲ့ပေးတာပါ။ အခုတော့အဆီပြန်သောအသားအရေပိုင်ရှင် ( Oily Skin Type ) နဲ့ ပေါင်းစပ်အသားအရေပိုင်ရှင် ( Combination skintype ) တွေအတွက် ပြောပြပေးသွားမှာပါ။

အဆီပြန်သောအသားအရေပိုင်ရှင်များOily Skin သမားတွေက အစိုဓာတ်ထက်စာရင် အဆီဓာတ်နဲ့ sebum ထုတ်လုပ်မှုက ပိုပြီးများနေပါတယ်။အဲ့ဒါကြောင့်ပဲ ဝက်ခြံတွေများနေမယ် အမဲစက်တွေ အသားအရောင်မညီတာတွေ ရှိတတ်ပါတယ်။ ချွေးပေါက်တွေကလည်းကျယ်တယ် make-up ကလဲ ပိုပြီးပျက်လွယ်ပါတယ်။ မျက်နှာသစ်ပြီးသွားရင်တောင် ခြောက်သွေ့သွားတယ်လို့ မခံစားရတာမျိုးလည်းဖြစ်တတ်ပါသေးတယ်။ အရေးအကြောင်းတွေတော့ သိပ်မရှိပေမဲ့ ရှိပြီဆိုရင်လည်း ထူထူကြီးနဲ့သိသာနေတတ်ပါတယ်။
ကြည့်လို့မလှဘူးပေါ့။ ပြီးတော့ T-zone မှာလည်း blackheads ( ဆားဝက်ခြံ )တွေအများအပြားရှိနေတတ်ပါတယ်။ Skin care ကိုတော့ Oily skin တွေကပိုပြီးတော့တောင်လုပ်ပေးသင့်ပါတယ်။ အဆီအများကြီးမပါတဲ့ products တွေကို ရွေးချယ်ဖို့ကလည်း
အရေးကြီးပါတယ်။ အဆီပြန်တဲ့အသားအရေက အစိုဓာတ်တော့နည်းပေးမဲ့ အဆီကတော့လိုတာထက်ကို ပိုနေပါတယ်။ ဒါကြောင့် exfoliating လုပ်ပြီးတဲ့အချိန်မှာ ပြန်ပြီး moisturizeလုပ်ပေးရပါမယ်။ မျက်နှာပေါ်က မည်းနေတဲ့နေရာတွေအတွက် vitamin ပါတဲ့ products တွေလည်းသုံးဖို့လိုအပ်ပါတယ်။

Cleansing လုပ်တဲ့နေရာမှာလည်း Oily skin type ဖြစ်လို့ဆိုပြီး အကြိမ်ပေါင်းများစွာမျက်နှာသစ်နေစရာမလိုပါဘူး။ sebum ထုတ်လုပ်မှုကို လျော့ချပေးပြီး မျက်နှာကိုသေချာသန့်စင်ပေးတဲ့ product တွေကို သုံးရင်ရပါပြီ။ ပြောခဲ့တဲ့အတိုင်းပဲ oily skin တွေက sebum ထုတ်လုပ်မှုအရမ်းများပါတယ်။ အဲ့ဒါကြောင့် ဝက်ခြံတွေများတယ်။ ချွေးပေါက်တွေ ပိတ်ဆို့နေတာမျိုးဖြစ်တတ်ပါတယ်။ အဲ့ဒါကြောင့် exfoliation နဲ့ care လုပ်ပေးဖို့ ပိုပြီးတော့တောင် လိုအပ်တာပါ။ Tonerကိုတော့ water type ရှိပြီး light texture(ပေါ့ပါးတဲ့အမျိုးအစား)  ကိုပေးနိုင်တဲ့ toner မျိုးကိုရွေးပြီးသုံးရမှာပါ။ Serum ကတော့ကျယ်ပြီးလျော့ရဲနေတဲ့ ချွေးပေါက်တွေကို ပြန်လည်ပြီးတော့ ကျဉ်းစေတဲ့နေရာမှာအထောက်အကူပြုပါတယ်။ ဒါကြောင့် toner သုံးပြီးရင် serum ကိုလည်း သုံးပေးသင့်ပါတယ်။နောက်ဆုံးကတော့ cream ပါ။ cream သုံးမယ်ဆိုရင်တော့ လုံးဝကို moisturize ဖြစ်ပြီး oilအများကြီးမပါဝင်တဲ့ cream မျိုးကိုသာသုံးသင့်ပါတယ်။ water type ဒါမှမဟုတ် gel type moisturizerမျိုးဆို ပိုပြီးအဆင်ပြေပါတယ်။

ပေါင်းစပ်အသားအရေပိုင်ရှင် ( combination skin type )T-zone မှာ အဆီပြန်နေတာကို ခံစားရပြီးတော့ ကျန်တဲ့ U-zone တစ်ဝိုက်မှာ ခြောက်သွေ့နေတာကိုခံစားရမှာပါ။ ပေါင်းစပ်အသားအရေတွေအတွက် oil balance ကို ထိန်းသိမ်းဖို့အတွက်ကတော့
တော်တော်လေးကိုခက်ခဲမှာပါ။ ဘာကြောင့်လဲဆိုတော့ မျက်နှာတစ်ခုထဲမှာတွင် အသားအရေက
နှစ်မျိုးဖြစ်နေတာမို့လို့ပါ။ T-zone ကို moisturize လုပ်ဖို့ လိုပြီးတော့ U-zone ကို moisturize တင်မဟုတ်ပဲလိုအပ်တဲ့အဆီဓာတ်ကိုပပေးဖို့လိုအပ်ပါတယ်။ Cleansing လုပ်တဲ့အချိန်မှာ T-zone ကို သေချာလေးဂရိုစိုက်ဖို့လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ U-zone ကိုပဲ သေချာဂရုစိုက်လိုက်ရင် T-zone မှာရှိတဲ့ sebumအပိုတွေနဲ့ ချွေးပေါက်ထဲမှာရှိတဲ့ အညစ်အကြေးတွေကို ဖယ်ရှားဖို့ ခက်ခဲသွားမှာပါ။ Combination skinသမားတွေကကိုယ့်ရဲ့ခြောက်သွေ့တဲ့ skin နဲ့ အဆီပြန်တဲ့ skin နှစ်ခုစလုံးအတွက် product တစ်ခုစီ
သုံးရင်ကောင်းပေမဲ့ middle type skin care(အလယ်အလတ်အသားရေပိုင်ရှင်) ကိုသုံးဖို့အတွက်ကတော့ ခက်ခဲမှာပါ။

exfoliatorထဲမှာဆိုရင်တော့ Skin&Lab ရဲ့ Dr.Vita Clinic Gently Vita exfoliator ကတော်တော်လေးအဆင်ပြေပါတယ်။ သူက gel type ဖြစ်ပြီးတော့ Dry ရော oily skin type ကောအတွက်ပါသုံးလို့ရပါတယ်။ ပေါင်းစပ်အသားရေတွေအတွက်ကတော့ လုံးဝကို အဆင်ပြေတဲ့ product တစ်ခုပါ။
Toner ဆိုရင်တော့ T-zone နဲ့ U-zone ဆိုပြီးသပ်သပ်ဆီ သုံးတာက ပိုကောင်းပါတယ်။ Serumအတွက်ကတော့ အစိုဓာတ်ကြွယ်ဝတဲ့ soothing serum မျိုးကိုသုံးတာလေးက ပိုပြီးတော့အဆင်ပြေပါတယ်။ Cream ကိုတော့ balm type ဒါမှမဟုတ် lightweight gel type ကို T-zone နဲ့ U-zoneအတွက်ဆိုပြီး အဓိက သုံးပေးမဲ့အစား lightweight ဖြစ်ပြီးတော့ moisturizing cream type moisturizer ကိုသုံးတာပိုပြီးအဆင်ပြေပါတယ်။ Combination skin type အတွက် ကောင်းမွန်တဲ့ oil-water balance ရှိဖို့ကအဓိကဖြစ်တာမို့လို့ပါ။ နောက်တစ်ပိုင်းမှာတော့ Sensitive skin type နဲ့ အသားအရေ type အားလုံးအတွက် Additional tips လေးတွေကို ပြောပြပေးသွားပါဦးမယ်။ အားလုံးပဲ လှပနိုင်ကြပါစေနော်။

 

 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password