ဝိုး…အုန်းဆီနဲ့ မိတ်ကပ် brush တွေကို ဆေးလို့ရတယ်တဲ့

မိတ်ကပ်လိမ်းတဲ့နေရာသုံးတဲ့ brush တွေက မိတ်ကပ်လိမ်းတဲ့အခါမှာ အကျိုးသက်ရောက်မှုများပါတယ်။ သန့်စင်တဲ့ brush က မိတ်ကပ်လိမ်းတဲ့အခါ ပိုပြီးအဆင်ပြေစေပါတယ်။ ညစ်ပတ်နေတဲ့ brush က မိတ်ကပ်ကောင်းကောင်း လိမ်းလို့ရနိုင်မှာမဟုတ်ပါဘူး။ မိတ်ကပ်လိမ်းတဲ့အခါမှာသုံးတဲ့ brush တွေကို တစ်ခါတစ်လေမှာ ဘယ်လိုဆေးရမှန်းမသိလို့ မဆေးဘဲနဲ့ဒီအတိုင်းထားလိုက်လား။  မဆေးဘဲနဲ့မနေနဲ့နော်။ brush တွေကို မဆေးဘဲနဲ့ ထပ်ခါတစ်လဲလဲပြန်သုံးနေမယ်ဆိုရင် ပျိုမေတို့ရဲ့မျက်နှာပေါ်မှာ ဝက်ခြံတွေ၊ အမဲစက်တွေနဲ့ အဆီဖုတွေအများကြီးပေါက်လာမှာပေါ့။ တစ်ခါတစ်လေမှာ ဘာမှသိပ်သုံးတာလည်းမရှိဘဲနဲ့  မျက်နှာမှာ ဝက်ခြံတွေ၊ အမဲစက်တွေ ထွက်လာပါတယ်။ မသန့်ရှင်းတဲ့ မိတ်ကပ် brush တွေမှာ ဘက်တီးရီးယားပိုးမွှားတွေ အများကြီး ပေါက်ဖွားနေပါတယ်။ အထိအခိုက်မခံတဲ့ အသားအရေပိုင်ရှင် တွေဆိုရင် ဒီမသန့်ရှင်းတဲ့ မိတ်ကပ် brush ကိုအသုံးပြုလိုက် မယ်ဆိုရင် မျက်နှာပေါ်မှာ ပြဿနာတွေအများကြီးဖြစ်လာနိုင်ပါတယ်။

ဒီလိုထွက်လာတဲ့အခါဆိုရင် မိတ်ကပ်လိမ်းတဲ့နေရာမှာသုံးတဲ့ brush တွေကို သန့်စင်အောင် ဆေးကြည့်ပါ။ brush တွေကို ဘယ်လိုဆေးကြမလဲ။ တကယ်တမ်းတော့ brush တွေကို ဆေးကြောပေးတဲ့ သန့်စင်ရည်က သပ်သပ်ရှိပါတယ်။ ဒီသန့်စင်ရည်တွေကို တကူးတက ဝယ်နေမယ်ဆိုရင် ပိုက်ဆံအပိုကုန်နိုင်ပါတယ်။ မိတ်ကပ်ပစ္စည်းတွေက စျေးကြီးရတဲ့အထဲ ဒီဆေးရည်တွေကို အသေးစိတ်လိုက်ဝယ်နေမယ်ဆိုရင် ပိုက်ဆံစုမိတော့မှာ မဟုတ်တော့ဘူးလေ။ ဒီတော့ ပိုက်ဆံကုန်လည်းသက်သာ brush တွေလည်း သန့်စင်ပြီးသားဖြစ်တဲ့ နည်းလမ်းလေးကို ပျိုမေတို့အတွက် ပြောပြပေးမယ်နော်။

ဒီနည်းလမ်းလေးကတော့ အိမ်မှာလည်းလွယ်လွယ်ကူကူပြုလုပ်နိုင်ပါတယ်။ ဆံသားအတွက်အသုံးပြုနေတဲ့ အုန်းဆီနဲ့ brush တွေကို ဆေးပေးပါ။ အုန်းဆီနဲ့ brush ကို သန့်စင်ပေးမယ်ဆိုရင် brush က သန့်ရှင်းချောမွေ့သွားတဲ့အပြင် မကောင်းတဲ့အနံ့အသက်တွေကိုပါ ကင်းစင်သွားပါတယ်။ အုန်းဆီနဲ့သန့်စင်ထားတဲ့ brush ကို မိတ်ကပ်လိမ်းတဲ့အခါ အသုံးပြုပေးမယ်ဆိုရင် နူးညံ့တဲ့အတွေ့အထိကို ခံစားရစေပါတယ်။

အုန်းဆီနဲ့ မိတ်ကပ်ဘရပ်ကို ဘယ်လိုသန့်စင်ကြမလဲ???

• အုန်းဆီ

• ကိုယ်တိုက်ဆပ်ပြာရည်

• ရေ

ပြုလုပ်ရမယ့်အဆင့်များ

အဆင့်(၁) အုန်းဆီသုံးဇွန်း၊ ရေပန်းကန်လုံးတစ်ခွက်နဲ့ ဆပ်ပြာရည်အနည်းငယ်။

အဆင့်(၂) အုန်းဆီကို အရည်ပျော်အောင် အပူပေးပါ။

အဆင့်(၃) ခွက်တစ်ခုထဲမှာ ပါဝင်တဲ့ပစ္စည်းတွေကို ရောစပ်ပေးပါ။

အဆင့်(၄) brush ကို စတင်ဆေးကြောပေးလို့ရပါပြီ။

အဆင့်(၅) brush မှာကပ်နေတဲ့ အညစ်အကြေးတွေ ပြောင်သွားပြီဆိုရင် ရေနဲ့ သန့်စင်အောင် ထပ်မံဆေးကြောပေးပါ။

အဆင့်(၆) သန့်ရှင်းတဲ့ အဝတ်စနဲ့ ရေစင်အောင် သုတ်ပေးပါ။

  

 

အဆင့်(၇) brush တွေကို ခြောက်သွေ့အောင်လှန်းပေးပါ။

အဆင့်(၈) တစ်ညလောက် လှန်းထားပေးပါ။

အကျိုးကျေးဇူးများ

• တောက်ပနေမယ်

• အနံ့အသက်တွေကင်းစင်နေမယ်

• နူးညံ့နေမယ်

• မိတ်ကပ်လိမ်းတဲ့အခါမှာ မိတ်ကပ်သားကောင်းစေမယ်

ပျိုမေတို့ရေ အုန်းဆီက အလွယ်တကူလည်း ဝယ်ယူလို့ရနိုင်တဲ့အပြင် အိမ်မှာလည်း အမြဲရှိတာကြောင့် မိတ်ကပ် brush တွေဆေးတဲ့အခါမှာ မဖြစ်မနေ အသုံးပြုပေးဖို့ တိုက်တွန်းလိုက်တယ်နော်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password