ဝက်ခြံတွေကို မိတ်ကပ်နဲ့ အရာတောင် မကျန်အောင် ဖျောက်နည်း

မိတ်ကပ်လိမ်းခြယ်တဲ့အချိန်မှာ မိတ်ကပ်သားတွေ အလှကို လျော့နည်းစေတဲ့ရန်သူ ရှိပါတယ်။ သူကတော့ နီရဲနေတဲ့ဝက်ခြံဖုလေးတွေပဲ ဖြစ်ပါတယ်။ ဝက်ခြံအမာရွတ်၊ အမည်းစက်တွေ အတွက်ကတော့ Concealer ခပ်ပါးပါး လိမ်းလိုက်ရုံနဲ့ မသိသာဘဲ ပျောက်သွားတတ်ပေမယ့် နီရဲနေတဲ့ဝက်ခြံဖုကြီးတွေအတွက်ဆိုရင်တော့ Concealer နဲ့တင် မလုံလောက်ပါဘူးနော်။ ဒီတော့ မိတ်ကပ်လိမ်းတဲ့အချိန်မှာ ဝက်ခြံဖုတွေကို မမြင်ရတော့အောင် ဘယ်လိုနည်းတဲ့ဖုံးပြီး မိတ်ကပ်လိမ်းခြယ်လိုက်လို့ရမလဲ ဆိုတာကို ပြောပြလိုက်ရပါတယ်။

• အရင်ဆုံးမျက်နှာမှာ Moisturizer လိမ်းတဲ့အချိန် ဝက်ခြံဖုလေးတွေ အပေါ်မှာ ထိအောင် မလိမ်းရပါဘူး။ ဝက်ခြံတွေကို ရှောင်ပြီး လိမ်းပေးပါ။ တကယ်လို့ ဝက်ခြံလေးတွေအပေါ်နဲ့ ဘေးမှာ လိမ်းမိသွားတဲ့ Moisturizer တွေကို တိုနာနဲ့ ပြန်သန့်စင်ပေးပါ။
• အစိမ်းရောင် Concealer ကို ဝက်ခြံဖု အပေါ်မှာ လိမ်းလိုက်ပါ။ ဟုတ်ပါတယ်။ အစိမ်းရောင် Concealer ကို လိမ်းပေးရမှာပါ။ ဝက်ခြံအပေါ်မှာပဲ သေချာလေး လိမ်းပေးပါ။
• ပြီးမှ ပုံမှန်အရောင်ရှိတဲ့ Concealer ကို ဝက်ခြံ အပေါ်နဲ့ ဝက်ခြံဘေးတွေမှာ နောက်တစ်ကြိမ် ထပ်ပြီး လိမ်းပေးပါ။

• အစိမ်းရောင် Concealer အပေါ်မှာ ပုံမှန်အရောင် Concealer ကိုပါ ထပ်လိမ်းလို့ ပြီးသွားရင်တော့ အဲ့အပေါ်မှာ မိတ်ကပ်အောက်ခံကို ထပ်ပြီး လိမ်းပေးပါ။


• မိတ်ကပ်အောက်ခံကို လိမ်းတဲ့အချိန်မှာ တစ်ခု သတိပြုပေးရမှာကတော့ အောက်ခံမိတ်ကပ်ကို အရမ်းကြီး မပွတ်လိုက်ရပါဘူး။ အသာအယာလေးပဲ ပွတ်ပေးပါ။ မဟုတ်ရင် အောက်မှာ လိမ်းထားတဲ့ Concealer နဲ့ မိတ်ကပ်အောက်ခံတွေက ရောသွားနိုင်တဲ့အတွက်ပါ။
• ပြီးသွားရင်တော့ နောက်ဆုံးအဆင့်အနေနဲ့ အပေါ်ကနေ ပေါင်ဒါမုန့်ကို ခပ်ဖွဖွလေး လိမ်းပေးလိုက်ရုံပါပဲ။

ဒီနည်း အဆင့်အတိုင်းလေးကိုသာ သေချာလေး လိမ်းခြယ်ပေးမယ်ဆိုရင်တော့ အရေးကြီးလို့ အပြင်သွားရမယ်၊ မိတ်ကပ်လိမ်းရမယ်ဆိုတဲ့အချိန်မှာ ဝက်ခြံဖုတွေက နီရဲနေလို့ အလှပျက်မှာ စိုးရိမ်စရာ မလိုအပ်တော့ပါဘူးနော်။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password