မေးစေ့မှာ ဝက်ခြံပေါက်ရတဲ့အကြောင်းနဲ့ ပျောက်ကင်းအောင် ပြုလုပ်နည်း

ဝက်ခြံဆိုတာကတော့ အသားအရေ နေရာမရွေးဘဲ နေရာတိုင်းလိုလိုမှာ ထွက်ပေါ်လာပြီး အလှကို လျော့နည်းစေနိုင်တဲ့အရာတွေ အထဲက တစ်ခုပဲ ဖြစ်ပါတယ်။ အခု တစ်ခါ ပြောပြပေးချင်တာကတော့ မေးစေ့မှာ ပေါက်တတ်တဲ့ဝက်ခြံတွေအကြောင်းပဲ ဖြစ်ပါတယ်။ မေးစေ့မှာ ဝက်ခြံပေါက်ရတဲ့အကြောင်းနဲ့ ပျောက်အောင် ပြုလုပ်လို့ ရမယ့်နည်းအကြောင်းကို ပြောပြပေးချင်တာပါ။

မေးစေ့မှာ ဝက်ခြံတွေ ဖြစ်ပေါ်လာရတဲ့အကြောင်း

ဝက်ခြံပေါက်ရတဲ့အကြောင်းအရင်းတွေ အများကြီး ရှိတဲ့အထဲက အဖြစ်အများဆုံးအကြောင်းတွေကို ပြောပြပေးလိုက်ရပါတယ်။
• ဟောမုန်း မညီညွှတ်တဲ့အတွက်ကြောင့်ပါ။ လူတိုင်းရဲ့ ကိုယ်တွင်းမှာ ရှိတဲ့ဟော်မုန်းတွေက သူ့အတိုင်းအတာနဲ့ လိုက်လျောစွာ မဖြစ်နေတဲ့အချိန်၊ ဟော်မုန်း အပြောင်းအလဲတွေကြောင့် ဝက်ခြံတွေ ထွက်ပေါ်လာရခြင်းပါ။
• စိတ်ဖိစီးမှုကို ခံစားနေရတဲ့အချိန်မှာလည်း ဝက်ခြံတွေကို ဖြစ်ပေါ်လာစေနိုင်ပါသေးတယ်။ စိတ်ပျို ကိုယ်နုဆိုတဲ့စကားလေး အတိုင်းပါပဲ။ စိတ်တွေက ပျော်ရွှင်ပြီး ပေါ့ပါးနေရင် လူပါ ကျန်းမာ လှပနေမှာ ဖြစ်သလို စိတ်မပျော်တော့ဘူး စိတ်ဖိစီးမှုတွေ ခံစားလာရပြီ ဆိုရင်တော့ မေးစေ့အောက်နားလေးတွေမှာ ဝက်ခြံသေးသေးလေးတွေ ပြုံပြီး ထွက်ပေါ် လာတတ်ပါတယ်။
• အစားအသာက် စားသုံးတဲ့အချိန်မှာ အာဟာရ မပြည့်တာကြောင့်ပဲ ဖြစ်ဖြစ်၊ အာဟာရ မမျှတတာကလည်း ဝက်ခြံတွေ ဖြစ်ပေါ်လာမှုကို အားပေးနိုင်ပါတယ်။

ပျောက်ကင်းအောင် ပြုလုပ်လို့ရမယ့်နည်း

အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာတဲ့မေးစေ့အောက်က ဝက်ခြံလေးတွေကို ပျောက်ကင်းအောင် ပြုလုပ်လို့ရမယ့်နည်းတွေကို ပြောပြလိုက်ရပါတယ်။
• မျက်နှာကို ရေနွေးငွေ့ခံပေးပါ။ ရေနွေးငွေ့ခံတယ် ဆိုတာကတော့ ခွက်အကြီး တစ်ခုအထဲ ရေနွေးအငွေ့တထောင်းထောင်းထအောင် ပူနေတာကို ထည့်လိုက်ပါ။ ခေါင်းမှာ တဘက် အကြီး တစ်ထည်အုပ်ပြီး မျက်နှာကို ရေနွေးထည့်ထားတဲ့ခွက်အပေါ် မောက်ပြီး ရေနွေးငွေ့ ခံပေးပါ။ ဒီလို ပြုလုပ်ပေးတာကတော့ မျက်နှာ အသားအရေက ချွေးပေါက်လေးတွေမှာ ရှိတဲ့အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး အသားအရေကို သန့်စင်ပေးနိုင်တဲ့အတွက်ပါ။

• မေးစေ့က ဝက်ခြံဖုလေးတွေကို လက်နဲ့ ခဏတိုင်း သွားကိုင်မိတာကို ရှောင်ပါ။ ဝက်ခြံတွေကို လက်နဲ့ ထိပြီး ဖဲ့မိတာကတော့ အမည်းစက်တွေ အမာရွတ်တွေကိုပါ ဖြစ်စေသလို ဝက်ခြံ ဖြစ်ပေါ်မှုကိုလည်း ပိုဆိုးစေနိုင်ပါတယ်။
• ဆားလက်ဖက်ရည်ဇွန်း နှစ်ဇွန်းမှာ သံပုရာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းရောပြီး ဝက်ခြံလေးတွေ အပေါ်မှာ အသာအယာပွတ်လိမ်းပေးပါ။

မေးစေ့မှာ ရှိတဲ့ဆားဝက်ခြံတွေကို ဖယ်ရှားလိုက်နိုင်ဖို့ အခု ပြောပြပေးတဲ့အချက်လေးတွေအတိုင်း ပြုလုပ်ပေးလိုက်ပါနော်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password