မည်းနေတဲ့နှုတ်ခမ်းသားလေးတွေအတွက်နည်းလမ်းကောင်းများ

နှုတ်ခမ်းသားလေးတွေကို သဘာဝအတိုင်း ပန်းနုရောင်လေး တောက်နေစေချင်တယ်ဆိုရင်၊ နှုတ်ခမ်းတွေက မည်းနေလို့ဆိုပြီး စိတ်ညစ်နေစရာ မလိုတော့ပါဘူးနော်။ မည်းနေတဲ့နှုတ်ခမ်းလေးတွေအတွက်ကတော့ အခုပြောပြပေးမယ့်နည်းလမ်းကောင်းလေးတွေကို ပြုလုပ်ပေးပြီး သဘာဝအတိုင်းပန်းရောင်လေး ဖြစ်နေမယ့်နှုတ်ခမ်းလေး တစ်စုံကို ပိုင်ဆိုင်လိုက်ပါ။

နနွင်းနဲ့ နွားနို့

နွားနို့လက်ဖက်ရည်ဇွန်း နှစ်ဇွန်းစာမှာ နနွင်းမုန့်အနည်းငယ်ကို ထည့်လိုက်ပါ။ နွားနို့ထဲ နနွင်းမုန့်တွေ သေချာရောစပ်သွားအောင်လို့ မွှေပေးပါ။ ရလာတဲ့အရည်တွေကို နှုတ်ခမ်းသားတွေ အပေါ်မှာလိမ်းပေးပါ။ ၁၀ – ၁၅ မိနစ်လောက်ထားပြီးရင် ရေနဲ့ ပြန်ဆေးလိုက်ပါ။ ဒီလို ပြုလုပ်ပေးတာကတော့ နှုတ်ခမ်းသားတွေ မည်းနေတာအတွက်ပါမကဘဲ နှုတ်ခမ်းသားတွေ ခြောက်သွေ့တာကိုပါ သက်သာစေနိုင်ပါတယ်။

အုန်းဆီနဲ့သံပုရာရည်

ဒီနည်းလေးကတော့ ညအိပ်ယာဝင်ခါနီးပြုလုပ်ပေးရမယ့်နည်းလေးပဲ ဖြစ်ပါတယ်။ သံပရာရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်းမှာ အုန်းဆီ ၄ စက်ကို ရောစပ်လိုက်ပါ။ သံပုရာရည်နဲ့အုန်းဆီကို သေချာရောမွှေပြီးရင် နှုတ်ခမ်းသားတွေအပေါ်မှာ လိမ်းပြီးအိပ်လိုက်ရုံပါပဲ။ မနက်နိုးတဲ့အချိန်ကျရင် နှုတ်ခမ်းသားလေးတွေက နူးညံ့ပြီးပန်းနုရောင် ဖြစ်နေတာကို ခံစားရမှာပါ။

ပျားရည်နဲ့သံပုရာရည်

ပျားရည်နဲ့ သံပရာရည်ကိုဆတူရောစပ်လိုက်ပြီး နှုတ်ခမ်းသားတွေထဲ စိမ့်ဝင်သွားအောင် လိမ်းပေးပါ။ လိမ်းတဲ့အချိန်မှာလည်း နှုတ်ခမ်းသားလေးတွေကို ပွတ်ပြီးလိမ်းပေးပါ။ လိမ်းပြီးရင် ၅ – ၁၀ မိနစ်လောက် ထားပြီးရင် ရေနဲ့ပြန်လည်သန့်စင်ပေးလိုက်ပါ။

နှင်းဆီပန်း

ဒီနည်းလေးကတော့ သိပ်ကို ချစ်စရာကောင်းနဲ့နည်းလေးလို့ ဆိုရမှာပါ။ နှုတ်ခမ်းသားလေးတွေကို နှင်းဆီပွင့်ဖတ်လေးတွေနဲ့ ပွတ်တိုက်ပေးပါ။ ဒီလို ပြုလုပ်ပေးတာကတော့ နှုတ်ခမ်းသားလေးတွေမှာ ရှိတဲ့ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တဲ့အတွက်ပဲ ဖြစ်ပါတယ်။ နှင်းဆီပွင့်လေးနဲ့ပွတ်ပြီးရင် ရေပြန်ဆေးပေးပါ။ ပြီးသွားရင်တော့ နှုတ်ခမ်းသားလေးတွေအပေါ်မှာ ပျားရည်ကို ပါးပါးလေးလိမ်းပေးပါ။ ၅ မိနစ်လောက်ထားပြီးရင် ရေနဲ့ နောက်တစ်ခါထပ်ဆေးပေးလိုက်တာနဲ့ နှုတ်ခမ်းသားလေးတွေက နူးညံ့ပြီး ပန်းရောင်လေး ဖြစ်နေတာကို တွေရမှာပဲ ဖြစ်ပါတယ်။

 

 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password