ချွေးပေါက်လေးတွေနဲ့ အစက်အပျောက်လေးတွေကို ပျောက်အောင်

အသားအရေဆိုတာ ဖြူနေရုံနဲ့ လှပတဲ့အသားအရေလို့ ဆိုလို့ မရပါဘူး။ ကျန်းမာပြီး ကြည်လင်တဲ့အသားအရေလေး ဖြစ်ဖို့အတွက် အပြစ်အနာအဆာ ကင်းစင်နေမှ ဖြစ်မှာပါ။ ဒီအစက်အပျောက်လေးတွေက ခြေသလုံးသားလေးတွေမှာ ပိုသိသာတတ်ပါတယ်။ ဒီလို အစက်အပျောက်လေးတွေကိုတော့ ပျက်စီးနေတဲ့ချွေးပေါက်များ ( Dark Pores) လို့ ခေါ်ဆိုပါတယ်။ ဒီလို ပျက်စီးနေတဲ့ချွေးပေါက်များက ဘာကြောင့် ဖြစ်ပေါ်လာရတာလဲ။ ဘယ်လိုနည်းနဲ့ ပျောက်အောင် ပြုလုပ်လို့ ရမလဲ ဆိုတာကို ပြောပြပေးလိုက်ရပါတယ်။

ဘာကြောင့် ဖြစ်ပေါ်လာရတာလဲ။

• ပျက်စီးနေတဲ့ချွေးပေါက်များဆိုတာ အသားအရေမှာ ရှိတဲ့ချွေးပေါက်လေးတွေက မည်းနေတာမျိုးပဲ ဖြစ်ပါတယ်။ အသားအရေမှာ ဝက်ခြံအစက်လေးတွေ ဖြစ်ပေါ်လာရတာရဲ့ အဓိက အချက်ကတော့ ချွေးပေါက်လေးတွေက ဆဲလ်သေတွေနဲ့ ပိတ်သွားလို့ ဆိုပြီး ပြောလို့ ရပါတယ်။ ဒီအပြင် ချွေးပေါက်တွေမှာ ဖုန်တွေ ချွေးတွေကြောင့် အဆီတွေ ဖြစ်ပြီး ပိတ်နေတာကြောင့်လည်း ဖြစ်ပေါ်လာတတ်ပါသေးတယ်။
• နောက်တစ်ချက်အနေနဲ့ကတော့ တချို့မိန်းကလေးတွေက လက်တွေ ခြေတွေမှာ ရှိတဲ့မွှေးညှင်းနုလေးတွေကို ရိတ်တတ်ပါတယ်။ ဒီအချိန်မှာ တုံးနေတဲ့ဂျုတ် ( Razor) တွေကို အသုံးပြုမိတာတွေကြောင့်လည်း ဖြစ်ပေါ်လာတတ်ပါတယ်။

ဘယ်လို ပျောက်အောင် ပြုလုပ်မလဲ။

အသားအရေက ချွေးပေါက်လေးတွေ မည်းပြီး အစက် အပျောက်လေးတွေ ဖြစ်ပေါ်နေတာကို ပျောက်သွားအောင် ပြုလုပ်လို့ ရမယ့်နည်းလေးကို ပြောပြပေးလိုက်ရပါတယ်။ ဒီနည်းလေးအတိုင်း ပြုလုပ်ပြီး ကြည်လင်နေတဲ့အသားအရေလေးကို ရယူလိုက်ပါ။ ပြုလုပ်နညး်လမ်းတွေကတော့ –

  

• ခွက်အလွတ် တစ်လုံး အထဲမှာ သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၄ ဇွန်းကို ရောလိုက်ပါ။
• မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရေနွေး လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ရောလိုက်ပါ။
• သကြားလက်ဖက်ရည်ဇွန်း နှစ်ဇွန်း၊ ရှားစောင်းလက်ပပ် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ သံပုရာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရောမွှေလိုက်ပါ။
• နောက်ဆုံးနည်းလေးအတွက် သကြား တစ်ဆ၊ မုန့်ဖုတ်ဆော်ဒါ တစ်ဆကို ရေအနည်းငယ်နဲ့ အနှစ်လေးတွေလို ဖြစ်သွားအောင် ပြုလုပ်ပေးပါ။

အပေါ်က ပြောပြပေးထားတဲ့နည်းတွေ အထဲက မိမိနှစ်သက်တဲ့နည်း တစ်နည်းနည်းကို ရွေးချယ်အသုံးပြုပေးပါ။ နည်းတိုင်း အတွက်ကတော့ ပါဝင်ပစ္စည်းတွေ ရောစပ်ထားတဲ့အနှစ်လေးတွေကို အစက် အပျောက်လေးတွေ ဖြစ်ပေါ်နေတဲ့နေရာတွေ အပေါ်မှာ ပွတ်တိုက်ပေးပါ။ ပွတ်တိုက်တဲ့အချိန်မှာလည်း အသားအရေထဲ စိမ့်ဝင်သွားအောင် ပြုလုပ်ပေးပါ။ အချိန် မိနစ်၂၀ နာရီဝက်လောက် ထားပြီးရင် ရေပြန်ဆေးချပေးပါ။ ဒီနည်းလေးတွေကို တစ်နေ့ တစ်ကြိမ် ပြုလုပ်ပေးခြင်းဖြင့် အသားအရေမှာ ရှိတဲ့အစက်အပျောက်လေးတွေကို နှုတ်ဆက်လိုက်ကျရအောင်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password