အဖြူရောင် ဝက်ခြံတွေကို ပျောက်ကင်းစေမယ့်နည်းများ

အလှအပနဲ့ ဝက်ခြံ ဆိုတာကတော့ မကင်းနိုင်တဲ့အရာတွေလို့တောင် ဆိုရမှာပါ။ တချို့ အသားအရေတွေကတော့ ဝက်ခြံအမျိုးစုံ ဖြစ်ပေါ်တတ်တဲ့အသားအရေမျိုး ဖြစ်ပြီး တချို့ အသားအရေတွေကတော့ ပုံမှန် ဝက်ခြံ အကြီးတွေ မထွက်ဘဲ ဆားဝက်ခြံတွေ၊ အဖြူရောင် ဝက်ခြံလေးတွေလို့ ဆိုရမယ့် ဝက်ခြံသေးသေးလေးတွေအထဲမှာ အဖြူဆံလေးတွေ ရှိနေတတ်တဲ့ဝက်ခြံမျိုးတွေ ဖြစ်ပေါ်တတ်ပါတယ်။ ဒီတစ်ခါကတော့ ဝက်ခြံ အမျိုးအစားတွေ အများကြီး အထဲမှာမှ ပုံမှန် ဝက်ခြံတွေလို မနာဘဲ အဆံသေးသေးလေးတွေပဲ ထွက်တတ်တဲ့အဖြူရောင် ဝက်ခြံလေးတွေကို ပျောက်ကင်းစေမယ့်နည်းများအကြောင်းပဲ ဖြစ်ပါတယ်။

ခရမ်းချဉ်သီး

အသားအရေလေးက ညစ်ပတ်နေတယ် ဆိုတာကြောင့်၊ ချွေးပေါက်လေးတွေအထဲ အညစ်အကြေးတွေ ဝင်နေတာကြောင့် ဆိုပြီး ဝက်ခြံတွေက ဖြစ်ပေါ်လာတတ်ပါတယ်။ ခရမ်းချဉ်သီးကတော့ အသားအရေကို သန့်စင်စေနိုင်တဲ့အတွက် ဝက်ခြံတွေကို ပျောက်ကင်းစေနိုင်ပါတယ်။ အသုံးပြုနည်းကတော့ ခရမ်းချဉ်သီး အမှည့်ကို ညက်နေအောင် ပြုလုပ်ပြီး မျက်နှာ တစ်ပြင်လုံးကို ပွတ်လိမ်းပေးလို့ ရသလို ခရမ်းချဉ်သီးကို ပါးပါလေးလှီးပြီး မျက်နှာမှ ကပ်ပေးလို့လညး် ရပါတယ်။

ကြက်သွန်ဖြူ

ဝက်ခြံနဲ့ ကြက်သွန်ဖြူကတော့ အနာနဲ့ ဆေးတည့်တဲ့အရာလို့ ဆိုရမှာပါ။ ကြက်သွန်ဖြူကို ပါးပါးလှီး ဝက်ခြံတွေ အပေါ်မှာ ကပ်ပေးပါ။ (၁၅) မိနစ်လောက် ထားပြီးရင် မျက်နှာ ပြန်သစ်ပေးပါ။ ကြက်သွန်ဖြူကတော့ အသားအရေကို ခြောက်သွေ့စေနိုင်သလို မလိုအပ်တဲ့နေရာမှာ ကြာကြာ ထိမိရင် အသားကို လောင်သွားစေတတ်တာကိုတော့ သတိပြုပေးရမှာပါ။

နောက်ဆုံးနည်းလေးကတော့ ကြက်ဥ အကာပါ

 

ကြက်ဥ အကာကတော့ အသားအရေလှပခြင်းတွေအတွက် အကောင်းဆုံးအရာပါ။ ဆားဝက်ခြံတွေ ပျောက်ဖို့ အတွက် ဆိုရင်တော့ ကြက်ဥ အကာ အရည်အထဲမှာ တစ်ရှုးအရွက်ကို စိမ်ပြီး ဆားဝက်ခြံတွေ အပေါ်မှာ ကပ်ပေးပြီး တစ်ရှုးခြောက်လို့ ခွါလိုက်ရင် ဆားဝက်ခြံတွေက တစ်ရှုးမှာ ကပ်ပြီး ပါသွားမှာပါ။ တကယ် ဆားဝက်ခြံ မဟုတ်ဘဲ အဖြူရောင် ဝက်ခြံတွေအတွက် ဆိုရင်တော့ ကြက်ဥ အကာချည်းပဲ အသားအရေအပေါ် လိမ်းပေးပါ။ အချိန် ၁၀ – ၁၅ မိနစ်လောက်နေလို့ ကြက်ဥ အကာတွေ ခြောက်သွားရင် မျက်နှာ ပြန်သစ်ပေးလိုက်ရုံပါပဲ။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password