လက်ဖမိုး ခြေဖမိုးတွေမှာ ရှိတဲ့အရေးအကြောင်းလေးတွေကို ပျောက်ကင်းဖို့အတွက်

လှပ နုပျိုခြင်းဆိုတဲ့နေရာမှာ မျက်နှာတစ်ခုတည်းကိုပဲ ပြင်ပြင်ဆင်ဆင်နေလို့ မရပါဘူးနော်။ ခေါင်းအစ ခြေအဆုံး ပြစ်မျိုးမဲ့မထင်တဲ့အလှတရားမျိုးလည်း ဖြစ်နေဖို့ လိုအပ်ပါတယ်။ ဒီတစ်ခါ ပြောပြပေးချင်တာကတော့ လက်ဖဝါး ခြေဖဝါးလေးတွေမှာ ရှိတဲ့အရေးအကြောင်းလေးတွေကို ပျောက်ကင်းဖို့အတွက်ပြုလုပ်ပေးနိုင်မယ့်နည်းကောင်းလေးတွေအကြောင်းပါ။ ဘယ်လိုနည်းလေးတွေ ဖြစ်မလဲဆိုတာကိုဖတ်ကြည့်ပေးပါဦး။

အာလူးရည်

လက်လေးတွေကို ပိုးသားလေးတွေလို နူးညံ့သွားစေနိုင်ဖို့အတွက်ကတော့ အားလူးရည် အကောင်းဆုံးက အရာတစ်ခုဖြစ်ပါတယ်။ အာလူးတစ်လုံးကို ပြုတ်လိုက်ပါ။ နူးအိသွားပြီ ဆိုရင် အခွံ့ခွါပြီး ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ နွားနို့အနည်းငယ်ရောပြီး အကုန်လုံးကို နှံ့သွားအောင် ရောမွှေပေးလိုက်ပါ။ ရလာတဲ့အနှစ်လေးကို ရေခဲသေတ္တာထဲ ထည့်ထားပြီး တစ်ပတ်ကို နှစ်ကြိမ်ကနေ သုံးကြိမ်အထိ အသုံးပြုပေးပါ။ အသုံးပြုနည်းကတော့ အနှစ်လေးကို လက်ဖက်ရည် တစ်ဇွန်းစာ ယူပြီး လက်ဖဝါး၊နှစ်ဖက်ကို ပွတ်တိုက်ပေးပါ။ ဒီနည်းအတိုင်းပါပဲ။ ခြေဖမိုးလေးတွေကိုလည်း ပွတ်တိုက်ပေးလို့ ရပါတယ်။ လက်တစ်ခုုံး နှံ့သွားအောင် ပွတ်တိုက်ပြီးသွားပြီ ဆိုရင် ၁၀ – ၁၅ မိနစ်လောက် ထားထားပေးပြီး ရေပြန်ဆေးလိုက်လို့ ရပါပြီ။ ဒီလို ပြုလုပ်ပေးတာကတော့ လက်ဖမိုးလေးတွေမှာ ရှိတဲ့အရေးအကြောင်းတွေကို လျော့နည်းစေပြီး အသားအရေကို တင်းရင်း လှပစေနိုင်ပါတယ်။

ကြက်ဥ အကာ

အလှအပရေးရာလေးတွေအတွက် အသုံးသိပ်ဝင်တဲ့အရာလေးတွေ အထဲမှာ ကြက်ဥအကာလည်း အပါပဲ ဖြစ်ပါတယ်။ ကြက်ဥအကာကို သုံးပြီး လက်ဖမိုး အသားအရေလေးကိုလည်း ချောမွေ့သွားအောင် ပြုလုပ်လိုက်လို့ ရပါတယ်နော်။ ပြုလုပ်နည်းလေးကတော့ ကြက်ဥအကာကို ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ရောပြီး အမြှုပ်လေးတွေ ထလာတဲ့အထိ ခေါက်ပြီး ရောမွှေလိုက်ပါ။ ပြီးရင် လက်တစ်ခုလုံးကို လိမ်းပေးပါ။ အချိန် ၁၀ – ၁၅ မိနစ်လောက် နေလို့ ကြက်ဥအကာတွေက ခြောက်သွားပြီဆိုရင် ရေပြန်ဆေးပေးလိုက်ပါ။ ဒီနည်းလေးကိုလည်း တစ်ပတ် ၃ ကြိမ်လောက် ပြုလုပ်ပေးလို့ ရပါတယ်။

အခု ပြောပြပေးထားတဲ့နည်း နှစ်နည်း အထဲက နှစ်သက်ရာနည်းလေးကို ရွေးပြီး မှန်မှန်လေး ပြုလုပ်ပေးမယ်ဆိုရင်တော့ လက်ဖဝါးလေးတွေနဲ့ ခြေဖဝါးလေးတွေရဲ့ အသားအရေက အရေးအကြောင်းကင်းပြီး တင်းရင်းလှပနေမှာပဲ ဖြစ်ပါတယ်နော်။

 

 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password