အသားဖြူချင်တယ်ဆိုရင် ဘယ်လိုလုပ်လို့ ရမလဲ

အသားဖြူချင်တာကတော့ မိန်းကလေးတော်တော်များများရဲ့ စိတ်ကူးပဲ ဖြစ်ပါတယ်။ ပင်ကိုယ် အသားအရေထက် ပိုပြီး ဖြူလာအောင် သဘာဝအတိုင်း ပြုလပ်ပေးလို့ ရမယ့်နည်းလေးကို ပြောပြပေးချင်ပါတယ်။ ဒီနည်းလေးကတော့ ပါဝင်တဲ့အရာလေးတွေကလည်း လက်တစ်ကမ်းမှာ ရှာဖွေနိုင်တဲ့အရာလေးတွေပဲ ဖြစ်ပြီး ပြုလုပ်ပေးရမယ့်နည်းလေးကလည်း ရိုးရှင်းလှပေမယ့် ထိရောက်မှု ရှိတဲ့နည်းပဲ ဖြစ်တဲ့အတွက်ပါ။ ဘယ်လိုအရာလေးတွေကို အသုံးပြုပြီး ပြုလုပ်ပေးရမလဲဆိုတာကို ဖတ်ကြည့်ပေးပါဦး။

ပြုလုပ်ပေးရမယ့်အဆင့်ကတော့ နှစ်ဆင့်ပါ။ ပထမအဆင့်အနေနဲ့ အသားအရေမှာ ရှိတဲ့ဆဲလ်သေတွေကို ဖယ်ရှင်းပေးဖို့အတွက် Scurb ပြုလုပ်ပေးရမှာပဲ ဖြစ်ပြီး နောက်တစ်ဆင့်ကျမှ အသားအရေကို ဖြူအောင် ပြုလုပ်လိုက်တာပဲ ဖြစ်ပါတယ်။

ပထမအဆင့်အတွက် လိုအပ်တဲ့အရာတွေကတော့

  

   

သကြား လက်ဖက်ရည်ဇွန်း ၃ ဇွန်း
လိမ္မော်ရည် လက်ဖက်ရည်ဇွန်း ၉ ဇွန်း
သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၃ ဇွန်း
ပျားရည် လက်ဖက်ရည်ဇွန်း ၃ ဇွန်း တို့ပဲ ဖြစ်ပါတယ်။

ပါဝင်တဲ့အရာတွေ အားလုံးကို ခွက်အလွတ်တစ်လုံးအထဲမှာ ရောထည့်ပြီး နှံ့သွားအောင် သေချာ ရောမွှေပေးလိုက်ပါ။ ပြီးမှာ ကိုယ်ခန္ဓာတစ်ခုလုံးကို ရလာတဲ့အနှစ်လေးနဲ့ ပွတ်တိုက်ပေးပါ။ နှံ့သွားအောင် ပွတ်တိုက်ပေးပြီးရင် အချိန် ၁၀ မိနစ်လောက် ထားပေးပါ။ ပြီးရင် ရိုးရိုးရေနဲ့ ပြန်လည် ဆေးကြောပေးပါ။

ဒုတိယအဆင့်အတွက်ကတော့

 

 

ဆန်မုန့် လက်ဖက်ရည်ဇွန်း ၆ ဇွန်း
မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့
လိမ္မော်ရည် လက်ဖက်ရည်ဇွန်း ၁၂ ဇွန်း

ခွက်တစ်လုံးအထဲမှာ သေချာရောသွားအောင် မွှေပေးပါ။ ပြီးရင် ခုနက Scurb ပြုလုပ်ထားတဲ့အပေါ်မှာ လိမ်းပေးပါ။ လိမ်းပေးတဲ့အချိန်မှာလည်း အရည်တွေ အသားအရေထဲ စိမ့်ဝင်သွားအောင် လိမ်းပေးပါ။ နှံ့သွားအောင် လိမ်းပြီးပြီ ဆိုရင်တော့ မိနစ် ၂၀ လောက် ထားလိုက်ပါ။ ဆန်မုန့်တွေ ခြောက်ပြီး မာသွားတဲ့အချိန်ကျရင် ရေပြန်ချိုးပေးပါ။ ဒီနည်းလေးကို တစ်ပတ် တစ်ကြိမ် ရေမချိုးခင် အချိန်တွေမှာ ပြုလုပ်ပေးပါက အသားအရေလေးက တစ်လပအတွင်းမှာ သိသိသာသာ ဖြူဖွေးချောမွေ့လာတာကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ ပြုလုပ်တဲ့အချိန်မှာလည်း အဆင့် နှစ်ဆင့်စလုံးကို အချိန်ပေးပြီး ပြုလုပ်ပေးတာကတော့ ထိရောက်တဲ့ ပြောင်းလဲမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ တစ်ဆင့်ပဲ ပြုလုပ်လိုက်မယ် ဆိုပြီးတော့ မလုပ်ရဘူးနော်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password