မျက်ခုံးမွှေးတွေထူထဲ လာပြီး အရှည်မြန်စေချင်ရင် ဒါကိုလုပ်ဖို့မမေ့နဲ့

ဇင်ယော်တောင်မျက်ခုံးဆိုတာလေးကို ကြားဖူးကြလားဟင်? မျက်ခုံးတစ်စုံကလည်း မျက်နှာလေးကို လုံးဝပြောင်းလဲသွားတယ်နော်။ မျက်ခုံလေးကလှနေရင် နှုတ်ခမ်းနီလေးပဲဆိုးလိုက်တောင် အဆင်ပြေတယ်။ အဲ့မှာစတွေ့ပြီ။ ပြဿနာကဘာလဲဆိုတော့ မျက်ခုံးမွှေး ရှိတဲ့သူတွေက ဘယ်လိုဆွဲဆွဲ လှနေနိုင်ပေမယ့် မျက်ခုံးမွှေးပါးတဲ့သူတွေ တစ်ချို့ဆို ရှိတောင်မရှိဘူး အဲ့လိုလူတွေကျတော့ မျက်ခုံးလေးထူချင်တာဆိုတာချည်းပဲ။ လုံးဝမရတော့ဘူး ဆိုတဲ့သူတွေကတော့ eyebrow tattoo တွေ သွားထိုးလိုက်ကြတာပေါ့နော်။ Tattoo ထိုးတာကတော့ မျက်ခုံးမွှေးဆွဲရတဲ့အချိန်သက်သာသွားတဲ့အပြင် ဘယ်ချိန်ကြည့်ကြည့်လှနေတာပေါ့လေ။ တစ်ချို့ကမဟုတ်ဘူး။ Tattoo က ဖျက်လို့မရဘူး။ ကိုယ့်ဘာသာကိုယ်ပဲဆွဲချင်တာဆိုတဲ့ သူတွေအတွက် အိမ်တွင်းနည်းလေးနဲ့ ထိန်းသိမ်းနည်းလေးကို တင်ပြပေးလိုက်တယ်နော်။

အိမ်တွင်းနည်းဆိုတာနဲ့ ရှာလိုက်ရင်လည်း ဆီပေါင်းစုံကို လိမ်းခိုင်းနေတာတွေချည်းပဲလေ။ စိတ်ညစ်နေပြီဆိုပြီး ညည်းနေတဲ့သူလေးတွေအတွက် တစ်ခြားမီးဖိုချောင်ထဲက အလွယ်တကူရနိုင်တဲ့ နည်းလမ်းတွေကို ရှယ်ပေးလိုက်တယ်နော်။

၁. ကြက်ဥအနှစ်

ကြက်ဥကို အနှစ်သပ်သပ် အကာသပ်သပ်ခွဲလိုက်ပါ။ ပြီးရင်တော့ အနှစ်ကို သေချာ သမအောင်မွှေပြီးတော့ မျက်ခုံးမွှေးတွေပေါ်ကိုcotton pad ဒါမှမဟုတ် ဂွမ်းလေးနဲ့ လိမ်းပေးပါ။ ၁၅ – ၂၀ မိနစ်လောက်ထားပြီးရင် ရေအေးလေးနဲ့ ဆေးချပေးပါ။ မျက်ခုံးမွှေးရဲ့ hair မှာ  keratinပရိုတိန်းရှိလို့   ကြက်ဥအနှစ်မှာက ပရိုတိန်းတွေပါဝင်တာကြောင့် သုံးသင့်တာပါ။  ဒီနည်းလေးကိုတစ်ပါတ် တစ်ခါ သို့ နှစ်ခါလောက်လိမ်းပေးရင် သိသာတဲ့ ရလာဒ်ကို ရနိုင်ပါတယ်နော်။

၂.ရှားစောင်းလက်ပတ်

ရှားစောင်းမှာက ရေဓါတ်ပြည့်စေတဲ့ ဂုဏ်သတ္တိတွေပါဝင်ပြီးတော့ မွှေးညင်းပေါက်လေးတွေကို အားဖြည့်ပေးလို့မျက်ခုံးမွှေးတွေကို ထူထဲစေဖို့ အားဖြည့်ပေးပါတယ်။ ပြီးတော့ ရှားစောင်းက မျက်ခုံးမွှေးတွေရဲ့ ဘေးက မျက်လုံးတစ်ဝိုက်ကိုလည်း နူးညံ့စေပါတယ်။  ရှားစောင်းအနှစ်လေးတွေကို မျက်ခုံးမွှေးပေါ်လိမ်းလိုက်ပြီးတော့ မိနစ် ၃၀ လောက်ကြာရင် ရေနွေးနွေးလေးနဲ့ဆေးပေးလိုက်ပါ။ ဒါလေးကတော့နေ့တိုင်းလုပ်ပေးနိုင်လို့ အဆင်ပြေတာပေါ့နော်။

၃.သံပုရာသီး

သံပုရာသီးမှာ Vitamain C နဲ့ B ကြွယ်ဝစွာ ပါဝင်လို့ မျက်ခုံးမွှေးတွေ ထူထဲလာစေဖို့အထောက်အကူပေးပါတယ်။ မျက်ခုံးမွှေးတွေပေါ်ကို သံပုရာသီးနဲ့ပွတ်တိုက်ပေးပါ။ ပြီးရင်တော့ ၁၅ -၂၀ မိနစ်လောက်ထားလိုက်ပြီး ရေနွေးနွေးလေးနဲ့ဆေးချပေးလိုက်ပါ။ လွယ်တယ်နော်။ သတိထားဖို့ တစ်ချက်ကတော့ အဲ့လိုလိမ်းပြီးရင် ၂နာရီလောက်နေရောင်နဲ့မထိအောင်နေပေးပါ။ သံပုရာသီးမှာကနေရောင်နဲ့ထိရင် အရောင်ဖျော့စေလို့ မျက်ခုံးမွှေးတွေကို မည်းနက်မနေနိုင်တော့ဘူးလေ။

၄.နွားနို့

နွားနို့ကတော့ vitamin တွေ အများကြီးပါဝင်လို့ ပြောနေစရာတောင်မလိုတော့ပါဘူးနော်။ နွားနို့ကို ဂွမ်းလေးနဲ့ တို့ပြီးတော့ မျက်ခုံးမွှေးတွေပေါ်ကို တို့ပေးပါ။ သဘာဝအတိုင်းခြောက်သွားပြီဆိုတော့မှ ( ပန်ကာရှေ့သွားနေတာတို့, ယပ်ခတ်တာတို့မပါနော်😂) ရေနွေးနွေးလေးနဲ့ ဆေးချပေးလိုက်နော်။

ကဲ ဒါလေးကတော့ အိမ်တွင်းနည်းလေးတွေဖြစ်ပြီးတော့ တီဗွီကြည့်ရင်းနဲ့တောင်လုပ်လို့ရတော့ အဆင်ပြေတယ်နော်။ သပ်သပ်ကြီးလည်း အများကြီး လုပ်စရာလည်း မလိုဘူးလေ။

 

 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password