လည်တိုင်လေး ဖြူဖွေးသွားစေဖို့ လျှို့ဝှက် နည်းလမ်းလေး ၄ သွယ်

မိတ်ကပ်လိမ်းတဲ့သူတွေမှာ အဖြစ်များတဲ့ ပြဿနာကတော့ မျက်နှာအရောင်နဲ့ လည်ပင်းအရောင်မတူတာပါ။ တစ်ချို့တွေဆို အရောင်ကအရမ်း ကွာနေပြီး မိတ်ကပ်ကိုပါဖြူတာကြီး လိမ်းထားတော့ မျက်နှာဖုံးကြီး စွပ်ထားသလိုဖြစ်နေတာလေ။ မိတ်ကပ်လိမ်းတဲ့ အခါ လည်ပင်းကိုပါလိမ်းဖို့ပြောပေမယ့် တစ်ခါတစ်လေကျ ပျင်းတာရော မေ့သွားတာရော တွေနဲ့ မလိမ်းဖြစ်ဘူးပေါ့နော်။ မိတ်ကပ်တွေအပေါ်ကဘယ်လောက်လိမ်းလိမ်းပေါ့နော်။ တစ်ခြား treatment လေးတွေလည်း လုပ်ပေးမှ လည်ပင်းလေးက လှနေမှာလေ။ ပြီးတော့မိန်းကလေးတွေက အဝတ်အစားတွေဆိုရင် မျိုးစုံဝတ်ကြတာလေ။ လည်ပင်းပြဲ, shoulder off, အဲ့လိုလေးတွေဆိုရင်လည်ပင်းလေးကဖြူနေမှ အဆင်ပြေမှာလေ။ စိတ်မပူပါနဲ့။ နည်းလမ်းကောင်းလေးတွေကို ပြောပြပေးမှာနော်။ တစ်ခုတော့ရှိတယ် စိတ်ရှည်ရှည်နဲ့တော့လိုက်လုပ်ပေါ့နော်။

လည်ပင်းတွေ မည်းနေတာကိုတော့ မြင်ဖူးကြမှာပေါ့နော်။ လည်ဟိုက်တာတို့ လည်ပင်းပြဲတဲ့ ဟာတွေဝတ်ရင် လည်ပင်းကြီးက ညိုနေရင် ကြည့်မကောင်းဘူးလေ။ ဖြူလည်း ဖြူချင်တယ်။ ဘယ်လို လုပ်ရမလဲ မသိတဲ့လူတွေအတွက် နည်းလမ်းလေးပေးလိုက်မယ်နော်။

ဒီလိုမျိုးတွေဖြစ်တယ်ဆိုတာက နေရောင်နဲ့ထိတွေ့တာများတာတွေ, အရေပြားနဲ့ဆိုင်တဲ့ပြဿနာတွေ, ဟော်မုန်းပြောင်းလဲတာတွေကြောင့် ဖြစ်တတ်ပါတယ်။ ဂုတ်မည်းတာတွေကတော့ ဆံပင် အတိုကို အမြဲထားတဲ့သူတွေ, နေရောင်ကို တိုက်ရိုက်ထိရတော့ ပိုဖြစ်လွယ်တာပေါ့နော်။

နည်းလမ်းလေးက အိမ်တွင်းနည်းလမ်းတွေကြီးမို့ အဆင်ပြေပါတယ်။ မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ပဲဆိုတော့ ပိုတောင်မိုက်သေးတယ်။ လုပ်ရတာလေးတွေကလည်း ရိုးစင်းပြီးတော့ လွယ်ကူလို့လိုက်လုပ်နိုင်မှာပါ။

ပထမဆုံးနည်းလမ်းလေးကတော့-

သခွားသီးနဲ့ သံပုရာသီးလေးပါ။ သိတဲ့အတိုင်း သခွားသီးမှာရေဓါတ်ကြွယ်ဝစွာပါဝင်တဲ့အပြင် သံပုရာသီးက ကြေးတွေကိုကျွတ်သွားစေပါတယ်။ အဲ့အရောလေးက လည်ပင်းကို ဝင်းပသွားစေပါတယ်။ ကြေးတွေကိုလည်း ကျွတ်စေတော့ လည်ပင်းမည်းတဲ့သူတွေအတွက်လည်း အိုကေ။ မိနစ် ၂၀ လောက်လိမ်းပေးပြီး ရေဆေးချလိုက်ပါ။ ပြီးရင်တော့ ကြိုက်နှစ်သက်ရာ cream တစ်မျိုးမျိုးကိုလိမ်းပေးထားလိုက်ပါ။

နောက်နည်းလမ်းလေးတစ်ခုက-

ခရမ်းချဉ်သီးနဲ့ သံပုရာအရောလေးပါ။ ခရမ်းချဉ်သီးကို ကြိတ်စက်နဲ့ကြိတ်ပြီး ရလာတဲ့အရည်ကို သံပုရာသီး နဲ့ရောပြီးတော့ လည်ပင်းပေါ်ကိုလိမ်းပေးပြီး မိနစ် ၂၀ လောက်ထားပေးလိုက်ပါ။ ပြီးရင်တော့ရေဆေးချလိုက်ပြီး lotion သို့ moisturizer လေး လိမ်းပေးလိုက်ပါ။

တတိယနည်းလမ်းလေးကတော့-

ဝိတ်ချတဲ့နေရာမှာ စားကြတဲ့ အုတ်ဂျုံ oatmeal တွေကိုသိကြတယ်ဟုတ်။ အဲ့ oatmeal တွေကို နွားနို့အကြမ်းနဲ့ ရောပြီးတော့ အနှစ်ဖြစ်လာအောင် လုပ်လိုက်ပါ။ နွားနို့အကြမ်းဆိုတာ မကျိုချက်ရသေးတဲ့ နွားနို့ကိုပြောတာပါ။ ရလာတဲ့အနှစ်ကို လည်ပင်းပေါ်လိမ်းပြီးတော့ မိနစ် ၂၀ လောက်ထားပေးပါ။ ပြီးရင်တော့ ရေဆေးချပေးပါ။ အစိုဓါတ်ထိန်းခရင်မ်တစ်မျိုးမျိုးကို လိမ်းပေးထားလိုက်ပါ။

နောက်ဆုံးနည်းလမ်းကတော့-

ဂျုံမှုန့်ကို သံပုရာရည်နဲ့ ရောမွှေပြီးတော့ အနှစ်ရလာရင် လည်ပင်းပေါ်ကို လိမ်းပေးပြီး မိနစ်၂၀ လောက်ထားလိုက်ပါ။ ပြီးရင် ရေပြန်ဆေးချလိုက်တာနဲ့ အသားလေးက နဂိုထက်ဖြူပြီးတော့ ဝင်းလာတာကို တွေ့ရမှာပါ။

အပေါ်ကနည်းလမ်းတွေကို တစ်ပါတ်ကို နှစ်ခေါက်လောက်လုပ်ပေးလိုက်ရင်တော့ အချိန်တိုအတွင်းမှာ သိသာတဲ့ ရလာဒ်တစ်ခုကိုရရှိနိုင်မှာပါနော်။ ပုံမှန်တော့လုပ်ပေးရမှာပေါ့နော်။ သဘာဝနည်းလေးဆိုတော့ စွဲတော့လုပ်ပေးရမှာပေါ့နော်။ အလှအပဆိုရင်လာထားဆိုတဲ့   ပျိုမေတို့အတွက် နည်းလမ်းကောင်းလေးဆိုတော့ လုပ်လိုက်ကြဉီးနော်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password