မျက်လုံးအောက်နားက အဆီဖုလေးတွေ မရှိရလေအောင်

ဘာကြောင့်ပဲ ဖြစ်ဖြစ် မျက်လုံးအောက်နားက မျက်အိတ်လေးတွေမှာ အဆီဖု သေးသေးလေးတွေ ဖြစ်ပေါ်လာတာကြောင့် အလှလျော့နည်းသွားတာမျိုး မဖြစ်ရလေအောင် ပြုလုပ်လို့ ရမယ့်နည်းလေးတွေကို ပြောပြပေးချင်ပါတယ်။ မျက်လုံးအောက်နာက အဆီဖုလေးတွေ ဆိုတာကတော့ ဝက်ခြံ မဟုတ်ပါဘူးနော်။ အဖြူရောင် အဖုသေးသေးလေးတွေ ဖြစ်ပြီး လက်နဲ့ စမ်းကြည့်ရင် မသိသာ တာမျိုးလေးပဲ ဖြစ်ပါတယ်။ ကဲ ………… အဆီဖုလေးတွေ ပျောက်ကင်းအောင် ဘယ်လို လုပ်ရမလဲ ဆိုတာ ဖတ်ကြည့်ပေးပါဦး။

ပျားရည်

ပျားရည်ကတော့ အလှအပနဲ့ ဆိုင်တဲ့ဆေးကောင်းတစ်လက်ပါ။ အသားအရေလေးမှာ ရှိတဲ့အနာအဆာတိုင်းကို ပျောက်ကင်းစေနိုင်တဲ့အစွမ်းရှိပါတယ်။ မျက်နှာကို သေချာ သန့်စင်လို့ ပြီးသွားရင် အဆီဖုလေးတွေ အပေါ်မှာ ပျားရည်ကို လိမ်းပေးပါ။ မိနစ် ၂၀ လောက် ထားပြီး မျက်နှာပြန်သစ်ပေးလိုက်ရုံပါပဲ။ ဒီအတိုင်း တစ်နေ့တစ်ကြိမ် ပြုလုပ်ပေးပါက တစ်ပတ်လောက် နေရင် အဆီဖုလေးတွေ သေးလာတာကို တွေ့ရမှာပါ။

သကြားနဲ့ သံပုရာရည်သုံးပြီး ဆဲလ်သေတွေကို ဖယ်ရှားနည်း

အသားအရည်မှာ ရှိတဲ့ဆဲလ်သေလေးတွေကြောင့်လည်း အသားအရေက လှပခြင်းကို လျော့နည်းစေနိုင်တဲ့အရာတွေအထဲကတစ်ခု ဖြစ်တဲ့ အခုလို အဆီဖုလေးတွေ ဖြစ်ပေါ်လာရတာလဲ တစ်ခု အပါပဲ ဖြစ်ပါတယ်။ ဒီအတွက်ကတော့ သကြား လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို သံပုရာရည် အနည်းငယ်လေးနဲ့ ရောစပ်ပြီး မျက်လုံးအောက်က အဆီဖုလေးတွေကို အသာအယာ ပွတ်ပေးပါ။ တစ်ခု သတိပြုပေးရမှာကတော့ မျက်လုံး အောက်ဖက်လည်း ဖြစ်တာကြောင့် မျက်လုံးထဲ မဝင်သွားအောင်တော့ သတိပြုပေးပါနော်။

Tea Tree Oil

အလှအပရေးရာအတွက် အသုံးတည့်တဲ့အဆီတစ်ခု ဖြစ်တဲ့ Tea Tree Oil ကိုလည်း အသုံးပြုပေးလို့ ရပါသေးတယ်။ ညအိပ်ယာဝင်ခါနီး အချိန်မှာ မျက်နှာကို မျက်နှာသစ်ဆေးနဲ့ သေချာသန့်စင်ပေးပါ။ ပြီးရင် Tea Tree Oil ကို အဆီဖုလေးတွေ အပေါ်မှာ လိမ်းပြီး အိပ်ယာဝင်ပေးပါ။ မနက်မိုးလင်းမှ မျက်နှာပြန်သစ်ပေးပါ။

အခု ပြောပြပေးထားတဲ့နည်းလေးတွေကို အချိန်ပေးပြီး ပြုလုပ်ပေးနိုင်မယ် ဆိုရင်တော့ မျက်လုံးအောက်မှာ ရှိတဲ့အဆီဖုလေးတွေကြောင့် အလှလျော့နည်းမှာ မစိုးရိမ်ရတော့ပါဘူးနော်။

 

 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password