မျက်နှာလေးစိုပြေနေအောင် Moisturizer လေးသုံးကြမယ်။

Beauties တို့အားလုံး မင်္ဂလာနံနက်ခင်းလေးပါနော်။ ဒီနေ့မှာတော့ Beauties တို့ကို Moisturizer လေးအကြောင်းဝေမျှချင်ပါတယ်။ ဒီအချိန်မှာ အဆီပြန်တတ်တဲ့ Beauties တွေက ငါတို့နဲ့ မဆိုင်ပါဘူးဆိုပြီးတွေးတတ်ကြပါတယ်။ တွေးပြီးပြီလားမသိ ^ ^  ။ အမှန်တကယ်ကတော့ မဆိုင်ပါဘူးနော်။ ဘာလို့လဲဆိုတော့ Moisturizer က အသားအရေအမျိုးမျိုးအတွက် ထုတ်လုပ်ထားတာမျိုးတွေရှိလို့ပဲဖြစ်ပါတယ်။

ယခု အခါမှာတော့ Water base Moisturizer နဲ့ Oil base Moisturizer ဆိုပြီး နှစ်မျိုးနှစ်စားထုတ်လုပ်လာကြပါတယ်။ အဆီပြန်တဲ့ သူပဲဖြစ်ဖြစ် အသားအရေခြောက်သွေ့တတ်သူပဲဖြစ်ဖြစ် အသက်အရွယ်ရလာတဲ့ အခါ အရေးအကြောင်းတွေ ဖြစ်လာနိုင်ပါတယ်နော်။ ဒီလို အရေးအကြောင်းတွေကို ကာကွယ်ဖို့၊ ပြန်လည်တိုက်ခိုက်ဖို့အတွက် ဆိုရင်တော့ Moisturizer လေးကိုပုံမှန် ဂရုတစိုက်အသုံးပြုပေးသင့်ပါတယ်။ Moisturizer မှာ အသားအရည် ကို ပြန်လည် အားဖြည့်စေဖို့နဲ့ အသားအရေ ပြန်တင်းရင်းလာအောင်ပြုလုပ်ပေးနိုင်တဲ့ ဓာတ်တွေပါဝင်ပါတယ်။

Moisturizer သုံးခြင်းအားဖြင့်လည်း Foundation, BB တို့ လိမ်းတဲ့ အခါမှာ တအားကြီးဖိဆွဲစရာမလိုဘဲ ဆွဲရလွယ်ကူစေပါတယ်။ ပြီးတော့လည်း Moisturizer လိမ်းထားတဲ့အတွက်ကြောင့် Foundation လိမ်းတဲ့ အခါ မညီတာမျိုး၊ ကွက်တာမျိုးတွေကို မဖြစ်စေပါဘူး။

နောက်တချက်အနေနဲ့ Moisturizer ကို မိတ်ကပ်မလူးခင် အသုံးပြုတဲ့ အတွက်ကြောင့် မျက်နှာနဲ့ မိတ်ကပ် တိုက်ရိုက်ထိတွေ့မှုကိုကာကွယ်ပေးပြီး နုပျိုတဲ့ အသားအရည်ကိုပိုင်ဆိုင်စေပါတယ်။ မိတ်ကပ်နဲ့ မျက်နှာကို တိုက်ရိုက်ထိတွေ့မှုကြောင့် ဆားဝက်ခြံတွေ၊ ချွေးပေါက်ကျယ်တာတွေ၊ အဆီလွန်ကဲစွာပြန်ခြင်းကိုဖြစ်စေပါတယ်။

Moisturizer ရဲ့ သက်တမ်းကလည်း ၁နှစ်အထိပဲခံတယ်နော်။

ကဲ Moisturizer အကြောင်းကို Beauties တို့အတွက်ဝေမျှပြီးသွားပြီဆိုတော့ Beauties တို့လည်းကောင်းကောင်း သိသွားပြီလို့မျှော်လင့်တယ်နော်။ Beauties တို့အားလုံးလှပပြီး ပျော်ရွှင်တဲ့ တစ်သက်တာလေးကို ပိုင်ဆိုင်နိုင်ကြပါစေနော်။

 

image source : www.webcrawler.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password