မျက်တောင်တုကို နည်းလမ်းအမှန်နဲ့ ဘယ်လို တပ်ဆင်မလဲ

မျက်ဝန်းလေးတွေက ပြီးပြည့်စုံတဲ့အလှမျိုးနဲ့ တောက်ပစွာ လှပနေဖို့ အတွက်ဆိုရင်တော့ မျက်တောင်ရှည်ရှည်လေးတွေနဲ့ မျက်လုံးလေးကို ဝန်းရံလိုက်ပါနော်။ သဘာဝ ပင်ကိုယ်မျက်တောင်လေးတွေက မရှည်တဲ့သူတွေ အတွက်ကတော့ မျက်တောင်တုတွေကို အားကိုးရပါတယ်။ မျက်တောင် အတု ဆိုတာကတော့ တပ်တတ်ရင် တတ်သလောက် မျက်ဝန်းလေးတွေကို လှပသွားစေနိုင်သလို မတပ်တတ်ဘူးဆိုရင်တော့ မျက်တောင် အစစ်နဲ့ အတုက သပ်သပ်စီဖြစ်နေတတ်ပြီး မျက်လုံးလေးတွေကို နာကျင်စေနိုင်ပါတယ်။ ဒါကြောင့် ပျိုမေလေးတို့အတွက် မျက်တောင်တုကို နည်းလမ်းအမှန်နဲ့ တပ်ဆင်နည်းကို ပြောပြပေးလိုက်ရပါတယ်။

လိုအပ်တဲ့ပစ္စည်းတွေကတော့

• မျက်တောင်တု
• ဇာဂနာ အသေး
• မျက်တောင်တု ကပ်တဲ့ကော်

  

တပ်ဆင်နည်းကတော့

• အရင်ဆုံး မျက်တောင်တုနဲ့ မျက်လုံး အရွယ်အစားကို ကိုက်ကြည့်ပြီး တကယ်လို့ မျက်တောင်တုက ကြီးနေမယ်ဆိုရင်တော့ ဘေးနှစ်ယောက်ကို ညှပ်လိုက်ပါ။
• မျက်တောင်တုကတော့ ပုံမှန် မျက်လုံးတွေထက် ပိုကြီးတဲ့ဆိုဒ်ဖြစ်နေတတ်တာကြောင့် မျက်လုံးကြီးတဲ့သူတွေအတွက်ကတော့ အတော် ဖြစ်နေပေမယ့် မျက်လုံးသေးတဲ့သူတွေအတွက်ကတော့ မျက်လုံးထက် မျက်တောင်က ပိုကြီးနေတတ်တာကြောင့် မျက်လုံးထောင့်လေးတွေ စူးနေတတ်ပြီး မျက်တောင်ကိုလည်း အလွယ်တကူ ပြန်ကွာလာစေနိုင်တာကို သတိပြုပေးရမှာပါ။
• မျက်လုံး အရွယ်အစားနဲ့ မျက်တောင်တု အရွယ်အစားက ကွက်တိ ဖြစ်သွားပြီဆိုရင် မျက်တောင်တု တပ်လို့ ရပါပြီ။
• မျက်တောင်တု မတပ်ဆင်ခင်မှာ မျက်တောင်စစ်တွေကို မျက်တောင်ကောက်စက်နဲ့ ကောက်ပေးပါ။ ဒါမှ အတုနဲ့ အစစ်က တစ်သားတည်း ကျသွားမှာပါ။ မဟုတ်ရင် မျက်တောင်က ဘေးတိုက်ကြည့်တဲ့အချိန် နှစ်ထပ် ဖြစ်နေတတ်လို့ပါ။
• မျက်တောင်တုလေးကို ဇာဂနာနဲ့ ကိုင်ပြီး မျက်တောင်တု ကပ်တဲ့ကော်ကို သုတ်ပေးပါ။ ကော်သုတ်ပြီးပြီးချင်း မျက်လုံးမှာ တန်း မကပ်လိုက်ပါနဲ့။ သုတ်ထားတဲ့ကော်တွေကို မခြောက်တခြောက် ဖြစ်သွားအောင် အချိန် ၁၀ စက္ကန့်လောက် စောင့်ပြီးမှ ကပ်ပေးပါ၊
• မျက်တောင်တု တပ်ပြီးတဲ့အချိန်မှာ မျက်တောင်တုတပ်ထားတဲ့ကော်လေးနဲ့ ဆက်ထားတဲ့နေရာကို Eye Liner ပြန်လိမ်းပေးပါ။


• နောက်ဆုံး အနေနဲ့ Mascara ဆိုးပေးလိုက်ရင် မျက်တောင်တု တပ်ဆင်တဲ့အဆင့်တွေ ပြီးဆုံးသွားပါပြီ။

မျက်တောင်တု တပ်ဆင်တဲ့အချိန်မှာ ဒီနည်းလေး အတိုင်းသာ တပ်ဆင်ပေးမယ်ဆိုရင်တော့ သဘာဝ မျက်တောင်လေးတွေကို ကော့ညွှတ်နေတဲ့မျက်တောင်လေးတွေကို ပိုင်ဆိုင်လိုက်နိုင်မှာပဲ ဖြစ်ပါတယ်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password