ချိုင်းသားတွေကို မီးသွေးနဲ့ ဖြူအောင် လုပ်နည်း

ပြီးပြည့်စုံတဲ့အလှတရားတွေ အတွက်ကတော့ လက်မြှောက်လိုက်တဲ့အချိန်တွေမှာလည်း ဖြူဖွေးနေတဲ့ ချိုင်းသားလေးတွေကို ပိုင်ဆိုင်နိုင်ဖို့ အရေးကြီးပါတယ်နော်။ မျက်နှာ၊ အဝတ်အစားတွေကို ဘယ်လောက်ပဲ လိုက်ဖက်အောင် ပြင်ဆင်ထားပါစေ အကျီလက်ပြတ် ဝတ်တဲ့အချိန်မှာ ချိုင်းသားလေးတွေက မည်းနေမယ် ဆိုရင်တော့ ပြီးပြည့်စုံတဲ့အလှမျိုးကို ရရှိမှာ မဟုတ်ပါဘူးနော်။ ဒါကြောင့် အခု ပြောပြပေးချင်တာကတော့ ချိုင်းသားတွေ မည်းနေတာကို ဖြူဖွေးအောင် မီးသွေးနဲ့ ဘယ်လို ပြင်ဆင်လိုက်မလဲဆိုတဲ့အကြောင်းပဲ ဖြစ်ပါတယ်။

လိုအပ်တဲ့ပစ္စည်းများ
• မီးသွေးမှုန့် လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
• ပျားရည်လက်ဖက်ရည်ဇွန်း နှစ်ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်
• မီးသွေးမှုန့်နဲ့ ပျားရည်ကို ခွက် အလွတ်တစ်လုံးထဲ ထည့်ပြီး ရောမွှေလိုက်ပါ။ နှစ်မျိုးလုံး သေချာ နှံ့သွားပြီး အနှစ်လေးတွေ ဖြစ်သွားတဲ့အထိ မွှေပေးပါ။
• ချိုင်းသားလေးတွေကို ဆပ်ပြာနဲ့ သေချာ သန့်စင်ပေးလိုက်ပါ။ ပြီးရင် ခုနက ပြုလုပ်ထားတဲ့ ပျားရည်နဲ့ မီးသွေးမှုန့် အနှစ်လေးကို ချိုင်းသားတွေ အပေါ်မှာ လိမ်းပေးပါ။
• အချိန် ၁၅ မိနစ်လောက် ထားထားပေးပါ။ ပြီးရင် ရေချိုးလိုက်ပါ။
• ဒီနည်းလေးကို တစ်ပတ် နှစ်ကြိမ် မှန်မှန် ပြုလုပ်ပေးမယ်ဆိုရင်တော့ ချိုင်းသားလေးတွေကို ဖြူဖွေးစေနိုင်ပါတယ်။

 

ဒီနည်းလေးကတော့ ရိုးရှင်းလှတယ်လို့ ထင်ရပေမယ့် အလှအပအတွက် အကောင်းဆုံး အချက်တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ မီးသွေးမှာ ပါဝင်တဲ့ဓါတ်တွေကတော့ ကိုယ်ခန္ဓာက အနံ့အသက်တွေကို ထိန်းချုပ်ပေးနိုင်တဲ့အတွက် ချွေးနံ့ထွက်တာတွေကို သက်သာစေနိုင်ပါတယ်။ ပျားရည်ကြောင့်ကတော့ ချိုင်းသားလေးတွေမည်းနေတာကို ပျောက်ကင်းစေပြီး ဖြူဖွေးစေနိုင်ပါတယ်။

ချိုင်းသားလေးတွေမှာ သာမကဘဲ လည်ပင်းတွေမည်းနေတာအတွက်၊ တံတောင်ဆစ်၊ ဒူးဆစ်တွေ မည်းနေတာအတွက်ပါ အသုံးပြုလို႕ ရပါတယ်။ ရေမချိုးခင် မိနစ် ၂၀ လောက် ပေးပြီး ပြုလုပ်ပေးမယ်ဆိုရင်တော့ ပြီးပြည့်စုံတဲ့အလှအပကို ပိုင်ဆိုင်နိုင်ဖို့ အလွယ်လေးပဲ ဖြစ်နေမှာပါနော်။ ဒီနည်းလေးကို တစ်ပတ် နှစ်ကြိမ် မှန်မှန် ပြုလုပ်ပေးလိုက်မယ် ဆိုရင်တော့ ချိုင်းသားလေးတွေ မည်းနေမှာကို စိုးရိမ်စရာ မလိုတော့ပါဘူး။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password