အသားအရေကို တစ်ပါတ်အတွင်း နဂိုထက်ဖြူဝင်းသွားစေမယ့် နည်းလမ်း ၃သွယ်

အသားဖြူတဲ့သူတွေ ဆိုတာကတော့ အလှအပမှာ တစ်ပန်းသာတဲ့သူတွေပဲ ဖြစ်ပါတယ်။ အသားဖြူ မြင်းတစ်ပြေး အသားညို ကွမ်းတစ်ညက်ဆိုတဲ့အတိုင်း အသားဖြူတဲ့သူတွေကတော့ ဖျတ်ကနဲ တွေ့လိုက်ရတဲ့အချိန်မှာ အလှကြီး လှနေတဲ့အလှမျိုးကို ခံစားစေနိုင်ပါတယ်။ အသားညိုတဲ့သူတွေကတော့ အချိန်ပေးပြီး ကြည့်လေလေ လှလေလေပဲ ဖြစ်ပါတယ်။ ဒါတွေကြောင့်လည်း အလှကုန် တော်တော်များများမှာ အသားအရေကို ဖြူဖွေးစေနိုင်တဲ့ Whitening ပါဝင်တာက များပါတယ်။ အခုပြောပြပေးချင်တာကတော့ တစ်နေ့ကို အချိန် (၁၀) မိနစ်ပေးလိုက်ရုံနဲ့ အသားအရေကို ဖြူဖွေးစေလာနိုင်မယ့်နည်းလေးတွေ အကြောင်းပဲ ဖြစ်ပါတယ်။

ဒိန်ချဉ်နဲ့ ပျားရည်

အသားအရေအတွက် ဖြူဖွေးချင်တယ် ဆိုရင် ဒိန်ချဉ်လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ အချိုးတူ ရောမွှေလိုက်ပါ။ သန့်စင်ထားတဲ့မျက်နှာအပေါ် အသားအရေထဲအထိ စိမ့်ဝင်သွားအောင် လိမ်းပေးပါ။ မျက်နှာမှာ အချိန် (၁၅) မိနစ်လောက် ထားပေးပါ။ ပြီးမှ မျက်နှာသစ်ဆေးနဲ့ ပြန်လည် သန့်စင်ပေးပါ။ ဒီနည်းလေးကတော့ မျက်နှာအသားအရေ မညီညာတာတွေကို ပျောက်ကင်းစေနိုင်သလို ပိုပြီးလည်း ဖြူဝင်းလာစေနိုင်ပါတယ်။

သံပုရာရည်၊ Oat Meal နဲ့ ဒိန်ချဉ်

အခုနောက်ပိုင်း အသားအရေ ထိန်းသိမ်းနည်းတွေ အထဲမှာ ပါဝင်လာတဲ့အရာတစ်ခုကတော့ Oat Meal ပဲ ဖြစ်ပါတယ်။ အခု တစ်ခါလည်း အသားအရေ ဖြူဖွေးအောင် ပြုလုပ်တဲ့အချိန်မှာ Oat Meal ကို အသုံးပြုပြီး ပြုလုပ်ပုံလေးကို ပြောပြပေးမှာပါ။ Oat Meal လက်ဖက်ရည် ၃ ဇွန်း၊ သံပုရာရည် လက်ဖက်ရည်တစ်ဇွန်းနဲ့ ဒိန်ချဉ် လက်ဖက်ရည် တစ်ဇွန်းကို ရောစပ်ပြီး သုံးမျိုးလုံး နှံ့သွားအောင် ရောမွှေပေးလိုက်ပါ။ ပြီးရင် သန့်စင်ထားတဲ့မျက်နှာ တစ်ပြင်လုံးကို ပွတ်ပြီး လိမ်းပေးပါ။ မျက်နှာမှာ မိနစ် ၂၀ လောက် ထားပြီးရင် မျက်နှာသစ်ဆေးနဲ့ ပြန်လည်သန့်စင်ပေးပါ။ ဒီလို ပြုလုပ်ပေးတာကတော့ အသားအရေကို စိုပြေပြီး တောက်ပလာစေနိုင်ပါတယ်။

လိမ္မော်ရည်နဲ့ ဆနွင်း

ဆနွင်း လက်ဖက်ရည်ဇွန်း တစ်ဝက်ကို လိမ္မော်ရည် လက်ဖက်ရည် နှစ်ဇွန်းနဲ့ ရောစပ်လိုက်ပါ။ အသားဖြူချင်တဲ့နေရာတွေမှာ လိမ်းပေးပါ။ မိနစ် ၂၀ – နာရီဝက်လောက် ထားပြီးရင် ပြန်လည် သန့်စင်ပေးပါ။ နာရီဝက်ထက်တော့ ပိုကြာကြာ မထားမိပါစေနဲ့နော်။ ဆနွင်းနဲ့ ပြုလုပ်တဲ့နည်းဖြစ်တဲ့အတွက် အချိန် သိပ်ကြာသွားရင် အသားအရေမှာ ဆနွင်းရောင်တွေ စွဲပြီး ကျန်နေတတ်တဲ့အတွက်မို့လို့ပါ။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password