သွားတွေ ဖြူဖွေးစေဖို့ အတွက် ဘယ်လိုပြုလုပ်နိုင်မလဲ

အပြုံးလေးတွေ တောက်ပနေဖို့ အတွက်ကတော့ ဖြူဖွေးနေတဲ့သွားလေး တစ်စုံကတော့ အရေးကြီးပါတယ်။ သွားလေးတွေဆိုတာက ပုလဲလုံးလေးတွေ စီထားသလို အလှဆုံး ဖြစ်နေစေဖို့ အတွက် သွားကြားမှာ ရှိတဲ့အညစ်အကြေးတွေ ကင်းစင်ဖို့ ဘယ်လို ပြုလုပ်လို့ ရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ သွားတွေကို ဖြူဖွေးစေဖို့ အတွက် သွားဆေးခန်းမှာ သွားပြီး ပြုလုပ်ဖို့ အချိန်မပေးနိုင်တဲ့သူတွေ အတွက်ကတော့ ဒီနည်းလေးက အသုံးဝင်လှမှာပါ။

သွားတွေ ဖြူဖွေးအောင် ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ အရာလေးတွေကတော့

  • မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည် တစ်ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ခံတွင်းသန့် ဆေးရည် အနည်းငယ် တို့ပဲ ဖြစ်ပါတယ်။

အရင်ဆုံး ပါဝင်တဲ့အရာ သုံးခုကို ရောစပ်လိုက်ပါ။ ပြီးရင် သွားတိုက်တံနဲ့ သွားတိုက်သလို တိုက်ပေးပါ။ သွားတိုက်တဲ့အချိန်မှာလည်း ညင်ညင်သာသာ ပြုလုပ်ပေးပါ။ ဆားပါတဲ့အတွက် အားနဲ့ ပြုလုပ်မိမယ် ဆိုရင် သွားဖုံးတွေ အနာဖြစ်သွားတတ်တဲ့အတွက်ပါ။ သွားကြားလေးတွေ အထိ ထိအောင် သေချာ ဂရုစိုက် တိုက်ပေးပါ။ သွားတိုက်တံနဲ့ တိုက်လို့ ပြီးသွားရင်တော့ သွားကြားထိုးတဲ့ ပိုးကြိုးနုနုလေးကို သုံးပြီး သွားကြားမှာ ကျန်နေတဲ့ အညစ်အကြေးတွေကို ပြောင်စင်အောင် ထပ်မံ ပြုလုပ်ပေးပါ။

သွားမှာ ကပ်နေတဲ့ အညစ်အကြေးတွေ ပြောင်စင်သွားပြီ ဆိုရင်တော့ သွားတိုက်ဆေးနဲ့ နောက်ထပ် တစ်ကြိမ် သွားပြန်တိုက်ပေးလိုက်ရုံပါပဲ။ ဒီနည်းလေးကိုတော့ တစ်ပတ် တစ်ကြိမ်လောက် ပြုလုပ်ပေးရုံနဲ့ သွားတွေကို ဖြူဖွေး လှပစေနိုင်မှာပဲ ဖြစ်ပါတယ်။ အလွန်ဆုံး တစ်ပတ် တစ်ကြိမ်ပဲ ပြုလုပ်ပေးပါနော်။ သွားတွေ ဖြူဖွေးချင်တဲ့စိတ်ကြောင့် တစ်ပတ် သုံး လေးကြိမ် မပြုလုပ်လိုက်ပါနဲ့။

သွားဖုံးလေးတွေဆိုတာက သိပ်ကို နူးညံ့တဲ့အရာ ဖြစ်တဲ့အတွက် ခဏတိုင်း ပြုလုပ်လိုက်မယ် ဆိုရင်တော့သွားဖုံးသားလေးတွေကို နာကျင်စေနိုင်တဲ့အတွက် မို့လို့ပါ။ တစ်ပတ် တစ်ကြိမ် ပြုလုပ်ပေးရုံနဲ့ လုံလောက်တာမို့လို့ မှန်မှန်လေးသာ ပြုလုပ်ပေးမယ်ဆိုရင် ပျိုမေတို့ရဲ့ အပြုံးလေးတွေကို အကောင်းဆုံး ပံ့ပိုးပေးနိုင်မယ့် သွားဖြူဖြူလေးတွေကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်လို့ ပြောပြလိုက်ရပါတယ်နော်။ ဖြူဖွေးနေတဲ့ သွားလေးတွေအတွက်ကတော့ မခက်ခဲပါဘူးဆိုတာကို အခု ပြောပြပေးတဲ့အတိုင်းလေး ပြုလုပ်ပေးပြီး သက်သေပြလိုက်နိုင်ပါတယ်။

 

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password