Nude Color မှကြိုက်တယ်ဆိုတဲ့ သူရဲကောင်းတွေအတွက် Huda Beauty ရဲ့ New Nude Palette

Eyeshadow Palette ဘယ်လိုအရောင်ဆန်းဆန်းတွေထွက်ထွက် Nude Palette တွေကတော့ အမြဲတန်း classic ဆန်နေတာမို့ ပျိုတွေတော်တော်များများရဲ့အသည်းစွဲဖြစ်နေတာပါ။ ဒါကြောင့် ခုလောလောလတ်လတ်ပဲ Huda Beauty ကနေမိတ်ဆက်လိုက်တဲ့ New Nude Palette လေးကိုရင်ခုန်နိုင်ဖို့ ဖော်ပြပေးမယ်နော်။

ဒီ New Nude Palette လေးကိုဖန်တီးတဲ့ Huda Beauty ရဲ့ပြောကြားချက်အရကတော့ ဒီ palette လေးကအရင်ကထွက်ခဲ့တဲ့ nude palette တွေရဲ့ texture၊ formula တွေကနေ လုံးဝကွဲပြားနေအောင်ပြုလုပ်ထားတယ်လို့ဆိုပါတယ်။ ဒီ nude palette လေးကိုသုံးပြီးချယ်သလိုက်တာနဲ့ ကိုယ့်ကိုကိုယ်ဆွဲဆောင်မှုအပြည့်ရှိတယ်လို့ထင်သွားရစေမယ်လို့ ဆိုထားတာကြောင့် ခပ်မိုက်မိုက်နဲ့စတိုင်ကျတဲ့ပုံကိုကြိုက်တဲ့ ပျိုတွေနဲ့တော့အကိုက်ပါ။

ဒီ palette လေးမှာ color swatch ၁၈ခုပါဝင်ပြီးတော့ အရောင်တွေကလည်း cool tone နဲ့ warm tone တွေကိုမျှပြီးတော့ထည့်ထားပေးတာပဲဖြစ်ပါတယ်။ အရမ်းမိုက်တဲ့ multi reflective အရောင်ပြောင်ပြောင်လက်လက်လေးက ၄မျိုးပါဝင်ပြီး matte type eyeshadow အရောင်ကတော့ ၁၀မျိုးပါဝင်ပါတယ်။ ပြောင်ပြောင်လေးဖြစ်တဲ့ glow မျိုးကိုကြိုက်ရင် ဒီ multi reflective shadow လေးတွေကို သူ့ချည်းသက်သက်ချယ်နိုင်ပြီးတော့ သိပ်မသိမသာလေးပဲလိုချင်ရင်တော့ အပေါ်ကနေ matte လေးတစ်ထပ်ပါးပါးလေးချယ်ပေးလိုက်ရင် အဆင်ပြေမှာပါ။

   

လုံးဝ bling bling party look မှကြိုက်တဲ့ပျိုလေးတွေအတွက်လည်း ဒီ palette လေးမှာ Glitter swatch ၂ခုတောင်ပါဝင်ပြီး Pressed pearl color ၁ခုလည်းပါဝင်ပါသေးတယ်။ Cut crease look အတွက်နဲ့ base အနေနဲ့အသုံးပြုဖို့အတွက်လည်း concealer base အရောင်၁ခုပါပါဝင်နေတာကြောင့် ဘာလိုသေးလည်းတောင်မေးစရာလိုမှာမဟုတ်တော့ပါဘူး။ ပြီးတော့ palette တိုင်းမှာ full size မှန်ပါထည့်ထားပေးတယ်ဆိုတော့ လက်လွတ်ခံလို့မဖြစ်တာသေချာသွားပြီလေ~

ဒီ New Nude palette လေးကို Huda Beauty ကနေ နိုဝင်ဘာ၁ရက်နေ့မှ စပြီးရောင်းချသွားမှာဖြစ်ပြီး ဈေးနှုန်းကတော့ $65 ရှိတယ်လို့သတင်းပေးလိုက်ရပါတယ်။

Image source : www.hudabeauty.com

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password