မိတ်ကပ်ပြင်တဲ့အချိန်မှာ Eye Liner ဆိုးပေးသင့်တဲ့အကြောင်း

ပြီးပြည့်စုံတဲ့အလှအတွက် ပြင်ဆင်တဲ့အချိန်မှာ မျက်လုံးလေးတွေကိုတော့ ချန်ထားခဲ့လို့ မရပါဘူးနော်။ မျက်လုံးလေးတွေ ဆိုတာကတော့ အလှအပများစုစည်းရာလို့တောင် တင်စားလို့ ရတဲ့အရာပဲ ဖြစ်တဲ့အတွက်မို့လို့ပါ။ မျက်ဝန်းနက်နက်လေးတွေ ဖြစ်အောင်လို့ Eye Liner ဆိုးပေးသင့်တဲ့အကြောင်းကို ပြောပြပေးလိုက်ရပါတယ်။

ဘယ်လို Eye Liner မျိုးကို ဆိုးမလဲ

Eye Liner ဆိုးတဲ့အချိန်မှာ Eye Liner အမျိုးအစား အများကြီး ရှိပါတယ်။ အကြမ်းဖျင်း အနေနဲ့ကတော့ ၃ မျိုး ရှိပါတယ်။ ခဲတံပုံစံ Eye Liner ၊ Pen Types ပုံစံ Eye Liner နဲ့ Gel Types Eye Liner တွေပဲ ဖြစ်ပါတယ်။ ဒီလို အမျိုးအစားတွေ အများကြီး ရွေးစရာ ရှိတဲ့အထဲက လိုက်ဖက်တဲ့အမျိုးအစားကို ရွေးချယ်ပြီး အ သုံးပြုပေးလို့ရပါတယ်။

ခဲတံပုံစံ Eye Liner

မျက်ဝန်းလေး တစ်ခုလုံးကို မသိမသာလေး နက်သွားချင်တဲ့သူတွေ အတွက်ကတော့ ဒီအမျိုးအစားကို ရွေးချယ်ပေးသင့်ပါတယ်။ မျက်ဝန်း တစ်ခုလုံးရဲ့ အနားသတ်လေးတွေမှာ မသိမသာလေး ခြယ်ပေးလိုက်တာကတော့ မျက်ဝန်းလေးတွေကို သဘာဝဆန်ဆန်လေးနဲ့ မျက်ဝန်းအိမ်လေးကို ကျယ်သွားစေနိုင်တဲ့အတွက်ပဲ ဖြစ်လို့ပါ။ မျက်လုံးသေးတဲ့သူတွေနဲ့ မျက်လုံးမှေးတဲ့သူတွေ အတွက် အလိုက်ဖက်ဆုံး Eye Liner အမျိုးအစားပဲ လိုက်ဖို့လည်း လွယ်ကူတဲ့အတွက်မို့လို့ပါ။ မျက်ရစ် မပါတဲ့သူတွေအတွက်ကတော့ ဒီလို Eye Liner လေး ဆိုးလိုက်တဲ့အချိန်မှာ မျက်ရစ်လေးလို ဖြစ်သွားပြီး မျက်ဝန်းအလှကို တောက်ပသွားစေနိုင်ပါတယ်။

Gel Types Eye Liner

မျက်ဝန်းလေးကိုမှ နက်နေတာမျိုး၊ အရောင် တဖြတ်ဖြတ် တောက်ပနေတာမျိုးကို ပိုင်ဆိုင်ချင်တဲ့သူတွေအတွက်ကတော့ Gel Types က အကောင်းဆုံး ရွေးချယ်မှုပါ။ Gel ဖြစ်တဲ့အတွက် အရောင်လေးက စိုပြီး တောက်နေမှာပဲ ဖြစ်ပါတယ်။ Gel Types နဲ့ Pen Types တွေကိုတော့ မျက်ရစ်လေးတွေ နေရာမှာ အသုံးများပါတယ်။ မျက်လုံး အပေါ်ပိုင်းအတွက်ကတော့ ဒီ နှစ်မျိုးကို အသုံးများပြီး အောက်မျက်သားလေးတွေကိုတော့ ခဲတဲပုံစံ Eye Liner မျိုးကို ရွေးချယ်လိုက်တာကတော့ အကောင်းဆုံး ပြင်ဆင်မှုပဲ ဖြစ်ပါတယ်။ ဖြစ်ပါတယ်။

Pen Types Eye Liner

အချိန် အများကြီး မပေးနိုင်ဘဲ ခပ်မြန်မြန် မိတ်ကပ်ပြင်ချင်တဲ့မိန်းကလေးတွေကတော့ ဒီ Eye Liner မျိုးကို အရွေးများပါတယ်။ ဆော့ပင်လေးတွေ ဖြစ်တဲ့အတွက် သယ်သွားရလည်း လွယ်ကူပြီး အလွယ်တကူ ပြင်ဆင်လိုက်ဖို့လည်း လွယ်ကူတဲ့အတွက်မို့လို့ပါ။ မျက်ရစ် မပါတဲ့သူတွေအတွက်ကတော့ ဒီလို Eye Liner လေး ဆိုးလိုက်တဲ့အချိန်မှာ မျက်ရစ်လေးလို ဖြစ်သွားပြီး မျက်ဝန်းအလှကို တောက်ပသွားစေနိုင်ပါတယ်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password