ဒီဇိုင်းကာလာအနေအထား ကိုယ့်စိတ်တိုင်းကျ ဖန်တီးနိုင်မယ့် Innisfree ရဲ့ My Palette Series

ပျိုတို့ရဲ့မှန်တင်ခုံပေါ်က မရှိမဖြစ် Makeup item တွေထဲမှာ Palette လေးတွေကလည်းတစ်ခုပါ။ Eyeshadow၊ ပါးနီ၊Highlighter စတာတွေအားလုံးကို တစ်စုတစ်စည်းထဲပါဝင်တာမို့ အရမ်းကိုအသုံးဝင်တဲ့ palette လေးတွေပေမယ့် တစ်ခါတစ်လေတော့ ကိုယ်လိုချင်တဲ့အရောင်အားလုံး palette တစ်ခုထဲမှာမပါလို့ အခက်ကြုံစိတ်ညစ်ရတတ်ပါတယ်။ ဒီအခက်အခဲတွေကိုဖြေရှင်းပေးမှာကတော့ Innisfree ရဲ့ My Palette series လေးပါ။

ဒီ My Palette လေးကတော့ နာမည်အတိုင်းပဲ ကိုယ့်စိတ်ကြိုက် ကိုယ်ပိုင် palette လေးတစ်ခုကို ဖန်တီးစေနိုင်မှာပဲဖြစ်ပါတယ်။ ရွေးချယ်စရာ အရောင် ၁၃၀ကျော်ရှိပြီး ရွေးချယ်လို့ရတဲ့  makeup item ကလည်း အမျိုးစုံရှိပါတယ်။ My Palette ရဲ့ ရွေးချယ်လို့ရတဲ့ makeup အမျိုးအစားတွေကတော့

၁။Eyebrow powder

၂။Eyeshadow

၃။Blusher

၄။Highlighter

၅။Contour powder

၆။Colour corrector နဲ့

၇။Concealer တို့ပဲဖြစ်ပြီး ဒီ itemတွေကိုမှ မတူညီတဲ့ textures ၄မျိုးဖြစ်တဲ့ matte, shimmer, glitter နဲ့ creamဆိုပြီးတော့လည်း ပြန်ရွေးချယ်လို့ရသေးတာကြောင့် လုံးဝကို စိတ်ကျရွေးချယ်နိုင်မှာပါ။

ဒီ My Palette လေးတွေရဲ့ packaging ကို အလွယ်တကူ ဖြုတ်လို့တပ်လို့ရတဲ့ သံလိုက်လေးတွေနဲ့ပြုလုပ်ထားလို့ အချိန်နဲ့နေရာကိုလိုက်ပြီးလဲ ကိုယ့်စိတ်တိုင်းကျ palette အသစ်လေးတွေဖန်တီးလို့ရပါသေးတယ်။ My Palette seriesအတွက်ထုတ်ထားတဲ့ Holder case လေးတွေက Small,Medium နဲ့ Large ဆိုပြီး ဆိုဒ်၃မျိုးလာတာလည်းတွေ့ရပါတယ်။ Small ဆိုဒ်မှာတော့ eyeshadow ၄မျိုး/ပါးနီ၂မျိုး အထိထည့်လို့ရပြီး Medium ကတော့ eyeshadow ၈မျိုး/ပါးနီ၄မျိုးအထိဆန့်ပါတယ်။ Large ဆိုဒ်ကတော့ eyeshadow ၁၈မျိုး/ပါးနီ၉မျိုးအထိ ထည့်လို့ရတာကြောင့် ပျိုတို့စိတ်ကြိုက် itemတွေကိုထည့်လို့ရမှာပါ။အခုဖော်ပြပေးလိုက်တဲ့ My Palette လေးနဲ့ဆိုရင်တော့ပျိုတို့တွေ ကိုယ်စိတ်တိုင်းကျ အရောင်တွေချည်းပဲ Palette လေးတစ်ခုကို တစ်နေရာထဲမှာတစ်စုတစ်စည်းတည်းသုံးလို့ရပြီဆိုတော့ စိတ်တိုင်းကျနိုင်မယ်လို့မျှော်လင့်လိုက်ရပါတယ်နော်။

 

 

 

 

References : www.nylon.com

Photo references : www.innisfree.com

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password