Toy Story ချစ်သူတွေအတွက်နှစ်သစ်မှာ ဝယ်ထားရမယ့် Innisfree x Disney Toy Story Collections

နှစ်တွေပြောင်းလာပေမယ့် ဘယ်အချိန်ကြည့်ကြည့် ကြည့်လို့ကောင်းနေတဲ့ ကာတွန်းကားတွေထဲမှာ Toy Story လည်းအပါအဝင်ဆိုတာ တော်တော်များများလက်ခံကြမှာပါ။ ဒါကြောင့် မင်မင့်လို Toy Story ပရိသတ်တွေအတွက် နှစ်သစ်မှာလက်မလွတ်တမ်းဝယ်ထားသင့်တဲ့ Innisfree x Disney Toy Story Collections ကို မိတ်ဆက်ပေးချင်ပါတယ်နော်။

ဒီ Toy Story Collection ကို Limited Edition အနေနဲ့ထုတ်ထားတာဖြစ်ပြီး ပစ္စည်းအမျိုးအစားပေါင်း ၂၂ခုတောင်ပါဝင်ပါတယ်။ Innisfree ရဲ့နာမည်ကြီး item တွေဖြစ်တဲ့ Green Tea Seed Serum တို့ No Sebum Powder တို့လည်း ဒီ collection မှာပါဝင်တာမို့ အကုန်လိုချင်စရာဖြစ်နေမှာအသေအချာပါ။ ဒီ Collection မှာပါတဲ့ပစ္စည်းတွေကတော့

၁။ Green Tea Seed Cream နဲ့ Green Tea Seed Serum တို့ပါတဲ့ Buzz Lightyear Set

woody set

၂။ ပြီးခဲ့တဲ့တစ်ခေါက်က ဖော်ပြခဲ့တဲ့ ရောင်စုံ Jeju Volcanic Clay Mask တွေထဲက နှစ်ခု၊ လူကြိုက်များတဲ့ Volcanic Pore Clay Mask 2X နဲ့ No Sebum Mineral Powder တို့ပါဝင်တဲ့ Woody Set

micellar oil water

၃။ ဘူးပေါ်မှာ ချစ်စရာ Buzz Lightyear ပုံလေးပါဝင်ပြီး Jeju green tea နဲ့ Aloevera တို့ကနေထုတ်လုပ်ထားတဲ့ My Makeup Cleanser – Micellar Oil Water

lip balm

၄။ Woody, Jessie နဲ့ Buzz Lightyear ဆိုပြီးသုံးမျိုးရှိတဲ့ My Lip Balm series ထဲက Peach, Grapefruit နဲ့ Cherry အနံ့ Lip Balm လေးတွေ

eyeshadow

၅။ အရောင် သုံးမျိုးလာပြီး Toy Story ဇာတ်ကောင်ပုံလေးတွေပါတဲ့ Twinkle Glitter Liquid Glitter Eyeshadows

no sebum

၆။ Toy Story ရဲ့အဓိကဇာတ်ကောင် သုံးယောက်ပုံလေးတွေနဲ့ ထုတ်လိုက်တဲ့ Innisfree ရဲ့ နာမည်ကြီး No Sebum Mineral Powder

body miniature set

၇။ ရေချိုးဆပ်ပြာ၊ lotion တွေကို Toy Story ဇာတ်လိုက်တွေရဲ့ပုံနဲ့ ထုတ်ထားတဲ့ My Perfumed Body Miniature Set

၈။ Alien, Buzz နဲ့ Hamm ဆိုပြီး အပြာရောင်၊ ခရမ်းရောင်နဲ့ ပန်းရောင် Real Color Nail လက်သည်းနီတွေနဲ့

hand cream

၉။ Toy Story Character တွေပုံနဲ့ထုတ်ထားတဲ့ Jeju life perfumed handcream တွေပဲဖြစ်ပါတယ်။

ဒီ ပစ္စည်းလေးတွေကို ဇန်နဝါရီ ၁ရက်နေ့ကစပြီး Innisfree Website နဲ့ ဆိုင်တွေမှာရောင်းချနေပြီဆိုတာကိုလည်း သတင်းပေးလိုက်ရပါတယ်။

 

references : www.innisfree.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password