Halloween ဆင်နွှဲမည့် ပျိုမေတို့ follow လုပ်ထားသင့်တဲ့ instagram ပေါ်က makeup artist များ (Part-1)

မကြာခင်ကျရောက်တော့မယ့် Halloween ပွဲကို ဆင်နွှဲကြတဲ့သူတွေအတွက် မေ့လို့မရတဲ့ အရာတစ်ခုကတော့ Halloween မိတ်ကပ်ပါ။ Halloween မိတ်ကပ်တွေထဲမှာမှ တစ်ချို့က SFX မိတ်ကပ်လို့ခေါ်တဲ့ အထူးပြုလုပ်ချက်တွေနဲ့ဖန်တီးထားတဲ့ ကြောက်စရာအသွင် မိတ်ကပ်၊ ဒါမှမဟုတ် ထူးခြားဆန်းပြားတဲ့အသွင် မတ်ကပ်မျိုးကို နှစ်သက်ကြသလို တစ်ချို့ကလည်း Dramatic yet Glamorous look လို့ခေါ်တဲ့ ထင်းနေအောင်ပြင်ထားတဲ့ မိတ်ကပ်လိုမျိုး၊ ရုပ်ရှင်မင်းသား/မင်းသမီး အသွင်ပြင်ထားတဲ့ cosplay မိတ်ကပ်လိုမျိုးကို ပိုပြီးနှစ်သက်ကြပါတယ်။ ဒါကြောင့်မို့လို့ မတူညီတဲ့ Halloween မိတ်ကပ်ပုံစံ အမျိုးမျိုးနဲ့ နာမည်ကြီးတဲ့ Instagramပေါ်က မိတ်ကပ်ပညာရှင်အချို့ကိုစုစည်းပြီး ဖော်ပြပေးလိုက်ရပါတယ်။

Fairy-look


@steamfaerie လို့ခေါ်တဲ့ ဒီ artist ကတော့ သူ့ရဲ့နာမည်အတိုင်း fairy-look တွေအတွက်ထင်ရှားတဲ့သူဖြစ်ပါတယ်။ Follower ပေါင်း 12.1K ရှိတဲ့ သူ့ရဲ့ account မှာ Pastel color မိတ်ကပ်ကို ဘယ်လိုလှအောင် လိုက်ဖက်အောင်ပြင်ရမလဲဆိုတာကို တွေ့နိုင်ပါတယ်။

Terrifying look


Halloween ရဲ့ အမှတ်အသားတစ်ခုဖြစ်တဲ့ ကြောက်စရာကောင်းတဲ့ အရိုးခေါင်းပုံစံ မိတ်ကပ်ပုံစံမှာထင်ရှားတဲ့ artist ရဲ့ account ကတော့ @mariamalone1122 ပဲဖြစ်ပြီး followerပေါင်း 183K တောင်ရှိသူတစ်ဦးလည်းဖြစ်ပါတယ်။ ဒီလိုမိတ်ကပ်တွေကို ဘယ်လိုပြင်ဆင်ရမလဲဆိုတာနဲ့ ပက်သက်ပြီးတော့လည်း ကမ္ဘာတစ်ဝှမ်းမှာ သင်ကြားပေးလျက်ရှိတယ်လို့လည်းသိရပါတယ်။

Bold, Bright Beauty Look


ဒီ @formidableartistry ဆိုတဲ့ acc ပိုင်ရှင်ညီမနှစ်ယောက်ကတော့ စီးကွင့်တွေ၊ အရောင်တောက်တောက်တွေနဲ့ ချယ်သလေ့ရှိပြီး သူတို့သုံးတဲ့ makeup တွေကို cruelty free makeup တွေဖြစ်ဖို့အမြဲဂရုစိုက်တဲ့ makeup artist တွေဖြစ်တာကြောင့် support လုပ်သင့်တဲ့ account တစ်ခုလည်းဖြစ်ပါတယ်။

Image Source: www.instragram.com

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password