Halloween ဆင်နွှဲမည့် ပျိုမေတို့ follow လုပ်ထားသင့်တဲ့ instagram ပေါ်က makeup artist များ (Part-2)

အပိုင်း ၁မှာဖော်ပြခဲ့သလိုပါပဲ၊ Halloween အတွက် makeup idea ဆန်းဆန်းလေးတွေ လေ့လာလို့ရမယ့် Instagram ပေါ်က makeup artist တွေနဲ့ သူတို့ရဲ့ account တွေကိုဆက်ပြီးတော့ ဖော်ပြသွားမှာဖြစ်ပါတယ်။

Feminine and Fabulous look

Halloween မိတ်ကပ်ဆိုပေမဲ့လည်း မိန်းမဆန်ဆန်နဲ့ လှမယ့်ပုံစံတွေကို သိချင်တယ်ဆိုရင်တော့ @ahitsrosa ရဲ့ accountနဲ့ ကိုက်ညီမှာပါ။ Follower ပေါင်း 140K တောင်ရှိတဲ့ artist တစ်ဦးလည်းဖြစ်ပြီးတော့ သူ့ရဲ့ ပုံစံတွေအတွက် ဘယ်မိတ်ကပ်ပစ္စည်းတွေသုံးပြီး ပြင်ထားတယ်ဆိုတာလည်းဖော်ပြလေ့ရှိတာကြောင့် ပြန်လည်ဖန်တီးကြည့်ချင်သူတေအတွက် အထောက်အကူဖြစ်နိုင်မှာပါ။

Movie Creation and Body Illustration

Halloween မိတ်ကပ်တွေထဲမှာ ထင်ရှားတဲ့ ပုံစံနောက်တစ်ခုကတော့ နာမည်ကြီးရုပ်ရှင်တွေထဲက ဇာတ်ကောင်တွေအတိုင်းပြင်ဆင်တာနဲ့ အမြင်အာရုံကိုလှည့်စားတဲ့ Body Illustration တွေပဲဖြစ်ပါတယ်။ ဒီလို ပုံစံကိုကြိုက်တဲ့ သူတွေအတွက်ကတော့ @wildroseartistry ရဲ့ account ကို အကြိုက်တွေ့ကြမှာ အသေအချာပါ။ သူ့ရဲ့ account မှာ tutorial လေးတွေပါတင်ထားပေးတာကြောင့် စမ်းလုပ်ကြည့်ချင်တဲ့သူတွေအတွက် အတော်လေး အထောက်အကူဖြစ်စေမယ့် နောက်ထပ် account တစ်ခုလည်းဖြစ်ပါတယ်။
image link – https://www.instagram.com/p/Bc-lHzYh7TW/?taken-by=wildroseartistry (for @wildroseartistry)

Gory and Terrifying

သွေးသံရဲရဲနဲ့ ကြောက်စရာသတ္တဝါကြီးအလား ထင်ရအောင် ချယ်သတဲ့နေရာမှာနာမည်ကြီးသူကတော့ @ellimacsstx ပဲဖြစ်ပါတယ်။ သူ့ရဲ့ထင်ရှားတဲ့ပုံစံတွေကတော့ အထူးပြုလုပ်ချက်တွေနဲ့ ကြောက်စရာ ထိတ်လန့်စရာပုံစံတွေပဲဖြစ်ပြီး သူ့ရဲ့ follower တွေအတွက်လည်း အထူးပြုမိတ်ကပ်တွေကိုဘယ်လိုလုပ်ရမလည်းဆိုတဲ့ နည်းလမ်းတွေကိုလည်း သင်ကြားပေးတတ်ပါတယ်။ သူသင်ကြားပေးတဲ့နည်းတွေထဲက တစ်ချို့ကတော့ နှုတ်ခမ်းကွဲတဲ့ ပုံစံပြုလုပ်နည်း၊ မျက်လုံးကို အပြင်ကိုပြူးထွက်နေအောင်ချယ်သနည်းတို့ဖြစ်တာကြောင့် SFX အထူးပြုလုပ်ချက်မိတ်ကပ်တွေကို ချယ်သချင်တဲ့သူတွေအတွက်တော့ သူ့ account ကိုလေ့လာသင့်တာအသေအချာပါ။ Youtube account မှာလည်း Halloween မိတ်ကပ်ချယ်သနည်းပေါင်းများစွာကို တင်ပေးထားတဲ့ artist မို့လို့ follow လုပ်သင့်တာ လုံးဝသေချာပါတယ်လို့ တိုက်တွန်းချင်ပါတယ်။
အခု artist တွေအပြင် အခြားနာမည်ကြီး artistတွေလည်း အများကြီးကျန်ရှိပါသေးတယ်။ အခုဖော်ပြပေးလိုက်တဲ့ artist တွေရဲ့ account တွေကတော့ tutorial တွေ သုံးတဲ့ မိတ်ကပ်တွေကိုဖော်ပြလေ့ရှိတဲ့ account တွေဖြစ်လို့ ဒီ Halloween ကိုဆင်နွှဲမည့် ပျိုမေတွေအတွက် Halloween makeup idea ရအောင် စုစည်းပြီးဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။ ကိုယ်စိတ်ဝင်စားတဲ့ ပုံစံနဲ့ ကိုက်ညီမည့် artist ရဲ့accountကို ဝင်လေ့လာပြီး Halloween မှာ အဆန်းဆုံး ဒီဇိုင်းတွေနဲ့ ပျော်ရွှင်နိုင်ကြပါစေလို့ စုတောင်းပေးလိုက်ပါတယ်။

Image source: www.instragram.com

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password