အဆီပြန်တတ်သော သူတွေဆောင်ထားသင့်တဲ့ Blotting Paper

တနေကုန်မဖြစ်မနေမိတ်ကပ်လိမ်းထားရတဲ့အခါ အချိန်ကြာလာတာနဲ့အမျှ မျက်နှာမှာ အဆီပြန်လာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အဲ့လိုအချိန်ဆို အရမ်းကိုစိတ်ညစ်ရပါတယ်။ ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုတွေ နည်းပါးလာတဲ့အတွက် ဘာလုပ်လုပ်စိတ်မပါတာမျိုးတွေ စိတ်မဝင်စားတာမျိုးတွေ ဖြစ်လာပါတယ်။ ဒါကြောင့် အဆီအရမ်းပြန်တတ်ရင် ဒါမျိုး အဆီစုတ်စက္ကူလေးတွေ ရှိထားသင့်ပါတယ်။ အဲ့ဒါမှသာ အချိန်မရွေး အရေးပေါ်အသုံးပြုလို့ ရနိုင်မှာဖြစ်ပါတယ်။

    

အခုပြောပြပေးချင်တဲ့ အဆီစုတ်စက္ကူလေးကတော့ Fenty Beauty ကထုတ်တဲ့ INVISIMATTE Blotting Paper ဆိုတဲ့ အဆီစုတ်စက္ကူလေးဘဲဖြစ်ပါတယ်။ သူကတော့ Lipstick ပုံစံ Packaging နဲ့ထုတ်လုပ်ထားတာဖြစ်လို့ အလွယ်တကူသွားလေရာ သယ်ဆောင်သွားနိုင်ပါတယ်။ ဘူးမှာမှန်လေးလည်း ပါဝင်တာမို့ အသုံးပြုတဲ့အခါမှာ အရမ်းကိုအဆင်ပြေစေပါတယ်။ Quality ကောင်းအောင်ထုတ်လုပ်ထားတဲ့အတွက် အဆီအရမ်းပြန်တတ်တဲ့သူတွေ ဆောင်ထားသင့်တဲ့ ပစ္စည်းလေးဖြစ်ပါတယ်။ နောက်ထပ် ကောင်းတာတစ်ခုကတော့ အကယ်၍သုံးလို့ကုန်သွားခဲ့ရင်လည်း ဘူးတစ်ဘူးထက်ပြီးဝယ်နေစရာမလိုဘဲ Refill ထက်ဝယ်ပြီး အသုံးပြုလို့ ရနိုင်တဲ့အတွက် ပိုလို့တောင်အဆင်ပြေပါသေးတယ်။ သူ့ရဲ့အသုံးပြုပုံကတော့ မိမိရဲ့မျက်နှာမှာ အဆီပြန်နေတဲ့ နေရာတွေကို အလွယ်တကူတင်ပြီး ကပ်ပေးလိုက်ရုံနဲ့ မျက်နှာပေါ်က ပြန်နေတဲ့အဆီတွေကို စုတ်ယူပေးသွားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

    

ဒီလောက်ဆို Fenty Beauty By Rihanna ရဲ့ Blotting Paper လေးအကြောင်းကို တော်တော်လေးသိလောက်ပြီပေါ့နော်။ အရည်သွေးကောင်းတာကိုမှ ကြိုက်နှစ်သက်ပြီး အဆီပြန်တတ်တဲ့သူတွေအနေနဲ့ ဆောင်ထားသင့်တယ်လို့ထင်ရင် တွေးမနေဘဲ အမြန်ဆုံးဝယ်ယူလိုက်ပါလို့ တိုက်တွန်းချင်ပါတယ်။

Image Source : https://www.fentybeauty.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password