ရတနာ ခုနစ်မျိုးပါဝင်လို့ နာမည်ကြီးနေတဲ့ JayJun Luminous Aurora Pearl Mask

Korean Skincare Mask တွေကြိုက်တဲ့ ပျိုပျိုတို့ကိုကိုတို့အတွက်တော့ JayJun Mask နဲ့စိမ်းမယ်မထင်ပါဘူးနော်။ မနှစ်က internet ပေါ်မှာအရမ်းတွေနာမည်ကြီးခဲ့ပြီး ခုထိလည်းလူကြိုက်များနေတဲ့ ပန်းရောင်နဲ့အပြာရောင် mask အထုပ်လေးတွေက JayJun ကပါ။ အခုလည်း mask နဲ့ပတ်သတ်ရင်အရမ်းနာမည်ကြီးတဲ့ brand ပီပီ အသစ်ထုတ်လိုက်တဲ့ mask ကလည်း ကိုရီးယားမှာနာမည်ကြီးနေတာမို့ ဖော်ပြပေးချင်ပါတယ်။

ဒီ mask လေးရဲ့နာမည်ကတော့ Luminous Aurora Pearl Mask ပါ။ နာမည်လေးအတိုင်းပါပဲ mask အထုပ်လေးကအစ အထဲက mask sheet ကပါ အရောင်ပြေးလေးတွေနဲ့ အရမ်းလှတာကိုလည်းတွေ့ရပါတယ်။ ပါဝင်တဲ့ပစ္စည်းတွေကတော့ လုံးဝကြွေဆင်းစရာပါ၊ ဘာလို့လဲဆိုတော့ ရတနာ ၇ မျိုးတောင်ပါတယ်လို့ ဆိုထားလို့ပါပဲ။ ပုလဲ၊ နီလာ၊ စိန်၊ ပတ္တမြား၊ ကျောက်နီ (Coral) ၊ ပယင်း (Amber) နဲ့ ခရမ်းဆွဲ (Amethyst) အမှုန့်တို့ပါဝင်တယ်လို့ ဆိုတာကြောင့် အရမ်းတွေစိတ်ဝင်စားဖို့ကောင်းတာတော့ အမှန်ပါ။

ပါဝင်ပစ္စည်းတွေတင်ကောင်းတာမဟုတ်ဘဲ quality ကလည်း JayJun mask မို့လို့စိတ်ချရပါတယ်။ Mask Sheet လေးကလည်း တင်းတင်းရင်းရင်းနဲ့ သုံးလို့ကောင်းတယ်လို့ဆိုကြပြီး သုံးပြီးသွားရင်လည်း moisture တွေကောင်းကောင်းကျန်ခဲ့တာကြောင့် မျက်နှာလေးကို ပြောင်ပြောင်တင်းတင်းလေး glow စေမှာပါ။ ဒါ့အပြင် သတို့သမီးတွေအနေနဲ့ makeup မလိမ်းခင် ဒီ mask လေးကိုနာရီဝက်လောက် ကြိုပြီးကပ်ထားပြီးမှ လိမ်းမယ်ဆိုရင် base makeup နဲ့ ဒီ mask ကကျန်ခဲ့တဲ့ essence တွေရောသွားပြီး မိတ်ကပ်ကိုပိုလှစေတယ်လို့ဆိုတာကြောင့် Bride Mask လို့တောင် ခေါ်နေကြတာကိုလည်းတွေ့ရပါသေးတယ်။

ဒီ JayJun mask လေးနဲ့ နှစ်သစ်မှာ glow မယ်ဆိုရင်တော့ JayJun official website ကဖြစ်ဖြစ် online shop တွေကဖြစ်ဖြစ်ဝယ်ယူနိုင်ပါပြီလို့လည်း လက်တို့လိုက်ပါတယ်နော်

image references :  www.jayjun.co.kr/product/

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password