Beauty Guru ကြီး Jeffree Star ရဲ့ အလန်းဇယား Thirsty Palette

MySpace ခေတ်ထဲက နာမည်ကြီးခဲ့ပြီး ခုချိန်ထိ သူ့ရဲ့ အချေ youtube video တွေနဲ့နာမည်ကြီးနေဆဲဖြစ်တဲ့ beauty guru ကြီး Jeffree Star ရဲ့ 2018 Summer Collection ကတော့ထွက်လာတာနဲ့ချက်ချင်းကို Sold Out ဖြစ်သွားခဲ့ပါတယ်။ ဒီ collection ထဲကမှ အရောင်အလန်းလေးတွေပါတဲ့ Thirsty Palette လေးအကြောင်းပြောပြချင်ပါတယ်။

ဒီ Thirsty Palette လေးမှာ အရောင် ၁၅မျိုးပါဝင်ပါတယ်။ ဒီအရောင် ၁၅မျိုးထဲမှာမှ ၁၀ မျိုးက matte အမျိုးအစားဖြစ်ပြီး ကျန်တဲ့ ၅မျိုးကတော့ bling bling မှကြိုက်တဲ့ပျိုတွေအတွက် ultra-metallic type တွေပဲဖြစ်ပါတယ်။ Summer collection ဖြစ်တဲ့အတိုင်း ပါဝင်တဲ့အရောင်တွေက လုံးဝအလွင့်ဖြစ်တာကြောင့် လုံးဝအလန်းစားအရောင်တွေမှကြိုက်ပါတယ်ဆိုတဲ့ eyeshadow ချစ်သူတွေအတွက်တော့ ရင်ခုန်စရာအတိပါ။ Mix and Match လုပ်ရတာကြိုက်တဲ့သူတွေအတွက်လည်း neutral color လေးတွေရော အရော်တောက်တောက်တွေရောပါတာကြောင့် အကြိုက်တွေ့မှာပါ။

 

Jeffree Star ကိုယ်တိုင်က makeup guru ဖြစ်တာကြောင့် သူ့ရဲ့ product တွေကိုလည်း formula ကအစ အရောင်ထွက်အဆုံး ဂရုစိုက်လေ့ရှိတဲ့သူပါ။ ဒီ Thirsty Palette ကိုလည်း အရင်က palette တွေနဲ့မတူတဲ့ formula နဲ့ပြုလုပ်ထားပြီး အရောင်လွင့်တာမျိုးကို နည်းနိုင်သမျှနည်းအောင်လုပ်ထားတယ်လို့ဆိုပါတယ်။ တွေ့ရတဲ့ review တွေအရတော့ matte type ဖြစ်လို့ blend လုပ်ရတာနည်းနည်းလေးခက်ပေမယ့် eyeshadow base လိုမျိုးအောက်ကခံလိမ်းထားရတော့ ပို blend လုပ်ရတာလွယ်ပြီး အရောင်နုလေးတွေကအစ တစ်နေကုန်ခံတယ်လို့ပြောတာတွေ့ရပါတယ်။

  

ဒီ palette အလန်းလေးကတော့ အခုချိန်မှာ sold out ဖြစ်သွားပြီဆိုတော့ နောက်ထပ် stock up လုပ်မယ့်အချိန်ကိုလည်း ထပ်ကြေညာထားပါတယ်၊ October ၁၀ရက်နေ့ပါတဲ့။

Image Source : https://www.instagram.com/jeffreestarcosmetics/

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password