ကိုယ်ပိုင် Makeup Line တစ်ခုကိုစတင်မိတ်ဆက်လိုက်တဲ့ Jennifer Lopez

အဆိုတော်၊ သရုပ်ဆောင်နဲ့ Dancer အဖြစ် ဆယ်စုနှစ်နှစ်စုကျော်အောင် အရှိန်အဝါကြီးစွာရပ်တည်နေတဲ့ J-Lo ဟာ ယခုအခါ သူမကိုယ်ပိုင် Makeup Line တစ်ခုကို စတင်မိတ်ဆက်လိုက်ပါတယ်။ သူမဟာ ဒီMakeup Line ကို ပိုလန်အခြေစိုက် နိုင်ငံတကာအလှကုန်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Inglot Cosmetics နဲ့ပူးပေါင်းထုတ်လုပ်လိုက်တာဖြစ်ပါတယ်။

သူမဟာ ၂၀၁ဝကတည်းက L’Oreal အလှကုန်ရဲ့ပင်တိုင် မော်ဒယ်လ် ဖြစ်ခဲ့ပေမယ့် အခုထုတ်လုပ်မယ့် Makeup Line ကတော့ သူမကိုယ်တိုင်ဒီဇိုင်းဆွဲပြီး ကိုယ်တိုင်ထုတ်လုပ်မယ့် ပထမဆုံး Makeup Line ဖြစ်ပါတယ်။

A post shared by Jennifer Lopez (@jlo) on

“ကျွန်မအနေနဲ့ ကျွန်မကိုယ်တိုင်တကယ်ကြိုက်ပြီး၊ တကယ်သုံးချင်တဲ့၊ ကျွန်မကြိုက်တဲ့အရောင်တွေ၊ ကျွန်မကြိုက်တဲ့ အရည်အသွေး ပါဝင်တဲ့ အလှကုန်တွေကို ထုတ်လုပ်ချင်ခဲ့တာပါ။” လို့ J-Lo က မီဒီယာတွေကိုပြောကြားခဲ့ပါတယ်။ “အထူးသဖြင့် စျေးနှုန်းက ကျွန်မအတွက်အရေးကြီးဆုံးပါ။ ဒါကြောင့်လဲ Inglot နဲ့ လက်တွဲဖို့ ကျွန်မဆုံးဖြတ်ခဲ့တာပါ။ ကျွန်မတို့ဟာ အရည်အသွေးကောင်းတဲ့ အလှကုန်တွေကို သက်သာတဲ့ နှုန်းထားတွေနဲ့ထုတ်လုပ်ထားပါတယ်။”

A post shared by Jennifer Lopez (@jlo) on

ဒီ Makeup Line မှာဆိုရင် အလှကုန်ပစ္စည်းအမျိုးအစားပေါင်းများစွာပါဝင်ပြီး မိတ်ကပ်၊ နှုတ်ခမ်းနီ၊ပါးနီ၊ Mascara, Bronzer, Highlighter ကနေ လက်သည်းနီအထိ အစုံအလင်ထုတ်လုပ်သွားမှာပါ။ ထူးခြားတာက အရောင်ပေါင်း ၃ဝဝဝဝကျော်ထဲက မိမိစိတ်ကြိုက်အရောင်တွေကို ပေါင်းစပ်ရွေးချယ်ဝယ်ယူလို့ရတဲ့ Eyeshadow Palettes တွေပါ။ ဒီလိုမိမိစိတ်ကြိုက်အရောင်တွေကို ထည့်သွင်းလို့ရတဲ့ Eyeshadow Palettes Kit ကတော့ ဒီ Products တွေထဲမှာ အထူးခြားဆုံးဖြစ်မှာပါ။

“ဒီလို ကိုယ့်စိတ်ကြိုက်အရောင်တွေကိုယ် ကိုယ့်ဘာသာရွေးချယ်ထည့်သွင်းလို့ရတဲ့ Freedom System Palettes တွေကို ကျွန်မကိုယ်တိုင် စဉ်းစားပြီးထုတ်လုပ်ခဲ့တာပါ။ ဝယ်ယူသူတွေအနေနဲ့ ဒီလိုရွေးချယ်ခွင့်ရတော့ ကိုယ့်စိတ်ကြိုက်အရောင်တွေကိုလိုချင်တာနဲ့ Eyeshadow Palettes လေးငါးဗူးတစ်ပြိုင်ထဲ ဝယ်ရတာမျိုးမဖြစ်တော့ဘူးပေါ့။”

– လို့ J-Lo ကပြောကြားခဲ့ပါတယ်။

Inglot ကုမ္ပဏီဘက်ကလည်း J-Lo ဟာ ဒီအလှကုန်တွေထုတ်လုပ်နိုင်ဖို့ ကုမ္ပဏီနဲ့အတူလက်တွဲပြီး နီးနီးကပ်ကပ်အလုပ်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အလှကုန်တွေအတွက် ထုတ်ပိုးမှုတွေ၊ အရောင်တွေနဲ့ အရောင်တွေကို နာမည်ပေးတာကအစ J-Lo ကိုယ်တိုင်ဆောင်ရွက်ခဲ့ပြီး အလှကုန်တစ်ခုချင်းစီကိုလဲ သူမစိတ်ကြိုက်ရွေးချယ်ခဲ့ပါသတဲ့။ ဒီ Makeup Line ထဲမှာ ထုတ်လုပ်မယ့်အမျိုးအစားပေါင်း ၇ဝကျော်ရှိပါတယ်။ ဒီထဲမှာမှ “Boogie Down Bronze” နဲ့ “Livin’ the Highlight” လို့ အမည်ပေးထားတဲ့ bronzer နဲ့ highlighter တို့ပါဝင်ပြီး ဒီနာမည်တွေက သူမဖြတ်သန်းလာတဲ့ အနုပညာခရီးလမ်းကအတွေ့အကြုံတွေကနေ ပေးထားတဲ့နာမည်တွေပါတဲ့။

ဒီအလှကုန်ပစ္စည်းတွေကို April 26ရက်နေ့မှာ စတင်ဖြန့်ချိမှာမို့ သူမရဲ့ Instagram ကနေ နောက်ဆုံးသတင်းတွေကို နားစွင့်ကြည့်ကြလို့ရသလို သူ့ရဲ့ jenniferlopezinglot.com ကနေလဲ register လုပ်ထားပြီး သတင်းရယူနိုင်ပါတယ်နော်။

 

 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password