K-beauty blogger Joan Kim ပြောပြတဲ့ skincare နဲ့ makeup ကွာခြားချက်များ

နာမည်ကျော် ကိုရီးယား – အမေရိကန် beauty blogger  Joan Kim ကို အလှအပစိတ်ဝင်စားတဲ့ ပျိုမေတိုင်း သတိထားမိမှာပါ။ အလှအပဆိုင်ရာ သုံးသပ်ချက်များ၊ ခရီးသွား၊ အားကစား၊ ဈေးဝယ်၊ k-pop လောကကနေ ရုပ်ရှင်လောက အထိ အောင်မြင်ကျော်ကြားသူ တစ်ဦးပါ။ သူမရဲ့ youtube မှာတော့ follow ပြုလုပ်ထားသူ လေးသိန်းကျော်ရှိပါတယ်။ Joan Kim ဟာ အမေရိကန်နိုင်ငံ Los Angeles မှာနေခဲ့ပြီး အခုချိန်မှာတော့ ဆိုးလ်မြို့မှာ နေထိုင်ပါတယ်။ သူမက အသားအရေထိန်းသိမ်းစောင့်ရှောက်နည်း၊ မိတ်ကပ်နဲ့ skin care ပစ္စည်းတွေကို ဝေဖန်သုံးသပ်သူတစ်ယောက်အဖြစ်နာမည်ကျော်ပါတယ်။ သူမကြိုက်နှစ်သက်တဲ့ အလှကုန်ပစ္စည်းတွေကိုလည်း မကြာခဏ ဝေမျှပေးလေ့ရှိပါတယ်။

Joan Kim က ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်ပါ။ ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင် ဖြစ်တာမို့ ဝက်ခြံနဲ့ တခြား အရေပြားပြဿနာတွေ မဖြစ်ရအောင် အသားရေဆိုင်ရာ အကြံပြုချက်လေးတွေနဲ့ လုပ်ရိုးလုပ်စဉ်လေးတွေကို မကြာခဏ ဝေမျှပေးပါတယ်။ အခုဖော်ပြပေးထားတာက Joan Kim ရဲ့ နာမည်ကျော် ဝေဖန်သုံးသပ်ချက်တွေပါ။

“အမေရိကန်ပြည်ထောင်စုမှာ နေထိုင်သူတွေက အသားအရေစောင့်ရှောက်မှု(skin care)တွေထက် မိတ်ကပ်ကို ပိုပြီးအလေးထားကြပါတယ်။ မိတ်ကပ်တွေက ဝက်ခြံတွေနဲ့ အသားအရေပြဿနာတွေကို မကာကွယ်ပေးပါဘူး။ ဝက်ခြံကို ပျောက်ကင်းအောင် ကုသဖို့ထက် ဖုံးအုပ်တာကိုပဲ အလေးထားတာကို တွေ့ရပါတယ်။ အချိန်ကြာလာတဲ့အခါမှာ အသားအရေပြဿနာတွေ ကြုံတွေ့ရနိုင်ပါတယ်။”

“Double cleanse ( အသားရေကို နက်ရှိုင်းဆုံးသန့်စင်ပေးခြင်း) ပြုလုပ်ပေးဖို့အရေးကြီးပါတယ်။ ဒီ Double cleanse ပြုလုပ်ပေးတာက မျက်နှာကို လုံးဝသန့်စင်သွားတာမို့ ဝက်ခြံထွက်တဲ့ အသားအရေပိုင်ရှင်တွေနဲ့ အရေပြားပြဿနာရှိသူတွေအတွက် အလွန်အရေးကြီးပါတယ်။”

“အဝေးကလှမ်းကြည့်လို့ အသားအရေခြောက်သွေ့တာကို မြင်နေရပြီဆိုရင် အစိုဓာတ်အမြန်ဖြည့်ဆည်းပေးဖို့ အရေးကြီးလိုအပ်ပါတယ်။”

“အမေရိကန်တွေက မျက်နှာအသားအရေကို မိတ်ကပ်နဲ့ဖုံးအုပ်ပြီး ကိုရီးယားမှာတော့ skincare ပစ္စည်းတွေနဲ့ သဘာဝအသားအရေ စောင့်ရှောက်မှုကို ရယူကြပါတယ်။ မိတ်ကပ်တွေကို ဖျက်တဲ့အခါ makeup remover အသုံးမပြုတာက စိုးရိမ်စရာကောင်းပြီး အသားအရေပြဿနာတွေ ကြုံတွေ့ရနိုင်ပါတယ်။”

“မိတ်ကပ်လိမ်းခြယ်တဲ့အခါ primer ကောင်းကောင်းအသုံးပြုဖို့လိုပါတယ်။ Cushion အသုံးပြုတဲ့အခါမှာလည်း အထူးကြီးမလိမ်းသင့်ပါဘူး။ မိတ်ကပ်ဖောင်ဒေးရှင်းကိုလည်း တစ်လွှာပဲအသုံးပြုပေးတာက အကောင်းဆုံးပါ။ ပေါင်ဒါသုံးတဲ့အခါမှာလည်း မျှမျှတတနဲ့   နူးနူးညံ့ညံ့အသုံးပြုတာက မျက်နှာကို လင်းနေစေပါတယ်။ မိတ်ကပ်လိမ်းတဲ့အခါ ကြည့်ကောင်းနေဖို့က အသားအရေကောင်းနေဖို့ လိုပါတယ်။”

“Moisturizer က အသားအရေရဲ့ အသက်ပါ”

“မိတ်ကပ်ပစ္စည်းနဲ့ skin care ပစ္စည်းတွေဝယ်တဲ့အခါ ပါဝင်တဲ့ ပစ္စည်းတွေကို စစ်ဆေးဖို့လိုပါတယ်။ ဒီလို ပါဝင်ပစ္စည်းတွေ စစ်ဆေးပေးတာက အသားအရေနဲ့ ဓာတ်တည့်ခြင်း ရှိမရှိ သိရှိနိုင်ပါတယ်။”

” Eye shadow အသုံးပြုတဲ့အခါ မိတ်ကပ်လိမ်းသလို ထူထူကြီးမလိမ်းမိဖို့ သတိပြုပါ။”

ပျိုမေတို့ရေ ဒါကတော့ နာမည်ကျော် k-beauty blogger Joan Kim ရဲ့ makeup နဲ့ skincare ပေါ်ဝေဖန်သုံးသပ်ချက်လေးတွေပါ။ ပျိုမေတို့လည်း အလှကုန်ပစ္စည်းနဲ့ ပတ်သက်ပြီး knowledge တွေရမယ်လို့ ထင်ပါတယ်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password