အရေးအကြောင်းနဲ့ အစက်အပြောက်တွေ အတွက် Kiehl’s Rosa Arctica Cream

ပျိုမေတို့ရေ နေ့စဉ် တွေ့ကြုံနေရတဲ့ ရာသီဥတု၊ မိတ်ကပ်၊ စိတ်ဖိစီးမှုနဲ့ အစားအသောက်တွေကြောင့် အရွယ်မတိုင်ခင် အရေးအကြောင်းဖြစ်တာတွေ၊ အမဲစက်နဲ့ အသားအရေပျက်စီးတာတွေ ကြုံတွေ့ရပါတယ်။ ဒီလိုအချိန်မှာ moisturizing cream ကို အသုံးပြုဖို့ လိုအပ်လာပါတယ်။ Skin Care ကောင်းကောင်း ရှာနေတဲ့ ပျိုမေတို့အတွက် လတ်တလော လူကြိုက်များနေတဲ့ moisturizing cream နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Kiehl’s Rosa Arctica Cream ကတော့ ဘယ်အသားအရေ အမျိုးအစားမဆို သင့်တော်ပါတယ်။ အယ်ကိုဟောနဲ့ အမွေးအနံ့တွေ မပါတာက Kiehl’s Rosa Arctica Cream ရဲ့ အားသာချက်တစ်ခုပါ။ လိမ်းလိုက်တဲ့အခါ အသားအရေကို အေးမြတဲ့ ခံစားချက်ရရှိစေပါတယ်။ အထူးသဖြင့် ပျက်စီးနေတဲ့ အသားအရေနဲ့ ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေအတွက် ကောင်းမွန်တဲ့ ထိရောက်မှုတွေ ချက်ချင်း ရရှိစေပါတယ်။ တခြား moisturizing cream တွေလို စီးကပ်ကပ်မဖြစ်ဘဲ အသားထဲ စိမ့်ဝင်သွားပြီး စိုစိုအိအိလေးဖြစ်လာစေပါတယ်။ လိမ်းထားပြီးတဲ့အခါမှာလည်း ပေါ့ပေါ့ပါးပါးလေးဖြစ်စေပါတယ်။ တစ်နေ့နှစ်ကြိမ် မနက်တစ်ခါ၊ ညနေတစ်ခါ အသုံးပြုလို့ရပါတယ်။


Kiehl’s Rosa Arctica Cream ကို အသက်အရွယ်မရွေးအသုံးပြုနိုင်ပါတယ်။ ရေဓါတ်ဖြည့်ဆည်းပေးတာကြောင့် အသားအရေခြောက်သွေ့သူတွေနဲ့ အရေးအကြောင်းဖြစ်ချင်တဲ့ ပျိုမေတွေ အသုံးပြုသင့်ပါတယ်။ ပုံမှန်လေး အသုံးပြုသွားမယ်ဆိုရင် အရေးအကြောင်းနဲ့ အစက်အပြောက်တွေ နည်းသွားနိုင်ပါတယ်။ အရေးအကြောင်းတွေနဲ့ ပတ်သက်ပြီး လေဆာပစ်တာ၊ ဆေးထိုးတာတွေ မပြုလုပ်ချင်ဘူးဆိုရင် Kiehl’s Rosa Arctica Cream ကို သုံးကြည့်ပေးပါ။ ညအိပ်တဲ့အခါ Kiehl’s Rosa Arctica Cream ကို လိမ်းထားမယ်ဆိုရင် မနက်ခင်း အိပ်ယာထချိန်မှာ နူးညံ့တဲ့ အသားအရေကို ရရှိစေပါတယ်။
Kiehl’s Rosa Arctica Cream ရဲ့ အားနည်းချက်ကတော့ ဈေးနှုန်းမြင့်မားတာပါ။ အရည်အသွေးကောင်းတာကို ကြိုက်နှစ်သက်တယ်ဆိုရင်တောင်မှ ရေရှည်နေ့စဉ်သုံးဖို့ အတွက် ဈေးနှုန်းမြင့်မားတာက အတားအဆီးတစ်ခု ဖြစ်နေပါတယ်။ ဈေးနှုန်းမြင့်မားတာကြောင့် ဝယ်ယူဖို့ အဆင်မပြေတာနဲ့ စမ်းသုံးကြည့်ချင်သူတွေအတွက် Sample ဗူးလေးတွေရှိပါတယ်။ ဒီ sample ဗူးလေးတွေကိုတော့ သက်သက်သာသာနဲ့ ဝယ်ယူနိုင်ပါတယ်။


ပျိုမေတို့ရေ ဒီ Kiehl’s Rosa Arctica Cream နဲ့ ပတ်သက်ပြီး နောက်ဆုံးပြောပြချင်တာက Sample ဗူးလေးတွေ သုံးကြည့်ပြီး အဆင်ပြေတယ်ဆိုမှ ဗူးကြီးဝယ်ဖို့ကိုအကြံပေးပါတယ်နော်။

Image Source: www.kiehls.com

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password