
ကဲ beauties တို့ကို Facial foam ရဲ့ အရေးပါတဲ့အကြောင်း ဝေမျှပေးမယ်နော်…..
Facial Foam ကို မြန်မာလို အခေါ်အဝေါ်အနေနဲ့ သုံးရင် မျက်နှာသစ် ဆပ်ပြာပေါ့။ beauties တို့ ကတော့ Facial Foam အကြောင်း ဘာထူးထူးခြားခြား ရှိလို့လဲမျက်နှာသစ် ဆပ်ပြာကိုပုံမှန်သုံးနေကြပဲလို့ ထင်မိကောင်း ထင်မိပါလိမ့်မယ်။ ဒါပေမယ့် သတိမမူမိဘဲ အမှားလေးတွေလုပ်မိနေတတ်ပါတယ်။ အမှားလေးတွေများလာတဲ့ အခါမှာတော့ မျက်နှာမှာ ဝက်ခြံ ၊ အဆီဖု ၊ အရေပြားတွန့်လာတာတွေကိုတွေ့ရပါလိမ့်မယ်။ ဒီတော့ အဲ့လိုမျိုး မဖြစ်ရလေအောင် ဝေမျှချင်ပါတယ်။
ပထမဆုံးအချက်အနေနဲ့ မျက်နှာသစ်ဆပ်ပြာ အရွေးမှန်ဖို့လိုအပ်ပါတယ်။ ဒီအချက်မှာတော့ ကိုယ့်အသားအရေက ဘယ်လို အမျိုးအစားထဲမှာပါလဲဆိုတာ သိထားဖို့တော့လိုပါတယ်။ဥပမာ အဆီပြန်တတ်တဲ့အသားအရေလား၊ အသားအရေခြောက်သွေ့တတ်သူလား၊ ဘာလိမ်းလိမ်း မတည့်ဖြစ်တတ်တဲ့သူတွေလားဆိုတာသတိထား သင့်ပါတယ်။ Brand ကောင်းလို့ အနံ့လေး ကြိုက်လို့ထက် ကိုယ့်အသားအရေအတွက် ကိုက်ညီမယ့် product ကိုပဲဝယ်သင့်ပါတယ်။ အဆီပြန်တတ်တဲ့ သူတွေအတွက် အက်ဆစ်ဓါတ်ပါဝင်တဲ့ Facial Foam က အဆင်ပြေကောင်းပြေနိုင်ပေမယ့် အသားအရေသွေ့ခြောက်တဲ့သူတွေအတွက်က အဆင်မပြေနိုင်ပါဘူး။ အထူးသဖြင့် sensitive ဖြစ်တဲ့သူတွေအတွက် အနံ့မပါတဲ့ sensitive skin အတွက်သီးသန့်ထုတ်ထားတဲ့ product များကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။ 👀👀ကိုယ်တိုက်ဆပ်ပြာနဲ့ နူးညံ့တဲ့မျက်နှာကို မသစ်မိဖို့လည်း သတိပေးချင်ပါတယ်။ 👀👀
ဒုတိယအချက်အနေနဲ့ ဆပ်ပြာကို မျက်နှာနဲ့တိုက်ရိုက်ထိတွေ့စေခြင်းမျိုးမလုပ်မိပါစေနဲ့။ လက်ဖဝါးပေါ်မှာ အရင် ပွတ်ပေးပြီး အမြုပ်များဖြစ်လာမှသာ စက်ဝိုင်းပတ်လိုမျိုးပွတ်ပြီး ညင်သာစွာဆေးကြောပေးသင့်ပါတယ်။ စက်ဝိုင်းပတ်လိုမျိုး ဆေးကြောပေးတာဟာ ချွေးပေါက်အထဲမှာရှိတဲ့ အညစ်အကြေးတွေကိုလည်း ထိရောက်စွာ သန့်ရှင်းပေးနိုင်ပါတယ်။ မျက်နှာနဲ့ဆပ်ပြာကို တိုက်ရိုက်ထိတွေ့မှုအကြိမ်ရေများခြင်း၊ ကြမ်းတမ်းစွာ ပွတ်ဆွဲခြင်းတို့ ကြောင့် အရွယ်မတိုင်မှီ အိုမင်းရင့်ရော်ခြင်းကိုဖြစ်ပေါ်စေနိုင်တယ် ဆိုတာ သတိပြုသင့်ပါတယ်။
တတိယအချက်အနေနဲ့ make up လိမ်းပြီးတိုင်း Make up remover နဲ့ Facial Foam သုံးပေးဖို့ မမေ့ပါနဲ့။ Cleansing လုပ်ဖို့ မေ့လျော့တဲ့အတွက်ကြောင့် မျက်နှာပေါ်မှာ မလိုအပ်ပဲ အဆီဖု ထွက်လာခြင်း၊ ဝက်ခြံများထွက်လာခြင်း၊ ဆားဝက်ခြံများ ထွက်လာခြင်း ၊ အရွယ်မတိုင်မှီအိုမင်းရင့်ရော်လာခြင်း တို့ကို ဖြစ်စေနိုင်တဲ့အတွက်ကြောင့်ပါပဲ။
ဒီအချက်သုံးချက်ကိုပဲ ကောင်းကောင်းလိုက်နာနိုင်ပြီဆိုရင် beauties တို့ရဲ့ အသားအရည် က ကြည်လင်ပြီး ပြစ်ချက်ကင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်နိုင်ကြမှာပါပဲ။ ကဲ beauties တို့ ကြည်လင်ပြီး နူးညံ့တဲ့အသားအရည်လေးပိုင်ဆိုင်နိုင်ပါစေနော်……
Image source : www.webcrawlar.com