ဆံပင်အရောင်ပြောင်းလိုက်ပြန်တဲ့ Kylie

သမီးလေး Stormi ရဲ့ မေမေ အသက်၂၀အရွယ်သန်းကြွယ်သူဌေးမလေးဖြစ်တဲ့ Kylie ဟာမနေ့ကပဲ instagram မှာ ဆံပင်အရောင်ပြောင်းထားကြောင်း show off လုပ်တဲ့ အနေနဲ့ ပုံအသစ်တင်လိုက်ပြန်ပါတယ်။

i think i was meant to be blonde 😏

A post shared by Kylie (@kyliejenner) on

ကိုယ်ပိုင် cosmetic line ပိုင်သလို မော်ဒယ်လ်လဲလုပ် reality star လဲဖြစ်တာကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်လုပ်ချင်တာလုပ်နေရတဲ့ သူတို့ကိုကြည့်ရတာ သာယာသလိုလိုပဲနော်။ Stormi လေးမမွေးခင်ချိန်ထိ သူ့ရဲ့ ပင်ကိုယ်ဆံပင်အနက်ရောင်နဲ့နေခဲ့တဲ့ Kylie တစ်ယောက် ကလေးမွေးပြီး နှစ်လလောက်မှာ သူသိပ်ကြိုက်တဲ့ ရွှေအိုရောင်လေးပြန်ဆိုးလိုက်တာပါ။ အက်မင့်မျက်လုံးထဲမှာတော့ အနက်လေးနဲ့လည်းတစ်မျိုးကြည့်ကောင်းသလို ရွှေအိုရောင်လေးနဲ့လဲလိုက်နေတာပါပဲ။ သူကတော့ ရွှေအိုရောင်မှရွှေအိုရောင်ပါတဲ့လေ။

အသက်ငယ်သေးလို့ သူ့ကိုရူးရူးမိုက်မိုက်ပုံစံတွေနဲ့ ကလေးကိုလဲဂရုမှစိုက်တတ်ပါ့မလားလို့ထင်ခဲ့မိတာ ခုလိုကျတော့လဲ မဆိုးပါဘူးလို့အမှတ်ပေးမိပါတယ်။ ကိုယ်ဝန်ဆောင်စဉ်ဆံပင်မဆိုးရတာတွေဘာတွေတော့သိတတ်ရှာပေသကိုး 😆

သူ့အရင်ဘဲ Tyga ကတော့ သမီးလေးဟာ သူ့ကလေးဖြစ်ပါတယ်ဆိုတဲ့သတင်းတွေကို ငြင်းဆိုထားခဲ့ပြီး ဘယ်သူဘယ်ဝါရယ်လို့ နာမည်မတပ်ပေမယ့် သူ့အနေနဲ့အဲ့ဒီသတင်းတွေနဲ့လားလားမျှမသက်ဆိုင်ကြောင်း ဘယ်သူ့ကလေးမှသူ့ကလေးပါလို့မပြောခဲ့ဖူးတာမို့ သတင်းအမှားတွေဆက်မဖြန့်ကြဖို့ ပြောထားခဲ့ပါတယ်။

လက်ရှိ Kylie ရဲ့ချစ်သူ Travis ကတော့ ၂လပိုင်းမှာ ဖျော်ဖြေပွဲတစ်ခုကို cancel လုပ်ခဲ့ပြီး ကြိုယူထားတဲ့ပိုက်ဆံတွေပြန်မပေးတာကြောင့် တရားစွဲခံထားရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး Travis ရော Kylie ရော ဘာမှရှင်းလင်းချက်ပေးမထားသေးပါဘူး။

Kylie ကတော့ Travis ကိုချစ်ပုံရပြီး သူ့အစ်မ Kim နဲ့တောင် Travis ရဲ့ တက်တူးနဲ့ပတ်သက်လို့ စကားများလိုက်ကြပါသေးတယ်တဲ့။ နာမည်ကြီးတွေဆိုတော့လဲ ဘာလုပ်လိုက်လုပ်လိုက် သတင်းဖြစ်နေတော့တာပါပဲနော်………အက်မင်ကတော့ ကောင်းသည်ဆိုးသည်ဆိုတာတွေထက် လုပ်စားတတ်တာလေးကိုပဲအားကျမိပါတော့တယ်ကွယ်😁😁

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password