၂၁ နှစ်ပြည့်မွေးနေ့မှာ ကားလက်ဆောင်ထပ်ရပြန်တဲ့ Kylie Jenner

ကဲ မီယမ်မာနိုင်ငံမှ အမျိုးကောင်းသားတို့ရေ ကိုယ့်ချစ်ချစ်လေးရဲ့ ၂၁ နှစ်ပြည့် မွေးနေ့မှာ ဘာဝယ်ပေးမှာတုန်း Ferrari လား Lamborghini လား?

ဒီမှာတော့ ဖေဖေကြီး Travis က သူ့ရဲ့ အိမ်သူသက်ထားလေး Kylie ရဲ့ ၂၁ နှစ်ပြည့် မွေးနေ့ကို Vintage Rolls Royce နဲ့ ဂုဏ်ပြုလိုက်ပြန်ပါပြီ။ Old School ဆိုပေမယ့် အထင်တော့ မသေးလိုက်ပါနဲ့။ ကာလတန်ကြေး £19,000 ကနေ £234,000 ထိရှိတယ်လို့ သိရပါတယ်။ ဒါကလည်း ခန့်မှန်းချေပဲရှိပါသေးတယ်။ ဒီထက်ပိုများရင်လည်း များနိုင်ပါတယ်။ မကြာသေးခင်ကလည်း $1.4 million တန်ကြေးရှိတဲ့ Limited Edition Ferrari အမဲလေးတစ်စီးကိုလည်း လက်ဆောင်အဖြစ်ပေးခဲ့ပါသေးတယ်။ ဒါကိုကြည့်ချင်းအားဖြင့် Travis တစ်ယောက် Kylie အပေါ်မှာ တော်တော်လေးပုံအောထားတာကို တွေ့နိုင်ပါတယ် အယ်လယ့် 😜 ချစ်တာကိုနော်။ Social Media တွေပေါ်မှာ အနုအရွတွေ သိပ်မလုပ်တတ်တဲ့ Rapper ကြီး Travis ကို အက်မင်ကတော့ ဒင်း Kylie ကိုချစ်ရောချစ်ရဲ့လားလို့တောင် အထင်လွဲမိပါသေးတယ်။ အခုတော့ အပြောနဲ့ မဟုတ်အလုပ်နဲ့ သက်သေပြလိုက်ပါပြီ။

 

 

View this post on Instagram

 

a blessed birthday ✨ so grateful..

A post shared by Kylie (@kyliejenner) on

 

 

 

View this post on Instagram

 

“your uber’s outside”

A post shared by Kylie (@kyliejenner) on

ချစ်စရာ သမီးလေး Stormi ရယ် အထာကျကျ ဇနီးလေးရယ် အောင်မြင်နေတဲ့ အဆိုတော်ဘဝရယ်ကို ပိုင်ဆိုင်ထားတဲ့ Travis ကိုတော့ တော်တော် ကံကောင်းသူကြီးလို့ အက်မင်ကတော့ မြင်မိပါတယ်။ လက်ချိုးမရေနိုင်တဲ့ ပြိုင်ကားတွေကို ပိုင်ဆိုင်ထားတဲ့ Kylie ကိုလည်း အက်မင်တော်တော်လေး အားကျပါတယ် 😫 Kylie ဟာ သူမရဲ့ မွေးနေ့မှာ Rolls Royce တင်မက နာမည်ကြီး Clothing Brand တစ်ခုဖြစ်တဲ့ Pretty Little Thing ဆီမှလဲ Customized Three Wheeler Bike ပန်းရောင်လေးတစ်စီးကိုလဲ ရခဲ့ပါသေးတယ်။ Boohoo Clothing က အမိုက်စား Table Tennis Table, မေမေ Kris Jenner က Goyard Truck, နောက်ထပ် တစ်ကြိမ် Travis ဆီမှ LV Case အမျိုးမျိုးနဲ့ မရိုးရအောင် Branded Presents တွေကို ရရှိခဲ့ပါတယ်။ အားကျစရာကြီးနော် ဟီး။ သူမရဲ့ မွေးနေ့ Party ကိုလည်း နာမည်ကြီး Celebrity တွေဖြစ်တဲ့ Cara Delevingne, Kendall Jenner, Kim Kardishian, Khloe Kardishian, Kourtney Kardishian, Jordyn Woods, French Montana, Bella Hadid, Harry Hudson, Jaden Smith တို့နဲ့ အတူ ပျော်ပျော်ကြီး ဆင်နွှဲခဲ့ပါသေးတယ်။ သူမရဲ့ Birthday အမှတ်တရအနေနဲ့ Kylie Cosmetics မှာလည်း Birthday Collection ဆိုပြီး ထုတ်ခဲ့ပါတယ်။ ဒါကိုတော့ Cosmetic Myanmar မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်နော်။

 

 

 

View this post on Instagram

 

BIRTHDAY COLLECTION live now on KylieCosmetics.com 🥂

A post shared by Kylie (@kyliejenner) on

 

View this post on Instagram

 

can’t believe we are a day away from the summer collection launch!!!!! 3pm TOMORROW only on KylieCosmetics.com 💕

A post shared by Kylie (@kyliejenner) on

ဒါ့အပြင် ဘာလုပ်လုပ် တင့်တယ်နေတဲ့ Kylie တစ်ယောက် တစ်ချက်ခုတ် သုံးချက်ပြတ်အနေနဲ့ Stormi Collection ဆိုပြီး ချစ်စရာ Barbie ရုပ်လေးတွေကိုလည်း ချပြခဲ့ပါသေးတယ်။ ဈေးကွက်ထဲ ရောက်မရောက်ကတော့ စောင့်ကြည့်ရဦးမှာပါ 😄 မကြာခင်မှာ ကမ္ဘာအသက် အသက်အငယ်ဆုံး ဘီလီယံနာ စာရင်းဝင်တော့မယ့် Kylie ကို သူမရဲ့ Fan တွေကလည်း မြန်မြန်ဘီလီယံနာဖြစ်ရေး ဒို့အရေးအနေနဲ့ ပိုက်ဆံတွေ ဝိုင်းလှူနေတယ်လို့လည်း သိရပါတယ်။ ဝါသနာပါရင် အလှူပြုလို့ရတယ်နော် 😜 အက်မင်ကတော့ ဝါသနာမပါဘူး 😂 ဒီလောက်ဆိုရင်တော့ Kylie ကောင်းမှု အကြောင်းပြု အဲလေ Kylie Birthday အကြောင်း တစ်စေ့တစ်စောင်းကို ဖောက်သည်ချလို့ ပြီးပြီဆိုတော့ တော်သေးပြီ။ ကဲ အခုချိန်ကစပြီး အမျိုးသမီးထုကြီးရဲ့ လက်ဆောင်ဓားမြတိုက်ပွဲကြီး အဲလေ လက်ဆောင်လေးတွေ စတင်ပြီး ပူစာလို့ ရပါပြီလို့…..

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password