Single eyeshadow လေးတွေကို ထပ်ထုတ်လိုက်ပြန်တဲ့ Kylie Cosmetics

မခိုင်လီကတော့ အသည်းတွေကို ကြွေဆင်းအောင်လုပ်နေတာလား? ပိုက်ဆံတွေအကြာကြီး မနေအောင် ကြံစည်နေတာလားတော့မပြောတတ်တော့ပါဘူး။ ဘာလို့လဲဆိုတော့ အသစ်အသစ်သော ပစ္စည်းတွေကို ခဏခဏထုတ်နေလို့ပါ။ အခုလည်း        တကယ့်ကိုအကြွေဆင်ကြီးတစ်ခုကို ထုတ်ပေးလိုက်တာပါ။ Single Eyeshadow လေးတွေပါ။ ချစ်စရာကောင်းလွန်းတဲ့ အသွင်နဲ့ eyeshadow လေးတွေတစ်ခုချင်းစီကို သေသပ်လှပစွာထွက်ရှိလာတော့ စိတ်မဝင်စားဘဲနေနိုင်မယ်တဲ့လား? မင်မင်ကတော့သွားစပ်စုလိုက်ဉီးမယ်နော်။ ပြီးရင်အချစ်တို့ကိုဖောက်သည်ပြန်ချပေးမယ်နော်။

Kylie ချစ်သူတွေကတော့ ကြွေပြီးရင်းကြွေနေတော့မှာပဲနော်။ အခုထွက်လာတာလေးတွေကတော့ eyeshadow တစ်ကွက်ချင်းလေးတွေဖြစ်တဲ့အပြင် ကိုယ်ပိုင် palette ကိုပါစိတ်ကြိုက်ရွေးချယ်လို့ရပါပြီ။ Empty palette ကိုလည်းထုတ်ထားပါသေးတယ်။ ကိုယ်ကြိုက်တဲ့အရောင်လေးတွေကို customized လုပ်ပြီးဝယ်လို့ရမယ် စိတ်ကြိုက်ခြယ်သလို့ရမယ် ဘာလိုသေးလဲ?

အရောင်လေးတွေကို ချပြပေးလိုက်တော့မယ်နော်။

  

ကာလာလေးတွေက warm tone လေးတွေ cool tone လေးတွေ အစုံပါတဲ့အပြင်ကြိုက်တဲ့အရောင်ကိုရွေးချယ်လို့ရတယ်ဆိုတော့ ကြိုက်ပြီလေ။ အဝါရောင်လေးတွေ, glitter လေးတွေကတော့ အဆွဲဆောင်နိုင်ဆုံးပဲ။ KYLIE palette with 28 eyeshadows လို့ပြောထားတဲ့ အရောင်လေးတွေကို သဘောတွေ့ရဲ့လား အချစ်တို့?

 .         

ဒါကတော့ eyeshadow တွေထည့်လို့ရတဲ့ palette အလွတ်ပါ။ ကြိုက်တဲ့အရောင်တွေကို အဲ့ထဲလေးထည့် ကိုယ်ပိုင် palette လေးပေါ့။ စျေးနှုန်းကတော့ $24 နဲ့ရောင်းချထားပါတယ်။ ပန်းရောင်လေးဆိုတော့ ကောင်မလေးတွေအကြိုက်နဲ့ကွက်တိကျတဲ့အပြင် အပေါ်မှာ KYLIE ဆိုတာလေးကို ချစ်စရာကောင်းအောင်ရေးထိုးထားတာလေးက kylie fan တွေအတွက်တော့ ရူးခါစေလောက်ပါတယ်။

 . 

အရောင်လေးတွေက စိုပြီးတော့ တော်တော်လှပါတယ်။ Glitter လေးတွေကလည်းကြည့်လိုက်တာနဲ့ကိုတော်တော် အရောင်ထွက်မှန်းသိသာပါတယ်။ ISLAND GIRL အရောင်လေးဆို တော်ရုံ palette တွေမှာ မတွေ့နိုင်တဲ့ရှားတဲ့အရောင်လေးပါ။

 . 

Packaging က ဘာပြောလဲ? တစ်ကယ်ကိုအဆင့်အတန်းမြင့်ပြီးတော့ ချစ်စရာလည်းကောင်းပါတယ်။ လက်ဆောင်တွေဘာတွေပေးမယ်ဆိုရင်လည်း တစ်ခုတည်းနဲ့ ခရီးတော်တော်ရောက်ပါတယ်နော်။

ကဲ လာပြီနော် စျေးနှုန်းလေးကတော့ eyeshadow  တစ်ကွက်ကို $7 ( မြန်မာငွေ တစ်သောင်းစွန်းစွန်းလေးပေါ့) နဲ့ဝယ်ယူနိုင်ပါပြီနော်။ ဒီလိုမျိုးထုတ်လိုက်တာကို မင်မင်ကကြိုက်တယ်။ အရင်ကဆို palette ကြီးတစ်ခုလုံးဝယ်လိုက်ပေမယ့် အရောင်တွေအကုန်လုံးက ခြယ်ချင်မှခြယ်တာလေ။ အခုလိုဆိုတော့ အလေအလွင့်လည်း မဖြစ်တော့ဘူးပေါ့။ မိုက်ချက်ပဲ။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password