
အရမ်းတိတ်ဆိတ်နေခဲ့တဲ့ Kylie Jenner ရဲ့သတင်းကတော့ သမီးလေးမွေးဖွားပြီး နောက်မှာပြန်လည်အသက်ဝင်လာခဲ့ပါတယ်။ သူမရဲ့ social media အကောင့်တွေမှာလည်း ဖေဖော်ဝါရီ ၂၈ရက်နေ့မှာ ထုတ်လုပ်မယ့် Kylie cosmetic အတွက် ပစ္စည်းတွေကို ဒီရက်ပိုင်းမှာဘဲ မိတ်ဆက်ပေးလိုက်ပါတယ်။ ဒီတခါထုတ်လုပ်မယ့် Collection အသစ်ကတော့ သမီးလေး Stormi ရဲ့ နာမည်ကို inspired ယူထားတာပြီး The Weather Collection လို့အမည်ရပါတယ်။
အသက် ၂၀ ရှိပြီး New mother ဖြစ်တဲ့ Kylie Jenner ကို အမေရိကန်လူမျိုးတို့ရဲ့ ယဉ်ကျေးမှုအတိုင်း Stormi’s Daddy Travis Scott က လက်ဆောင်အနေဖြင့် အစီး ၅၀၀ သာ ထုတ်လုပ်တဲ့ Ferrari ကားအနက်ရောင်ကိုပေးခဲ့ပြီး ကားရဲ့တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ $1.4million (£1m) တန်ဖိုးရှိပါတယ်။
Kylie အတွက် ကားလက်ဆောင်ရတာ ဒါနဲ့ဆို ၃ကြိမ်တိတိရှိခဲ့ပါပြီ။ ပထမအကြိမ်ကတော့ သူမရဲ့ ၁၈နှစ်ပြည့်မွေးနေ့မှာ ex-boyfriend ဖြစ်တဲ့ Tyga ဆီက Ferrari အဖြူတစ်စီးလက်ဆောင်ရခဲ့ပြီး ၁၉နှစ်ပြည့်မွေးနေ့မှာလည်း Tyga ဆီကဘဲ Maybach Mercedes ကို birthday present အဖြစ်နောက်တစ်စီးထပ်မံလက်ဆောင်ရခဲ့တာဖြစ်ပါတယ်။ Maybach Mercedes ရဲ့တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ $200k (£143k) တန်ဖိုးရှိပါတယ်။ သူမအတွက် ဒီအဖြစ်တွေကိုလည်း သတိရနေမှာ ဧကန်မလွဲပါဘဲ။