ဧပြီလ ၁၀ရက်နေ့ မှာ ထွက်ရှိမယ့် KYLIE ရဲ့ New LipKit များ

Lipstick တွေနဲ့ နာမည်ကြီးလာခဲ့သော Kylie Jenner ရဲ့ ကိုယ်ပိုင် brand တစ်ခုဖြစ်တဲ့ KYLIE cosmestic ကတော့ New Lipstick ၄မျိုး ထွက်ရှိဖို့အတွက် ရက်အတိကျကို ကြေငြာလိုက်ပါတယ်။ ဒီတစ်ခါ ထွက်ရှိလာမယ့် နှုတ်ခမ်းနီအရောင်လေးတွေကတော့ crazy color ဆန်းဆန်းလေးတွေဖြစ်ပြီး အရင်ထွက်ရှိဘူးတဲ့ အရောင်တွေနဲ့ ကွဲပြားနေတာကို တွေ့ရမှာပါ။ 

Packaging ကတော့ အရင်ပုံစံအတိုင်းဘဲ မြင်တွေ့ရမှာဖြစ်ပါတယ်။ အရောင်တွေအနေနဲ့ Velvet, IRONIC Matte, BOSS Matte နဲ့ BARE Velvet ဆိုတဲ့ နာမည်တွေပေးထားပြီး အသားရောင်၊ စစ်စိမ်းရောင်၊ အနီရောင်နဲ့ ပန်းဆီရောင် အရောင်တောက်တောက်လေးတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ Nude color ကတော့ Kylie ရဲ့ နှုတ်ခမ်းနီတွေမှာ မြင်တွေ့နေကျ ဖြစ်ပေမယ့် နောက်ထပ် ၃ရောင်ကတော့ လူငယ်မိန်းကလေးအများစု ကြိုက်နှစ်သက်နိုင်တဲ့ အရောင်တွေဖြစ်ပါတယ်။ ဒါဆို အရောင်လေးတွေကို ကြည့်လိုက်ရအောင်နော်။

3 NEW SHADES #APRIL10

A post shared by Kylie Cosmetics (@kyliecosmetics) on

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password