ရွှန်းပြီးစိုနေတဲ့ နှုတ်ခမ်းပိုင်ရှင်ဖြစ်စေဖို့ Laneige Tin Tint Balm

Laneige လို့ကြားလိုက်တာနဲ့ two tone lipbar လေးတွေ mask တွေနဲ့နာမည်ကြီးပြီးသား brand ဆိုတာအားလုံးသိပြီးသားဖြစ်မှာပါ။ အခုမိတ်ဆက်ပေးမယ့် Tin Tint Balm လေးကလည်း အရမ်းကိုမိုက်တဲ့ item လေးဖြစ်တာကြောင့် မိတ်ဆက်ပေးချင်ပါတယ်။

နာမည်လေးအတိုင်းပါပဲ၊ ဒီ Tin Tint Balm လေးက lip tint လေးတွေလို အရောင်ရွှန်းရွှန်းတောက်တောက်လေးတွေဖြစ်ပြီး lipbalm လေးတွေရဲ့ အာနိသင်အတိုင်း နှုတ်ခမ်းသားကိုနူးညံ့စေတာမို့ တစ်ချက်ခုတ်နှစ်ချက်ပြတ်ပါပဲ။ Moisture ပမာဏ ၂၀% တောင်ပါဝင်တာမို့ ရေဓါတ်ကိုကြာရှည်ထိန်းပေးပြီး Laneige ရဲ့နာမည်ကြီး Lip Sleeping Mask ရဲ့နည်းပညာလိုမျိုးနဲ့ထုတ်ထားတာကြောင့် သဘာဝအတိုင်း နူးညံ့စိုပြေတဲ့နှုတ်ခမ်းသားလေးကို ရရှိစေနိုင်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် berry သီးမျိုးစုံကနေပြုလုပ်ထားတာဖြစ်လို့လည်း vitamin C ပါဝင်တာကြောင့် နှုတ်ခမ်းခြောက်တာ၊ နှုတ်ခမ်းအရေခွံလန်တာကအစ သက်သာစေတော့ ခုလိုဆောင်းအဝင်နဲ့တော့ လုံးဝအံကိုက်ပါနော်။

Laneige ရဲ့ Tint တွေမှာသုံးတဲ့ dual tinting နည်းပညာကိုသုံးထားလို့လည်း အရောင်ထွက်ကတော့ လုံးဝအမိုက်စားပါ။ ပန်းရောင်နုနုလေးကနေ ခရမ်းရောင်ရင့်ရင့်လိုမျိူးအထိ အရောင် ရှစ်ရောင်တောင်ရှိတာမို့လို့ ခပ်မိုက်မိုက် design ကြိုက်တဲ့ပျိုတွေအတွက်ရော ချစ်စရာကောင်းတဲ့ natural look မှကြိုက်တဲ့ပျိုတွေအတွက်ပါသဘောကျစရာကောင်းနေမှာသေချာပါတယ်။

ဒီ Tin Tint Balm လေးတွေကို laneige ရဲ့ website ကနေဖြစ်ဖြစ် online shop လေးတွေကနေဖြစ်ဖြစ်ဝယ်ယူနိုင်ပြီး အခုချိန်ဆို ၅၀% တောင်ဈေးလျှော့နေလို့ အမြန်သတင်းပေးလိုက်ရပါတယ်နော်။

Image Source: www.laneige.com

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password