Neon Color Vibe ကြိုက်တဲ့ ပျိုတို့ကိုရင်ခုန်စေမယ့် Laneige ရဲ့ Wild At Heart Holiday Collection

Christmas နဲ့ New Year နီးလာတာနဲ့အမျှ Holiday Collection အသစ်တွေကလည်းအပြိုင်ကိုထွက်လာတော့တာပါပဲ။ Laneige ကလည်း အခု holiday collection ဆိုပြီး Wild At Heart ဆိုတဲ့ neon-vibe collection အလန်းလေးတစ်ခုကို ပရိသတ်တွေဆီပို့ပေးလိုက်ပြန်တာကြောင့် Laneige ချစ်သူ ပျိုတို့အတွက်ဖော်ပြပေးချင်ပါတယ်။

ဒီ Wild At Heart Holiday Collection လေးကို အခုရောက်လာတော့မယ့် holiday season မှာ neon-vibe color လေးတွေနဲ့အလန်းဆုံးဖြစ်နေစေအောင် ဖန်တီးထားတာလို့တွေ့ရပါတယ်။ ဘာလို့လဲဆိုတော့ ဒီ collection လေးမှာပါတဲ့ item တွေက Cushion, Palette နဲ့ Lipstick ဆိုတော့ holiday look အတွက်ဒီသုံးမျိုးနဲ့တင် အကုန်ပြည့်စုံနေပြီတာပါ။ Packaging ကိုလည်း ခရမ်းရောင်နဲ့ပန်းရောင် neon vibe အပြည့်နဲ့လုပ်ထားတာကြောင့် ဘူးလေးနဲ့တင်ဝယ်ချင်စရာကောင်းနေတာပြန်ပါတယ်။

ဒီ Wild At Heart collection မှာပါတဲ့ item တစ်ခုချင်းကိုမိတ်ဆတ်ပေးရရင်တော့ Layering Cover Cushion လေးက concealer ရော foundation cushion ပါတစ်ခါထဲပါတာကြောင့် perfect layering look လို့နာမည်ပေးထားတာဖြစ်ပြီး concealer shade 3 မျိုးနဲ့ foundation shade 3 မျိုးရှိတာပါတဲ့။

Lipstick လေးကိုတော့ Stained Glasstick လို့နာမည်ပေးထားပြီး Neon Pink နဲ့ Neon Orange ဆိုပြီးနှစ်မျိုးရှိပါတယ်။

Eye and Face Palette လေးကတော့ eyeshadow အရောင် ၆ရောင်၊ ပါးနီနဲ့ highlighter တို့ပါဝင်ပါတယ်။ Glitter လေးတွေနဲ့အရမ်းကိုလှတာကြောင့် daily look အတွက်ရော nightout တွေအတွက်ပါ ကွက်တိကျနေမှာအသေအချာပါပဲ။

အခုဖော်ပြပေးလိုက်တဲ့ Wild At Heart collection item တွေအားလုံးက holiday limited edition တွေဖြစ်တာကြောင့် သဘောကျတဲ့ပျိူတွေအနေနဲ့ အခုပဲ online/offline laneige store တွေကနေအပြေးဝယ်လိုက်ဖို့လက်တို့လိုက်ပါတယ်။

references : www.laneige.com

image source : www.laneige.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password