ဆွဲဆောင်မှုအပြည့်နဲ့ Lime Crime ရဲ့ Metallic နှုတ်ခမ်းနီလှလှလေးများ

Metallic နှုတ်ခမ်းနီကောင်းကောင်းလေး အသုံးပြုချင်တယ်ဆိုရင်တော့ အရည်သွေးကောင်းပြီး နှုတ်ခမ်းသားကို မပျက်စီးစေနိုင်သော ပစ္စည်းဖြစ်ဖို့ အရေးကြီးပါတယ်။ နောက်တစ်ခုကတော့ တာရှည်ခံပြီး အရောင်ထွက်အားကောင်းဖို့လည်း လိုအပ်ပါတယ်။ အခုနောက်ပိုင်းတော့ Metallic တွေကို ညဘက် Night Out တဲ့အခါမျိုးတွေနဲ့ Festival သွားတဲ့ညမျိုးတွေမှာ အသုံးများလာကြပါတယ်။ Metallic နှုတ်ခမ်းနီတွေဟာ များသောအားဖြင့် Matte type တွေ ထွက်တာများပါတယ်။ Matte type တွေကသာလျှင် တာရှည်ခံမှာပါ။

   

အခုလည်း Metallic Lipstick ကောင်းကောင်းလေးအကြောင်းပြောပြချင်ပါတယ်။ ဒါလေးကတော့ Lime Crime ကထွက်တဲ့ BUNDLES ဆိုတဲ့ Lipstick လေးတွေပဲ ဖြစ်ပါတယ်။ Diamond Crushers ဆိုတဲ့အတိုင်း စိန်လေးတွေလိုပြောင်လက်တောက်ပပြီး ညဘက်ဆိုးရင်တော့ သူများနဲ့မတူနိုင်ဘဲ ထူးခြားနေမှာဖြစ်ပါတယ်။ သူ့ကိုသီးသန့်နာမည်လေးပေးထားတာကတော့ california love bundle လို့ခေါ်ပါတယ်။ အရောင် ၅ရောင် ထွက်ရှိထားပြီး L.A., SUMMER, UNICORN, HEIRLOOM, GEMINI ဆိုပြီး နာမည်အသီးသီးပေးထားပါတယ်။  Liquid type အမျိုးအစားဖြစ်ပါတယ်။ Animal testing free ဖြစ်တဲ့အတွက် နှုတ်ခမ်းသားကိုလည်း မပျက်စီးစေပါဘူး။

 

 

 

အသုံးပြုပုံကတော့ သာမန်နှုတ်ခမ်းနီတွေဆိုးသလို ဆိုးပေးလို့ရပါတယ်။  နှုတ်ခမ်းနီဆိုတဲ့အခါ အပေါ်နှုတ်ခမ်းရဲ့ အလယ် Ceter point ကနေစပြီး ဆိုးပေးရမှာပါ။ နောက်ဆုံးမှာ အောက်နှုတ်ခမ်းကို မိမိလိုသလို စိတ်ကြိုက် နှုတ်ခမ်းကိုချဲ့ဆိုးတာမျိုးတွေ ချုံ့ဆိုးတာမျိုးတွေ လုပ်လို့ရပါတယ်။ သူများနဲမတူဘဲ တမူထူးခြားစွာ ပေါ်လွင်ချင်တယ်ဆိုရင်တော့ Lime Crime ရဲ့ Matellic နှုတ်ခမ်းနီလေးတွေကို ရွေးချယ်ဖို့သတိရလိုက်ပါနော်။

 

Image Source : https://www.limecrime.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password