မင်္ဂလာဧည့်ခံပွဲတွေနဲ့ အလိုက်ဖက်ဆုံး နှုတ်ခမ်းနီများ

သီတင်းကျွတ်ကာလ ရောက်လာပြီဆိုတော့ ပျိုမေတို့ဆီ မင်္ဂလာဖိတ်စာတွေ တစ်စောင်ပြီးတစ်စောင် ရောက်လာပြီပေါ့နော်။ မင်္ဂလာဖိတ်စာတွေ ရောက်လာပြီဆိုရင် ပထမဆုံး စဉ်းစားရတာက သွားသင့်မသွားသင့်ပါ။ မဖြစ်မနေ သွားရမယ့်မင်္ဂလာပွဲတွေရှိလာပြီဆိုရင် အဝတ်အစားနဲ့ မိတ်ကပ်တို့ကို ထပ်ပြီး စဉ်းစားရပါပြီ။ မိတ်ကပ်လိမ်းတာက မခက်ပါဘူး။ ပျိုမေတို့လည်း နေ့စဉ်နေ့တိုင်း ရုံးသွား၊ ကျောင်းသွား လိမ်းနေတာပဲလေ။ မိတ်ကပ်ကောင်းကောင်းတွေ ဘယ်လောက်ပဲ သုံးနေပါစေ၊ နှုတ်ခမ်းနီ မကောင်းဘူးဆိုရင် အဆင်ပြေမှာ မဟုတ်ပါဘူးနော်။ ဒီလိုပွဲတွေမှာ အရည်အသွေးကောင်းတဲ့ နှုတ်ခမ်းနီကို ရွေးချယ်သင့်ပါတယ်။ မင်္ဂလာပွဲမှာ စားကောင်းသောက်ဖွယ်ကျွေးတဲ့အခါ စားသုံးနေရင်း နှုတ်ခမ်းနီ ပျက်သွားတာ၊ ရေခွက်ပေါ်မှာ နှုတ်ခမ်းနီရာတွေထင်တာနဲ့ တစ်ရှူးနဲ့ သုတ်လိုက်တဲ့အခါ ပျက်သွားတာတွေက ပျိုမေတို့ကို စိတ်အနှောက်အယှက် ဖြစ်စေပါတယ်။ ဒါကြောင့် မင်္ဂလာဧည့်ခံပွဲ သွားမယ့် ပျိုမေတို့ကို အရည်အသွေးကောင်းတဲ့ နှုတ်ခမ်းနီတွေနဲ့ မိတ်ဆက်ပေးပါရစေ။

CHANEL

  

Chanel နှုတ်ခမ်းနီဆိုလို့ လန့်မသွားပါနဲ့နော်။ နှုတ်ခမ်းနီက မိတ်ကပ်တွေလိုမျိုး ဈေးမကြီးပါဘူး။ ဒီနှုတ်ခမ်းနီရဲ့ အားသာချက်က နှစ်ဖက်ပါတာပါ။ Gloss က တစ်ဖက် ရိုးရိုးက တစ်ဖက် နှစ်ဖက်ပါဝင်တာကြောင့် ကြိုက်နှစ်သက်ရာကို ရွေးချယ်ဆိုးနိုင်ပါတယ်။ ကြာရှည်ခံပြီး အစားအသောက်စားတဲ့အခါ ပျက်သွားခြင်းနဲ့ ဖန်ခွက်တွေမှာ ထင်ကျန်နေတာမျိုး မရှိတာက နောက်ထပ် အားသာချက်တစ်ခုပါ။

Tarte

 

Tarte ကိုတော့ ပျိုမေတော်တော်များများ သတိထားမိမှာပါ။ အခုနောက်ပိုင်း လူကြိုက်များလာတဲ့ တံဆိပ်တစ်ခုပါ။ ကာလာရင့်ရင့် မကြိုက်တဲ့ ပျိုမေတွေအတွက်တော့ tarte က အဆင်ပြေဆုံး ဖြစ်လာမှာပါ။ နှုတ်ခမ်းနီအရောင် မိန်သွားခြင်းမရှိတာက သူရဲ့ အားသာချက်တစ်ခုပါ။ Beauty Blogger တော်တော်များများရဲ့ ထောက်ခံချက်တွေလည်း ရရှိထားတဲ့ နှုတ်ခမ်းနီပါ။

MAC

MAC နှုတ်ခမ်းနီကတော့ ပျိုမေတို့ရင်းနှီးတဲ့ နှုတ်ခမ်းနီတစ်ခုပါ။ နာမည်နဲ့ လိုက်အောင် အရည်အသွေးလည်း ကောင်းမွန်ပါတယ်။ ကြာရှည်ခံပြီး စွန်းထင်းတာတွေ မဖြစ်တာကြောင့် မင်္ဂလာပွဲတက်မယ့် ပျိုမေလေးတွေ ဆောင်ထားသင့်ပါတယ်။

Bobbi Brown

  

အရည်အသွေးမြင့်တဲ့ Brand တွေ ကြိုက်နှစ်သက်တဲ့ ပျိုမေတွေ ရွေးချယ်သင့်ပါတယ်။ ကြိုက်နှစ်သက်တဲ့ အရောင်ကိုရွေးချယ်နိုင်ပြီး နူးညံ့တဲ့ အထိတွေ့ကို ပေးစွမ်းနိုင်ပါတယ်။ ခဲတံပုံစံဖြစ်တာကြောင့်လည်း နှုတ်ခမ်းနဲ့ ထိတွေ့လိုက်တဲ့အခါ ခံစားမှုတစ်မျိုးကို ပေးစွမ်းနိုင်မှာပါ။

L’Oreal

 

မင်္ဂလာပွဲဧည့်ခံပွဲတွေအတွက် နှုတ်ခမ်းနီကို တကူးတက မဝယ်ချင်ဘူးဆိုရင် ပျိုမေတို့ဆီမှာ ရှိတဲ့ နှုတ်ခမ်းနီ တစ်ခုနဲ့ မိတ်ဆက်ပေးမယ်နော်။ အဲဒါကတော့ ပျိုမေတို့ အချစ်တော် L’Oreal နှုတ်ခမ်းနီပါ။ ဈေးနှုန်းသင့်တင့်ပြီး အရည်အသွေးကောင်းတာကြောင့် မင်္ဂလာဧည့်ခံပွဲတက်ရောက်မယ့် ပျိုမေတွေ မရှိမဖြစ် ဝယ်ထားသင့်တယ်နော်။
ပျိုမေတို့ရေ မင်္ဂလာဧည့်ခံပွဲတွေ သွားတော့မယ်ဆိုရင် အဝတ်အစား၊ မိတ်ကပ်နဲ့ လိုက်ဖက်ညီတဲ့ နှုတ်ခမ်းနီအရောင်ကို ရွေးချယ်ပေးဖို့ ပြောပြပေးလိုက်ပါတယ်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password