ဆံပင်အရောင်ဆန်းတွေကိုခဏလေးနဲ့ဆိုးလို့ရစေမယ့် L’oreal ရဲ့ 1_Day Hair Spray

ဆံပင်ဆိုတာကလူတစ်ယောက်အတွက် ဒုတိယမျက်နှာတစ်ခုပါ။ ဆံပင်စတိုင်လ်လေးမိုက်နေရင်ကို တော်ရုံလောက်ဝတ်စားထားလည်းအဆင်ပြေနေပါပြီနော်။ ပြီးတော့ဆံပင်အရောင်လေးကလည်း စကားပြောသေးတယ်။ တစ်ချို့ဆို ဆံပင်အရောင်လေးက လှသွားတော့မိတ်ကပ်တောင်လိမ်းစရာမလိုဘူး မျက်နှာလေးကဝင်းလို့ဟိဟိ။ ဆံပင်ဆိုးတဲ့နေရာမှာလည်း ကာလာကိုအရောင်ငြိမ်လေးတွေဆိုးတဲ့သူလည်းရှိသလို နှစ်ရောင်စပ်လောက်ကိုကြိုက်နှစ်သက်တဲ့သူလည်းရှိပါတယ်။ နောက်တစ်မျိုးကတော့ ဆံပင်အရောင်ကိုသက်တန့်လိုအရောင်မျိုးစုံဆိုးချင်ကြတာပါ။ ဆိုးချင်တာကတော့ တစ်ပါတ်ကို ၂ ခါလောက်အရောင်ပြောင်းချင်နေတာပါ။ ဆိုးဖူးတဲ့လူတွေဆိုပိုဆိုးပါတယ်။ ဆိုးပြီးရင်းဆိုးချင်နေတော့တာပါ။ ဆံပင်အရောင်ဆိုးတာကတော့ ဆံသားတွေပျက်စီးစေတယ်ဆိုတာ အထူးတလည်ပြောပြနေစရာတော့လိုမယ်မထင်တော့ပါဘူးနော်။ ဒါပေမယ့် အခုမင်မင်ပြောပြမယ့် ဆံပင်ဆိုးဆေးလေးကတော့ ဆံသားတွေကိုမပျက်စီးစေပဲနဲ့ အရောင်မျိုးစုံကိုတစ်ထိုင်တည်းစိတ်ကြိုက်ဆိုးလို့ရမှာပါနော်။

မိုက်လှချည်လား မင်မင်ရယ်ဘာလေးလဲပြောပြတော့လေ။ ကဲ ပြောပြပေးလိုက်ပြီနော်။ သူလေးကတော့ L’oreal Paris ရဲ့ 1-Day Color Spray လေးပါ။ Spray ဆိုတဲ့အတိုင်း ဆံသားတွေကိုဖြန်းပေးရမှာပါ။ နာမည်လေးကိုက 1-Day Spray ဆိုတော့ ဖြန်းပြီးသွားတာနဲ့ တစ်ရက်ပဲခံမှာပါနော်။ ဆိုင်တွေမှာလို အချိန်တွေအများကြီးပေးစရာမလိုပဲနဲ့ ခဏလေးအတွင်းမှာပဲ ကိုယ်ကြိုက်တဲ့အရောင်ကိုဆိုးနိုင်ပြီလေ။ ဘာလိုသေးလဲ?

 

ရွေးချယ်စရာအရောင်ကတော့ 10 ရောင်ရှိပြီးတော့

Rose gold (ရွှေအိုရောင်)

Blue (အပြာရောင်)

 

Gold (ရွှေရောင်)

Hot pink (ပန်းရောင်ရင့်)

Pastel blue(အပြာဖျော့ရောင်)

Pastel lavender (ခရမ်းဖျော့ရောင်)

Pastel mint (အစိမ်းဖျော့ရောင်)

Pastel pink (ပန်းဖျော့ရောင်)

Purple (ခရမ်းရောင်)

 

Silver (ငွေရောင်) ဆိုပြီး ခွဲထားပါတယ်နော်။

အသုံးပြုပုံလေးကတော့-

အဆင့်(၁) – ကိုယ်ကြိုက်တဲ့အရောင်ကိုရွေးပါ။ ဒါကတော့အရေးကြီးဆုံးပါ။ နှစ်ရောင်စပ်မယ်ဆိုရင်လည်းလိုက်ဖက်လောက်လားဆိုတာကိုသေချာကြည့်ပါ။

အဆင့်(၂)-  ပုဝါလေးတစ်ခုတင်ထားပါ။ အရောင်တွေအဝတ်အစားတွေပေါ် မပေသွားအောင်ပါ။

အဆင့် (၃)- shake shake shake! မသုံးခင်လှုပ်ပေးပါ။ အရောင်တွေက တစ်ပြေးတည်းဖြစ်နေမှအဆင်ပြေတာပါနော်။ လှလဲလှတာမို့ပါ။

အဆင့် (၄)- ဆံပင်ကနေ မှန်းခြေ ၆ လက်မ ခပ်လှမ်းလှမ်းကနေ ဖြန်းပေးပါ။

အဆင့် (၅)- အရောင်တွေခြောက်သွားအောင်ခဏလောက်စောင့်ပေးလိုက်ပါ။

သတိထားရမှာကတော့ အရောင်တွေကို တစ်နေရာတည်းမှာမဖြန်းဖို့ပါ။ Spray တွေအရမ်းမများသွားအောင်လည်း သတိထားပေးပါနော်။ တကယ်လို့ဆိုးလိုက်တဲ့အရောင်က အရမ်း မှိန်နေတယ်ထင်ရင်ခြောက်သွားတဲ့အခါ နောက်တစ်ကြိမ်ထပ်ဖြန်းပေးလို့ရပါတယ်နော်။  အရောင်စုံဖြန်းချင်တယ်ဆိုရင်တော့ ဆံပင်တစ်လွှာချင်းစီကိုဖြန်းပေးလိုက်ရင်တော့တကယ့်ကို သက်တန့်ရောင်ဆံနွယ်လေးတွေကို ခဏလေးနဲ့ပိုင်ဆိုင်ရမှာပါနော်။

စျေးနှုန်းကတော့ spray တစ်ဘူးကို $9.99 ဆိုတော့ မြန်မာငွေနဲ့တွက်ကြည့်ရင် တစ်သောင်းခွဲလောက်တော့ရှိနိုင်ပါတယ်နော်။ ဆံနွယ်လေးတွေကို မပျက်စီးစေပဲ ခဏလေးနဲ့လှနိုင်ပြီဆိုတော့ ဘာလိုသေးလဲ အချစ်တို့ရေ။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password