သဘာဝသစ်သီးနဲ့ ဖော်စပ်ထုတ်လုပ်ထားတဲ့ Loreal ရဲ့ Purify & Unclog Kiwi Scrub

Cosmetic တွေ ခဏခဏမိတ်ဆက်ပေးနေရတာ ရိုးနေပြီဆိုတော့ ဒီတခါ Skin care ပစ္စည်းလေးတွေဘက်ကို သွားမယ်နော်။ အခုနောက်ပိုင်း မိတ်ကပ်ပြင်တဲ့အခါ  cosmetic ပစ္စည်းကောင်းကောင်းတွေ သုံးနေရုံနဲ့ မပြီးသေးပါဘူး။ လှပပြီး စွဲမက်ဖွယ်ကောင်းတဲ့ make up look ကို ရရှိနိုင်ဖို့နဲ့ ကြည်ကြည်လေး Glow ဖြစ်နေဖို့အတွက်  အသားရေလေးတွေ ကောင်းနေဖို့ လိုအပ်ပါတယ်နော်။ ဒါဆို Skin care ပိုင်းက ဘယ်လောက်တောင် အရေးပါသလဲဆိုတာ နားလည်မယ်ထင်ပါတယ်။

ဒါပေမဲ့ အမြဲတမ်း ဆိုင်သွားဖို့ဆိုတာလည်း လူတိုင်းမဖြစ်နိုင်ပါဘူး။ ဒါကြောင့်  မအားလို့ အချိန်မရှိလို့ဘဲဖြစ်ဖြစ် မျက်နှာလေးတွေကို အမြဲတမ်းဆိုင်မှာ Scrub သွားမလုပ်ဖြစ်တဲ့ ပျိုမေတွေအတွက် Loreal ကနေထုတ်လုပ်ထားတဲ့ ပစ္စည်းကောင်းလေးတစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Loreal လို့ပြောလိုက်တာနဲ့ Brand image ကို ရှင်းပြစရာလိုမယ်မထင်ပါဘူးနော်။ ထုံးစံအတိုင်း ပစ္စည်းကောင်းဖြစ်ပြီး စျေးနှုန်းချိုသာမယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။

  

သဘာဝအသီးနှံလေးတွေဖြစ်တဲ့ Kiwi သီးနဲ့ Sugar ကို အဓိက ပေါင်းစပ်ထုတ်လုပ်ထားတဲ့ Purify & Unclog Kiwi Scrub လေးဟာဆိုရင် Sugar နဲ့ Kiwi သီးအစေ့လေးတွေကြောင့် မျက်နှာအသားရေအတွင်းပိုင်းထဲထိ  ပျော်ဝင်သွားပြီး သုံးပြီးပြီးချင်းမှာတင် မျက်နှာအသားရေ လင်းလက်လာတာကို ချက်ချင်းသိသာစေမှာ ဖြစ်ပါတယ်။ နောက်တခုက ဝက်ခြံထွက်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။ မျက်နှာအပေါက်လေးတွေမှာရှိတဲ့ အညစ်ကြေးတွေကို သေသေချာချာလေး ဖယ်ရှားသန့်စင်ပေးတဲ့အတွက် တစ်ပတ်အတွင်း ပေါ့ပါးတဲ့ baby skin type လေးကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ပြီးရင်တော့ မိန်းကလေးတိုင်းပိုင်ဆိုင်ချင်တဲ့ Glow skin type ကို ယုံကြည်မှုရှိရှိနဲ့ ပိုင်ဆိုင်နိုင်ပြီပေါ့နော်။

 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password