အိုမင်းရင့်ရော်မှုကို Loreal Revitalift နဲ့ ဟန့်တားကြမယ်……

အားလုံးပဲမင်္ဂလာပါရှင့်။ ဒီနေ့မှာတော့ အသားအရေကို ဝင်းကြည်စေပြီး အိုမင်းရင့်ရော်မှုကို ပြန်လည်ကုစားပေးဖို့ရန်အတွက် Loreal Revitalift လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒီ Serum မှာ အသားအရေဝင်းပမှုကို အလျှင်အမြန် ပြန်လည်ထိန်းသိမ်းပေးနိုင်တဲ့ Highly Potent 10% Pure Vitamin C ပါဝင်ပါတယ်။ Vitamin C ဟာ Antioxidant ကြွယ်ဝစွာပါဝင်ပြီး အသားအရောင်ကြည်လင်ဖို့ရန်အတွက် အားပေးသလို အသားအရေ အိုမင်းရင့်ရော်မှုကိုလည်း ဟန့်တားပေးနိုင်စွမ်းရှိပါတယ်။ ဒါပေမဲ့ ရေ၊ လေ၊ အလင်းရောင် တမျိုးမျိုးနဲ့ထိတွေ့မိတဲ့အခါမျိုးမှာ သူ့ရဲ့ စွမ်းရည်တွေ လျော့နည်းသွားတတ်ပါတယ်။ ဒီ Product မှာ ရေကို ထည့်သွင်း မဖော်စပ်ထားတဲ့အပြင် Packaging ဟာဆိုရင် လေ နဲ့ အလင်းရောင်ကို ကာကွယ်ဖို့ရန်အတွက် Metal Tube အမျိုးအစားကို အသုံးပြုထားတဲ့အတွက်ကြောင့် အလင်းရောင် မထိတွေ့နိုင်တဲ့အပြင် အောက်စီဂျင်ဝင်နိုင်နှုန်းကိုလည်း လျော့ချပေးပါတယ်။ အနံ့နဲ့ Paraben မပါဝင်တာကြောင့် Sensitive Skin လည်း အသုံးပြုနိုင်ပါတယ်။ စေးကပ်ကပ်လည်းမဖြစ်တာကြောင့် အသုံးပြုသူတွေ နှစ်သက်စေမှာ အမှန်ပါပဲ။

မနက်တကြိမ်၊ ညတကြိမ် အသုံးပြုနိုင်ပြီး မျက်ဝန်းတဝိုက်အသုံးပြုခြင်းကိုရှောင်ကာ လက်ချောင်းထိပ်လေးတွေ အသုံးပြုပြီး မျက်နှာနဲ့ လည်ပင်းတဝိုက်ကို လိမ်းပေးရပါမယ်။ Moisturizer အသုံးမပြုခင် အသုံးပြုခြင်းအားဖြင့် အသားအရေအတွက်လိုအပ်တဲ့ အစိုဓာတ်ကို 99.99% အထိ စုပ်ယူထားပေးနိုင်ပါတယ်။ ဈေးနှုန်းအားဖြင့် $30 ကျသင့်ပြီး UK CollectioN မှာ ချိတ်ဆက်မှာယူရရှိနိုင်ပါတယ်။

 

Image Source: www.lorealparisusa.com

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password